backup og meta

ကာကွယ်ဆေးထိုးပြီးတဲ့အခါ ကလေးကို ဘယ်လိုဂရုစိုက်မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 13/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကာကွယ်ဆေးထိုးပြီးတဲ့အခါ ကလေးကို ဘယ်လိုဂရုစိုက်မလဲ

    ကလေးတွေကို ကောင်းကောင်းမွန်မွန်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ အတွက် မိဘတွေ အရေးတကြီး လုပ်ရမယ့် အထဲမှာ ကာကွယ်ဆေး ထိုးတာလည်း ပါဝင်ပါတယ်။ ကူးစက်ရောဂါတွေ နဲ့ ပြင်းထန် ဆိုးရွားတဲ့ ရောဂါတွေကို ကာကွယ်နိုင်ဖို့ အတွက် ကာကွယ်ဆေးတွေကို မဖြစ်မနေ ထိုးရပါတယ်။ ကာကွယ်ဆေး ထိုးပြီးတဲ့အခါ ကလေးမှာရော အဖေအမေတွေမှာပါ ဖိအားလေးတွေတော့ရှိပါတယ်။ ဒီတော့ ကလေးကို ကာကွယ်ဆေးထိုးပြီးတဲ့အခါ ကလေးကို ဘယ်လိုဂရုစိုက်မလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။

    ကာကွယ်ဆေးထိုးတာကြောင့် ကလေးမှာဘာတွေဖြစ်နိုင်လဲ

    ကာကွယ်ဆေးထိုးပေးတာက ကလေးကို ပြင်းထန်ဆိုးရွားတဲ့ ရောဂါတွေမဖြစ်လာအောင် ကာကွယ်တာဆိုပေမယ့် အန္တရာယ်မရှိတဲ့ အသေးစားထိခိုက်မှုလေးတွေရှိနိုင်ပါတယ်။ အသေးစားထိခိုက်မှုလေးတွေက –

  • ကာကွယ်ဆေးထိုးထားတဲ့နေရာတစ်ဝိုက် နီမြန်းရောင်ရမ်းတာ
  • ကာကွယ်ဆေးထိုးပြီးနောက် အဖျားတက်တာမျိုးပါ။
  • ဒီလက္ခဏာတွေက ရက်အနည်းငယ်ကြာရင် သက်သာသွားနိုင်ပါတယ်။ ကာကွယ်ဆေးထိုးတာကြောင့်ဖြစ်လာတဲ့ အဖျားက ကလေးတွေအတွက် အန္တရာယ်မရှိပါဘူး။ အန္တရာယ်မရှိပေမယ့် အဖျားဖြစ်နေတဲ့အခါ ကလေးက မအီမသာခံစားရတာမျိုးတော့ရှိနိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ မိဘတွေအနေနဲ့ စိတ်ပူပြီး ဘာလုပ်ပေးရမှန်းမသိတာမျိုးဖြစ်နိုင်ပါတယ်။

    ကာကွယ်ဆေးထိုးပြီးတဲ့အခါ ကလေးကို ဘယ်လိုဂရုစိုက်မလဲ

    ကာကွယ်ဆေးထိုးပြီးတဲ့အခါ ကလေးကို ဘယ်လိုဂရုစိုက်မလဲ ဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။ ကလေးက ကာကွယ်ဆေးထိုးပြီးတဲ့အခါ ကလေးကနာလို့ငိုတာ၊ အနာရှိန်နဲ့ဖျားတာမျိုးအထိဖြစ်နိုင်ပါတယ်။ ကလေးက ဖျားပြီဆိုရင် အီနေတတ်ပြီး ငိုယိုနေတာဆိုတော့ အဖေအမေနဲ့ဆွေမျိုးတွေမှာ သနားစိတ်နဲ့ စိတ်မချမ်းမသာ ဖြစ်ရတာပေါ့။

    ဘယ်လောက်ဆို ကလေးကဖျားနေပြီလို့ဆိုနိုင်လဲ

    ကလေးရဲ့ ကိုယ်အပူချိန်က ၃၇.၅ ဒီဂရီ စင်တီဂရိတ် အထက် ဆိုရင် ကလေးက ဖျားနေပြီလို့ ဆိုလို့ ရပါတယ်။ အသက် အပိုင်းအခြားအလိုက် ပြောပြရမယ် ဆိုရင်တော့

  • ကလေးက ၃ လ အောက် ဖြစ်ပြီး ခန္ဓာကိုယ် အပူချိန်က ၃၈ ဒီဂရီ စင်တီဂရိတ် ( ၁၀၁ ဒီဂရီ ဖာရင်ဟိုက်) (သို့မဟုတ်) ၁၀၁ ဒီဂရီ ဖာရင်ဟိုက် အထက် ဖြစ်နေမယ်
  • ကလေးက ၃ လ ကနေ ၆ လ ကြား အရွယ် ဖြစ်ပြီး အပူချိန်က ၃၉ ဒီဂရီ စင်တီဂရိတ် ( ၁၀၂ ဒီဂရီ ဖာရင်ဟိုက်) (သို့မဟုတ်) ၁၀၂ ဒီဂရီ ဖာရင်ဟိုက် နဲ့ အထက် ဖြစ်နေမယ် ဆိုရင်တော့ ကလေးက ဖျားနေပြီလို့ ပြောလို့ ရပါတယ်။ ကလေးတွေက ဖျားတဲ့ အခါ မအီမသာ ဖြစ်ပြီး ဂျီကျတာ၊ မှိန်းနေတာမျိုးတွေလည်း ရှိနိုင်ပါတယ်။
  • ကာကွယ်ဆေး ထိုးတာကတော့ မဖြစ်မနေ လုပ်ရမယ့် ကိစ္စပါ။ ဒါပေမယ့် ဆေးထိုး အပြီး ကလေး ဖျားတာ၊ ထိုးထားတဲ့ နေရာ နီရဲပြီး ရောင်နေတာ၊ အီပြီး ငိုနေတာတွေ အတွက် သက်သာအောင် ပြုစုပေးလို့ ရပါတယ်။

    ကလေးကို ကာကွယ်ဆေးထိုးပြီးစမှာ

    • ကလေးကို ကာကွယ်ဆေး ထိုးပြီးတဲ့အခါ သက်တောင့်သက်သာလေး ထားပေးပါ။
    • ကလေးကို ချိုသာတဲ့ အသံလေးနဲ့ ချော့မြူ ပြောဆိုပါ။
    • ကလေးကို လက်ထဲမှာ ချီပြီး ထွေးပိုက် ချော့မြူပေးပါ။
    • ကလေးကို နို့တိုက်တာနို့ဘူး တိုက်တာမျိုး လုပ်ပေးပါ။
    • ကလေး ဆေးထိုးထားတဲ့နေရာကိုရေခဲကပ်ပေးပါ။

    ဒီလိုတွေလုပ်ပေးပေမယ့် ကလေးက အနာရှိန်မသက်သာဘဲ ဖျားနာလာမယ်ဆိုရင် ကလေးကို အဖျားပျောက်ဆေး တစ်ခုခု တိုက်ပေးလို့ရပါတယ်။ ကလေးကငယ်သေးတယ်ဆိုရင်ဆေးရည်မှ အဆင်ပြေနိုင်ပါလိမ့်မယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 13/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement