ကလေးတွေမှာ ဖြစ်တတ်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်တွေအကြောင်း ဘာတွေသိထားရမလဲ

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Respiratory syncytial virus ဆိုတာ အဆုတ်နဲ့ အသက်ရှူစနစ်မှာ ပိုးဝင်စေတဲ့ ဗိုင်းရပ်စ်တစ်မျိုးပါ။ ဒါဟာ အသက်အရွယ်မရွေးဖြစ်တတ်ပေမယ့် ကလေးငယ်လေးတွေမှာဆိုရင်တော့ ရောဂါ လက္ခဏာတွေက ပိုပြီး ပြင်းထန်ပါတယ်။

လက္ခဏာများ

ဒီဗိုင်းရပ်စ်ပိုးဝင်ရင် ဖြစ်တတ်တဲ့ လက္ခဏာတွေကတော့ အသက်အရွယ်အလိုက်ပြောင်းလဲတတ်ပါတယ်။ ပိုးဝင်ပြီး ၄ရက်မှ ၆ရက်အတွင်း ဖြစ်ပေါ်လာတတ်ပါတယ်။ အသက်နည်းနည်းရလာပြီဖြစ်တဲ့ ကလေးတွေနဲ့ အရွယ်ရောက်ပြီးသူတွေမှာတော့ လက္ခဏာတွေက ပျော့ပြီး ပုံမှန်အဖြစ်များတဲ့ အအေးမိခြင်းရဲ့ လက္ခဏာတွေနဲ့ အတူတူပါပဲ။ ဒီအပျော့စားလက္ခဏာတွေမှာတော့

–       ချောင်းခြောက်ဆိုးခြင်း

–       နှာစေးခြင်း

–       သိပ်မပြင်းသောအဖျားရှိခြင်း (ကိုယ်အပူချိန် သိပ်မမြင့်တဲ့ အဖျား)

–       ခေါင်းကိုက်ခြင်း

–       လည်ချောင်းနာခြင်း

–       နှာချေခြင်း စတာတွေပါဝင်ပါတယ်။

ဒီလက္ခဏာတွေဟာ တစ်ခါတည်း အားလုံးစုဖြစ်လာတာမဟုတ်ပါဘူး။

ဒီဗိုင်းရပ်စ်ဟာ ကလေးပေါက်စတွေကို ကူးစက်မယ်ဆိုရင်တော့ နမိုးနီးယား အဆုတ်ရောင်ရောဂါလို ပြင်းထန်တဲ့အခြေအနေတွေဖြစ်စေပါတယ်။ လက္ခဏာတွေကတော့

–       ပြာခြင်း (အောက်ဆီဂျင်မဝခြင်းကြောင့် ဖြစ်ရတာပါ။ )

–       အသက်ကို မြန်မြန်၊တိုတိုနဲ့ ခပ်တိမ်တိမ်ရှူခြင်း သို့မဟုတ် အသက်ရှူကြပ်ခြင်း။ ကလေးတွေဟာ လှဲနေရမှာထက် ထိုင်ပဲနေချင်ပါလိမ့်မယ်။

–       အဖျား

–       ချောင်းဆိုးခြင်း

–       အစားအသောက်ပြဿနာ

–       အသက်ရှူမြန်ခြင်း (tachypnea)

–       ရင်ကြပ်ခြင်း။ ။ အသက်ရှူထုတ်တိုင်း အသံကြားနေရခြင်း

ဖြစ်ရပ်အများစုမှာတော့ လူနာတွေဟာ ရက်သတ္တ တစ်ပတ်မှ နှစ်ပတ်အတွင်းမှာ ပြန်ကောင်းသွားလေ့ရှိပါတယ်။ ကလေးငယ်တွေနဲ့ အဆုတ်၊ နှလုံးရောဂါရှိနေတဲ့ လူကြီးတွေမှာတော့ ဒီဗိုင်းရပ်စ်ဟာ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်တဲ့ အခြေအနေတစ်ခုဖြစ်သလို ဆေးရုံတင်ထားဖို့လည်း လိုပါတယ်။

ဗိုင်းရပ်စ် ဘယ်လိုပြန့်ပွားသလဲ။

ဒီဗိုင်းရပ်စ်ဟာ လူတစ်ယောက်ဆီကနေ တစ်ယောက်ကို မျက်လုံး၊ ပါးစပ်နဲ့ နှာခေါင်းတွေကနေတစ်ဆင့် ကူးစက်ပါတယ်။ ဗိုင်းရပ်စ်ဟာ မိုးရာသီကနေ ဆောင်းရာသီအတွင်း ပြန့်ပွားမှု အများဆုံးပါ။ သင်က ဒါတွေ ရင်ဆိုင်နေရပြီဆိုရင်တော့ Respiratory syncytial virus ကူးစက်ခံရနိုင်ပါတယ်။

–       ဗိုင်းရပ်စ်ရှိသူတစ်ယောက်က သင့်အနားမှာ နှာချေတာ၊ ချောင်းဆိုးတာ ဒါမှမဟုတ် နှပ်ညှစ်တာတွေ လုပ်ခဲ့ရင်။

–       ဗိုင်းရပ်စ်ရှိသူနဲ့ စကားပြောရင်

–       ဗိုင်းရပ်စ်ရှိသူနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံမိရင် (လက်ဆွဲနှုတ်ဆက်ခြင်း၊ နမ်းခြင်း၊ ထိတွေ့ခြင်း စသဖြင့်)

–       ရောဂါပိုးတွေ ကျန်ရစ်နေတဲ့ အရာတွေ ဥပမာ တံခါးလက်ကိုင်ဖုလိုအရာမျိုးကို ကိုင်မိပြီးမှ သင့်ရဲ့ နှာခေါင်း၊ မျက်လုံး၊ သို့မဟုတ် ပါးစပ်တွေကို ပြန်ကိုင်မိရင်။

ဒီဗိုင်းရပ်စ်ဟာ လူများတဲ့အိမ်တွေနဲ့ ကျန်းမာရေးစင်တာတွေမှာဆို အလျင်အမြန်ပြန့်ပွားနိုင်ပါတယ်။ နေရာတစ်ခုမှာလည်း နာရီပေါင်းများစွာကြာအောင် အသက်ရှင်နိုင်ပါတယ်။ ဗိုင်းရပ်စ်ကူးစက်ခံရတဲ့လူနာတစ်ယောက်ဟာ ကူးစက်ပြီး ရက်အနည်းငယ်အတွင်းမှာပဲ အခြားသူတစ်ယောက်ကို ရောဂါပိုးဖြန့်ဖြူးပေးနိုင်ပါတယ်။

ဘယ်သူတွေက ရောဂါကူးစက်နိုင်ချေ ပိုများတာလဲ။

ဗိုင်းရပ်စ်ကူးးစက်နိုင်ချေ မြင့်မားတဲ့သူတွေကတော့

–       အသက်၆လအောက် ကလေးငယ်များ

–       ကလေးငယ်များ၊ အထူးသဖြင့် အသက်၁နှစ်အောက်

–       လမစေ့ဘဲ မွေးဖွားသည့် ကလေးငယ်များ

–       အဆုတ် သို့မဟုတ် နှလုံးရောဂါရှိသော ကလေးများ

–       ကျောင်းသွားသည့်ကလေးများ သို့မဟုတ် ကျောင်းနေအရွယ် မောင်နှမရှိတဲ့ ကလေးများ

–       သက်ကြီးရွယ်အိုများ

–       ခုခံအားနည်းသူများ ( HIV ရောဂါသည်များ သို့မဟုတ် သွေးကင်ဆာခံစားနေရသူများ)

–       ပန်းနာရင်ကြပ်၊ နှလုံးရောဂါ သို့မဟုတ် နာတာရှည်အဆုတ်ရောဂါ (COPD) စသည့် ရောဂါဝေဒနာ ရှိသူများ

Respiratory Syncytial Virus ကူးစက်မှုအတွက် ကုသမှုများ

အပျော့စား ဖြစ်စဉ်တွေအတွက် ကုသမှုတွေမှာတော့ ကိုယ့်ကိုယ်ကို ဂရုစိုက်ခြင်းနဲ့ ဘေးမှစောင့်ရှောက်မှုတွေလိုအပ်ပါတယ်။ လူအနာအများစုကတော့ ဆေးဝါးကုသစရာမလိုပါဘူး။ ကျန်လူနာတွေအတွက်တော့ အဖျားကျဖို့အတွက် acetaminophen လို OTCဆေးဝါးတွေကို ဆရာဝန်က ညွှန်းပေးပါလိမ့်မယ်။ တကယ်လို့များ ဘက်တီးရီးယားဝင်ရင်လည်း ပဋိဇီဝဆေးတွေကို ညွှန်းပေးပါလိမ့်မယ်။ ရေများများသောက်ခြင်းဟာ ရေဓာတ်ခမ်းခြောက်မှုကို ကာကွယ်နိုင်မယ့် နည်းလမ်းကောင်းတစ်ခုပါပဲ။ ပြင်းထန်တဲ့ ဖြစ်ရပ်တွေမှာတော့ ဆေးရုံတင်ဖို့ လိုကောင်းလိုပါလိမ့်မယ်။ ကုသမှုတွေမှာလည်း အောက်ဆီဂျင်၊ အရည်၊ ရေငွေ့ပါတဲ့လေနဲ့ နှာခေါင်းအစက်ချဆေးတွေ ပါဝင်ပါလိမ့်မယ်။

ဗိုင်းရပ်စ်ကို ဘယ်လိုကာကွယ်မလဲ။

ဒီဗိုင်းရပ်စ်ကို ကာကွယ်နိုင်မယ့် ရိုးရှင်းလွယ်ကူတဲ့အဆင့်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

–       သန့်စင်တဲ့ရေနဲ့ ဆပ်ပြာကို အသုံးပြုပြီးလက်ကို မကြာခဏဆေးကြောပါ။ အထူးသဖြင့် အစာမစားခင်နဲ့ အိမ်သာဝင်ပြီးချိန်တွေမှာပါ။ ကလေးကို မထိခင်မှာလည်း လက်ဆေးပါ။

–       အအေးမိနေတဲ့သူတွေနဲ့ ဖျားနေတဲ့သူတွေနဲ့ ထိတွေ့ခြင်းကို သင်ကိုယ်တိုင်ရော သင့်ကလေးကိုပါ ရှောင်ခိုင်းပါ။

–       သောက်ရေခွက်၊ သွားပွတ်တံ၊ တဘက် သို့မဟုတ် ရေပုလင်းတွေကို အခြားသူတွေနဲ့ မျှဝေသုံးစွဲတာမျိုး မလုပ်ပါနဲ့။

–       မီးဖိုနဲ့ ရေချိုးခန်းသန့်ရှင်းနေပါစေ။

–       အရုပ်တွေနဲ့ တံခါးလက်ကိုင်ဘုတွေကို သန့်ရှင်းပေးပါ။

ဒီဗိုင်းရပ်စ်ကူးစက်မှုအတွက် ကာကွယ်ဆေးမရှိပေမယ့် အသက်၂နှစ်အောက်ကလေးတွေအတွက်တော့ palivizumab ကို ကာကွယ်နိုင်တဲ့ နည်းလမ်းအဖြစ် အသုံးပြုလို့ရပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

မျှဝေမည်

တည်းဖြတ်သည့်နေ့ ဖေ‌ဖော်ဝါရီ 15, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း စကျတငျဘာ 12, 2019

ရင်းမြစ်များ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။