backup og meta

၃၂ ပတ်သားကလေး


Dr. Su Sandy မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ၃၂ ပတ်သားကလေး

    ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြုအမူ

    ကျွန်ုပ်၏ကလေးသည် မည်သို့ဖွံ့ဖြိုးလာသင့်ပါသလဲ။

    သူမ၏ စိတ်ခံစားမှုသည် ပိုပြီးရှင်းလင်းလာပါသည်။ နောက်လာမည့် လများတွင် သင့်ကလေးသည် နှစ်သက်ခြင်း၊ သူများငိုလျှင် လိုက်ငိုခြင်းကဲ့သို့သော စိတ်ခံစားမှုများ အမူအရာများကို အတုခိုးတတ်လာပါလိမ့်မည်။ ရှေ့ဆက်၍ သင့်ကလေးသည် သင် အခြားသူများကို မည်သို့ဆက်ဆံသည်ကို သူမြင်သည့်အတိုင်း သင်ယူပါလိမ့်မည်။

    ၇လ၏ နောက်ဆုံးပတ်တွင် သင့်ကလေးသည်

    • ထိုင်ရာမှ ထရပ်နိုင်သည်။
    • ဝမ်းလျားမှောက်နေရာမှ ထထိုင်နိုင်သည်။
    • လက်ခုပ်တီးတတ်ပြီး လက်ကိုဝှေ့ရမ်းနှုတ်ဆက်တတ်သည်။
    • ပစ္စည်းများကို လက်ဖြင့် ကောက်ယူတတ်သည်။
    • အိမ်နှင့် အနီးတဝိုက်ကို စူးစမ်းတတ်သည်။
    • မေမေ၊ ဖေဖေ ခေါ်တတ်ပြီဖြစ်သည်။

    ကလေးကို မည်သို့ ကူညီသင့်ပါသလဲ။

    သင့်ကလေးသည် အခြားအခန်းတွင် သီးခြားအိပ်လျှင် သင်နှင့်ခွဲရမည်ကို စိုးရိမ်စိတ်ရှိလျှင် အိပ်ရာမဝင်ခင် သင့်ကလေးကို စာဖတ်ပြခြင်း၊ ပုခက်လွှဲပေးခြင်း၊ သီချင်းဖွင့်ပြခြင်းများလုပ်ပေးပြီး သူ့အနားတွင် အချိန်ပိုနေပေးပါ။ အိပ်ရာမဝင်ခင် ပုံမှန်လုပ်တတ်သောအရာများကို လုပ်ပေးခြင်းဖြင့် သင့်ကလေးကို စောစောအိပ်ရန် စိတ်လုံခြုံမှုရှိစေပါသည်။

    သင်အခြားနေရာများတွင် လုပ်စရာရှိသည်များကို လုပ်နိုင်တော့မည် ဆိုလျှင် သင့်ကလေး၏ အခန်းထဲရှိလုပ်စရာများကို သူအိပ်နေတုန်းပြီးအောင် လုပ်ထားပါ။ အရေးကြီးသည်မှာ သင့်ကလေးကို အိပ်ခန်းသည် ကောင်းကြောင်းပြောပြထားပါ။

    ကျန်းမာရေးနှင့် လုံခြုံဘေးကင်းမှု

    ဆရာဝန်နှင့် မည်သည်တို့ကို တိုင်ပင်ဆွေးနွေးသင့်ပါသနည်း။

    ယခုလတွင် ဆရာဝန်များသည် ကျန်းမာရေးစစ်ဆေးရန် စီစဉ်မည်မဟုတ်ပေ။ ကောင်းသောအချက်မှာ သင့်ကလေးတွင် ဆိုးရွားသော ကျန်းမာရေးအခြေအနေမရှိခြင်းနှင့် မကောင်းသောအချက်မှာ သင့်ကလေး၏ တိုးတက်မှုများကို သင် သတိမထားမိဖြစ်စေသည်။ နောက်တစ်ကြိမ်တွေ့လျှင်မေးရန် မေးခွန်းများကို ကြိုတင်ပြင်ဆင်ထားပါ။ သင့်တွင် စိတ်ပူစရာများရှိနေလျှင် နောက်တစ်ခေါက်တွေ့သည်အထိ စောင့်ဆိုင်းရန်မလိုဘဲ သင့်ဆရာဝန်ကို တွေ့ဆုံဆွေးနွေးနိုင်ပါသည်။

    ကျွန်ုပ်ဘာတွေ သိထားသင့်ပါသလဲ။

    အောက်ပါတို့သည် သင်သိထားသင့်သော အကြောင်းအရာတစ်ချို့ဖြစ်ပါသည်။

    • ဝမ်းပျက်ဝမ်းလျှောခြင်း

    သင့်ကလေးသည် ပုံမှန်ထက်ပိုပြီး ဝမ်းသွားသည့်အကြိမ်ရေများလျှင်၊ အရည်များသွားလျှင် သင့်ကလေးတွင် ဝမ်းလျှောနေကြောင်းသိနိုင်သည်။ ကလေး၏ ဝမ်းသည် အဝါရောင်၊ အစိမ်းရောင်၊ အမဲရောင် ရှိနိုင်ပြီး ပုံမှန်ထက်ပို၍ အနံ့နံနိုင်ပါသည်။

    • အဖြစ်များသည့် အကြောင်းရင်းမှာ-

    အစာအိမ်နှင့်အူလမ်းကြောင်းတွင် ပိုးဝင်ခြင်း၊ ကလေးတွင် ဓါတ်မတည့်သောရောဂါဖြစ်လျှင်၊ ကလေးကို ပိုးသတ်ဆေးများဖြင့် ကုသနေလျှင် ဖြစ်တတ်သည်။ အသီးများအစားများခြင်းနှင့် အသီးဖျော်ရည်များ များများသောက်ခြင်းသည်လည်း ဝမ်းပျက်ခြင်းကို ဖြစ်စေနိုင်သည်။

    သင့်ကလေးတွင် ဝမ်းလျှောလျင် အောက်ပါတို့ကို လုပ်နိုင်ပါသည်။

    • သင့်ကလေးတွင် ရေဓါတ်ခန်းခြောက်ခြင်း၊ အန်ခြင်း၊ အစားမစားခြင်း၊ရေမသောက်ခြင်း၊ဝမ်းထဲတွင် သွေးပါခြင်း၊ ကလေးဗိုက်ဖောင်းလာခြင်း၊ကလေးတွင် အဖျားရှိခြင်း ။ အထက်ပါအချက်များရှိလျှင် ဆရာဝန်ကို အကြောင်းကြားပါ။ ထို့အပြင် ကလေး ဆီးသွားနည်းလျှင်၊ ဆီးအရောင်ရင့်လျှင်၊ မျက်တွင်းချိုင့်နေလျှင်၊ ပါးစပ်ခြောက်လျှင်၊ ငိုသည့်အခါ မျက်ရည်မထွက်လျှင် ၊ နုံးခွေနေလျှင်၊ ထိုအရာများသည် ရေဓါတ်ခန်းခြောက်သည့် လက္ခဏာများဖြစ်သောကြောင့် ဆရာဝန်ပြရန်လိုအပ်ပါသည်။
    • သင့်ကလေးကို ရေဓါတ်ဆုံးရှံုးမှုမဖြစ်စေရန် ရေများများသောက်ခိုင်းပါ။ သို့သော် အသီးဖျော်ရည်များ၊သကြားရည်များမသောက်ရပါ။ ရေ၊ နို့ နှင့် နို့မှုန့်သည် သောက်ရန်ကောင်းသည့်အရာများဖြစ်သည်။ သင့်ကလေးကို ဓါတ်ဆားရည်လည်း တိုက်နိုင်ပါသည်။
    • သင့်ကလေးကို သက်တောင့်သက်သာဖြစ်အောင်ထားပါ။ သင့်ကလေးကို ခြောက်သွေ့အောင်ထားပါ။ သေးခံဘောင်းဘီဝတ်သည့်နေရာတွင် ခရင်မ်လိမ်းပေးနိုင်ပါသည်။
    • အကြောင်းရင်းကို ရှာပါ။ သင့်ကလေးတွင် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော လက္ခဏာများတွေ့၊ မတွေ့၊ သင့်ကလေးကို အစားအစာတစ်ခုခု ကျွေးမိသည် ရှိ၊မရှိ၊ သင့်ကလေး လက်ရှိ သောက်နေသော ပိုးသတ်ဆေးများ ရှိ၊ မရှိ စစ်ဆေးပါ။

    ဝမ်းလျောမှုကို ကာကွယ်ရန် သင်နှင့် သင့်ကလေး၏ လက်ကို သေချာမကြာခဏဆေးပါ။ အသီးများ၊ ဟင်းသီးဟင်းရွက်များကို လည်း စင်ကြယ်စွာဆေးကြောပါ။

    • သွားပြဿနာများ

    သင့်ကလေး၏ သွားများ နေရာမှား၍ထွက်တတ်သည်။ သို့သော် သွားဆရာဝန်ထံပြသရန် မလိုအပ်ပါ။ နို့စို့သည့် အခါ သွားပေါက်ခြင်းကို ထိခိုက်နိုင်သည်။ အရှေ့ဘက် အောက်သွားများတွင် အထူးသဖြင့် ထိခိုက်နိုင်ပြီး ပေါက်သည့်အခါ v ပုံသဏ္ဍာန်ပေါက်တတ်သည်။ အရှေ့ အပေါ်ဘက်သွားများသည် အောက်သွားများနှင့် ယှဉ်လျှင် ကြီးပြီး အောက်သွားများသည် အရင်ပေါက်တတ်သည်။ ထိုအရာများအတွက် သင်စိတ်ပူရန်မလိုပေ။

    အသက် ၂နှစ် ခွဲသို့ရောက်လျှင် သင့်ကလေးတွင် သွားအချောင်း ၂၀ ရှိလိမ့်မည်။ သွားများသည် ပုံစံမမှန်သေးသော်လည်း စိတ်မပူပါနှင့်။ သင့်ကလေး၏ ငယ်သွားများသည် သင့်ကလေးကြီးလာသည့်အခါ ဖြစ်မည့် သွားပုံစံများကို မထိခိုက်စေပါ။

    သင့်ကလေး၏ သွားများသည် မီးခိုးရောင်ဖြစ်နေလျှင် သံဓါတ်ကြောင့်ဖြစ်နိုင်ပါသည်။ သင့်ကလေးသည် ဗီတာမင်နှင့် သတ္ထုဓါတ်များသောက်သည့်အခါ သံဓါတ်ပါဝင်သောကြောင့် သွားကို အရောင်ပြောင်းစေပါသည်။ သင့်ကလေး ဆေးသောက်ရပ်သွားလျှင် အရောင်ပြန်ပျောက်သွားပါလိမ့်မည်။ သင့်ကလေးကို ဆေးသောက်သည့်အခါ သွားတိုက်ပေးရန် သို့မဟုတ် သွားကို ဂွမ်းနှင့် သန့်ရှင်းပေးရန်လိုပါသည်။

    သင့်ကလေးသည် ဖြည့်စွက်စာများကို အရည်အနေနှင့် မသောက်သော်လည်း အိပ်ခါနီးတွင် ဖျော်ရည်များသောက်တတ်လျှင် သွားပိုးစားနိုင်ပါသည်။ သွားပိုးစားခြင်းသည် မွေးရာပါ သွားပေါက်သည့်အခါ ထိခိုက်ခြင်းနှုင့် ထိခိုက်ဒဏ်ရာရခြင်းတို့ကြောင့်လည်း ဖြစ်နိုင်ပါသည်။ သင့်ကလေး၏ သွားအခြေအနေကို သိရှိနိုင်ရန် ဆရာဝန် သို့မဟုတ် သွားဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

    ကျွန်ုပ် ၏စိုးရိမ်ပူပန်မှု

    အောက်ပါတို့သည် သင်စိုးရိမ်ပူပန်နေသော အကြောင်းအရာများဖြစ်နိုင်ပါသည်။

    • နို့သီးခေါင်းကို ကိုက်ခြင်း

    ကလေးကို နို့တိုက်နေစဉ်တွင် သူ၏ လျှာသည် နို့နှင့် သွားကြားတွင် ရှိသည့်အတွက် ကိုက်မိရန်မလွယ်ပေ။ သင့်ကလေးကို နို့တိုက်ရင်း သူမတော်တဆ ကိုက်မိသည့်အခါ သင်အော်လိုက်မိခြင်း၊သင့်ရယ်မောမိခြင်းတို့ ဖြစ်သည့်အခါ ထိုသို့ဖြစ်ခြင်းကို မြင်ရရန် သင့်ကလေးသည် ကိုက်ခြင်းကို ထပ်ခါ ထပ်ခါ လုပ်တတ်ပါသည်။

    ထိုသို့ရယ်မောခြင်းဖြင့် သူအားတက်အောင် လုပ်မည့်အစား၊ထိုသို့ လုပ်ခြင်းသည် မကောင်းကြောင်း နို့ကို သူ့ပါးစပ်ထဲမှထုတ်လိုက်ပြီး သေချာရှင်းပြရမည်။ အကြိမ်အနည်းငယ် ကြုံပြီးလျှင် သူသိရှိသွားနိုင်ပြီးနောက်လုပ်တော့မည်မဟုတ်ပေ။

    သူမ၏ နို့စို့ခြင်းနှင့် နို့သီးခေါင်းကို ကိုက်တတ်သည့်အလေ့အထကို နောင်တွင် ပြဿနာမဖြစ်စေရန် တားဆီးဖို့လိုသည်။ ကလေးသည် သွားဆိုသည်မှာ ကိုက်တတ်သည့် အလေ့အထကို ပျောက်ရန် သွားကိုက်သည့် ကွင်းများ၊ စားစရာများဖြင့် အစားထိုးသင်ကြားနိုင်ပြီး သူကိုက်လို့ မဖြစ်သည့် အရာများလည်း ရှိကြောင်း သဘောပေါက်ရန်လိုပါသည်။

    ကလေး၏ မကောင်းသောအမူအကျင့်များသည်

    • ကလေး၏ ကျန်းမာရေးကို ထိခိုက်စေပါသည်။
    • ပျော်ရွှင်ရန်ဖန်တီးနိုင်စွမ်းကို ထိခိုက်စေနိုင်သည်။
    • ကလေး၏ လူမှုဆက်ဆံရေးကို ထိခိုက်စေနိုင်သည်။
    • ကလေး၏ ကိုယ်ရည်ကိုယ်သွေး တိုးတက်မှုကို မကောင်းသော သက်ရောက်မှုရှိနိုင်ပါသည်။
    • ကလေးတွင် သွားပျက်စီးမှုဖြစ်စေနိုင်ပါသည်။

    ထို့နောက် ၃၃ ပတ်တွင် ကလေးသည် မည်သို့ ဆက်လက်ကြီးထွားမည်နည်း။

    Hello ကျန်းမာရေးအဖွဲ့သည် ကျန်းမာရေးအကြံပြုချက်များ၊ ရောဂါအမည်တပ်ခြင်းများ နှင့် ကုသခြင်းများကို မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Su Sandy မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement