backup og meta

သင့်ကလေးသည် ဘယ်အချိန်မှာ လိင်ပြောင်းရန်လိုအပ်ပါသလဲ


Dr. K Zin Thwe မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ကလေးသည် ဘယ်အချိန်မှာ လိင်ပြောင်းရန်လိုအပ်ပါသလဲ

    သင့်ကလေးသည် ယောကျာ်း မိန်းမ ခွဲမရသော လိင်ဖြင့် မွေးဖွားလာပါက သူတို့ကို လိင်းပြောင်းရန်လိုအပ်ပါသည်။ ထိုသို့ပြောင်းလဲခြင်းကို လိင်ပြောင်းခြင်းဟုခေါ်ပါသည်။ ယင်းသည် ခွဲစိတ်မှုတစ်ခုမဟုတ်ပါ။ ထိုသို့ လိင်ပြောင်းရန် များစွာသော အဆင့်များကို ပြုလုပ်ရပါသည်။

    လူမှုဆက်ဆံရေးနယ်ပယ်တွင် ပြောင်းလဲမှုများဖြစ်ခြင်း

    လိင်ပြောင်းခြင်းသည် အပြောင်းခံရသူများသည် လောကကြီးတွင် ဖြစ်တည်မှု တမျိုးဖြစ်သွားစေပါသည်။ သင့်ကလေးသည် သူ့စိတ်ထဲတွင်ဖြစ်နေသော လိင်စိတ်အပေါ်မူတည်ပြီး အဝတ်အစားများကိုဝတ်ဆင်ခြင်း၊ ဆံပင်ပုံစံများကို ပြောင်းလဲခြင်းတို့ ပြုလုပ်မည်ဖြစ်ပါသည်။

    ထို့ပြင် သူတို့ စိတ်ထဲတွင်ဖြစ်နေသော လိင်စိတ်အပေါ်မူတည်ပြီး နာမည်များပြောင်းလဲ ခေါ်စေလိုခြင်း၊ နာမ်စားများပြောင်းလဲ အသုံးပြုစေလိုခြင်းများဖြစ်လာမည်ဖြစ်ပါသည်။

    ထိုသို့ပြောင်းလဲမှုများကို အိမ်မှာနေချိန်တွင် စသတိထားမိမည်ဖြစ်ပြီး သင့်အနေနှင့် ကူညီဖေးမပေးပါမှ နောက်ကြာလာလျှင် သူနှင့် လိင်တူကလေးများကြားထဲတွင် လူဝင်ဆန့်လာမည်ဖြစ်ပါသည်။

    ဆေးဝါးများဖြင့် ပြောင်းလဲခြင်း

    လိင်ပြောင်းထားသောကလေးများသည် အရွယ်ရောက် ချိန်တွင် အခက်ခဲဆုံးအချိန်များကို ကြုံရတတ်ပါသည်။ လူပျိုဖော်၊ အပျိုဖော်ဝင်ချိန်များတွင် ကိုယ်ခန္ဓါတွင် ဟော်မုန်းများ ထုတ်လွှန်မှုကြောင့် ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုများဖြစ်လာကြပါသည်။ ထိုအရာများသည် သင့်ကလေးကို ကသိကအောင့် ဖြစ်ကောင်းဖြစ်စေနိုင်ပါသည်။ ထိုအခါ သင့်အနေဖြင့် ဆရာဝန်နှင့် တိုင်ပင်ပြီး ကလေးကို ဟော်မုန်းဆေးများ ထိုးခြင်း၊ အသားထဲတွင် မြှုပ်ခြင်းများပြုလုပ်ပေးခြင်းဖြင့် ကိုယ်ခန္ဓါ၏ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများကို ထိန်းချုပ်နိုင်ပါသည်။

    ထို့ပြင် ထိုသို့ဆေးများဖြင့် ကုသခြင်းဖြင့် သင့်ကလေး၏ကိုယ်သည် ပုံမှန်အရွယ်ရောက်ချိန်တွင်ဖြစ်သော မျက်နှာ အမွှေးအမျှင်များရှည်လာခြင်း၊ ရင်သားများကြီးထွားလာခြင်း၊ အသံများ ပြောင်းလာခြင်းစသည့် ပြောင်းလဲမှုများ ကိုမဖြစ်တော့ပါ။ သို့သော် ထိုဟော်မုန်းဆေးမျာကို ရပ်တန့်လိုက်လျှင် ထိုပြောင်းလဲမှုများကို ခံစားရမည်ဖြစ်ပါသည်။ ဟော်မုန်းတားဆေးများသည် ယေဘူယျအားဖြင့် စိတ်ချရပြီး အထူးသဖြင့် အရွယ်ရောက်စောသော ကလေးများအတွက် အများဆုံး အသုံးပြုပါသည်။

    ဆန့်ကျင်ဘက် လိင်ဟော်မုန်းများ

    သင့်ကလေးသည် သူ့ကို ပြောင်းလဲထားသော လိင်အတိုင်း လိင်စိတ်များကိုဖြစ်စေလိုလျှင် သူတို့သည် အီစထရိုဂျင် သို့မဟုတ် တက်စထရို စတီရုန်းဟော်မုန်းများကို သောက်သင့်ပါသည်။ သင့်ကလေးသည် ထိုဟော်မုန်းဆေးများကို တသက်လုံးသောက်ရန် လိုအပ်ကောင်းလိုအပ်နိုင်ပါသည်။ သေချာသော အရာတစ်ခုမှာ လိင်နှင့်ဆန့်ကျင်ဘက်ဖြစ်သော ဟော်မုန်းများမှီဝဲခြင်းသည် သင့်ကလေးကို နောင်တွင် ကိုယ်ဝန်ရရန်ခက်ခဲစေပါသည်။ ထို့ကြောင့် ထိုဟော်မုန်းဆေးများ မသောက်မီ သုတ်ကောင်များ၊ မျိုးဥမျာကို အေးခဲပြီး သိမ်းထားရန်လိုပါသည်။ ထိုသို့ပြုလုပ်ရန် ဆရာဝန်နှင့် သေချာစွာ ဆွေးနွေးတိုင်ပင်မှုများပြုလုပ်ပြီး မှ ဆုံးဖြတ်ချက်ချသင့်ပါသည်။

    ခွဲစိတ်ပြုပြင်ခြင်း

    ခွဲစိတ်ပြုပြင်ခြင်းသည် လိင်ပြောင်းလဲခြင်းတွင် အကြီးမားဆုံးအဆင့်ဖြစ်ပါသည်။ သင့်ကလေးသည် အရွယ်ရောက်ချိန်တွင် သူ့လိင်အင်္ဂါနှင့် အသံများကို ပြောင်းလဲချင်စိတ်များဖြစ်မိပါလိမ့်မည်။ လိင်ပြောင်းထားသော ကလေးအများစုသည် သူတို့ပြောင်းထားသောလိင်နှင့် သူတို့၏ လိင်စိတ်ကိုထပ်တူညီစေချင်ကြပါသည်။ ထို့ကြောင့် အသက် ၁၈ နှစ်ပြည့်မှ ခွဲစိတ်ပြုပြင်ပြောင်းလဲခြင်းများပြုလုပ်ရန် ထောက်ခံချက်များရှိသော်လည်း လူတစ်ဦးချင်း၏ စိတ်သဘောထားအပေါ်မူတည်ပြီး ဆရာဝန်များက ခွဲစိတ်ပြုပြင်မှုများကို ပြုလုပ်ပေးကြပါသည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. K Zin Thwe မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement