backup og meta

သားသားမီးမီးတွေ ဟင်းသီးဟင်းရွက်စားအောင် ဘယ်လိုလုပ်ရမလဲ

ခန္ဓါကိုယ်ကျန်းမာစေဖို့အတွက်က အာဟာရသင့်တင့်မျှတအောင်စားသုံးဖို့လိုပါမယ်။ ကလေးတွေအတွက်ကတော့ကလေးဘဝအရွယ်ကတည်းက အာဟာရမျှတအောင် စားသုံးတတ်ဖို့ မိဘတွေက သင်ကြားပေးဖို့လိုပါမယ်။ ကလေးဆိုတာက ပုံသွင်းလို့လွယ်တဲ့ ဖယောင်းလေးတွေပါ။ ဒါကြောင့် သားသားမီးမီးတွေကို ငယ်စဉ်အရွယ်ကတည်း ကအာဟာရမျှတအောင်စားသုံးတတ်ဖို့ မိဘတွေက သင်ကြားပေးရမှာဖြစ်ပါတယ်။

ဟင်းသီးဟင်းရွက်တွေက ကလေးတွေ ကြိုက်တတ်ကြတဲ့ အာလူးကြော်၊သကြားလုံး၊ အချိုကဲတဲ့ အသင့်စား အစားအသောက်တွေ၊ ဟမ်ဘာဂါ တို့ထက်ပိုပြီးကျန်းမာရေးနဲ့သင့်တော်ပါတယ်။ ဟင်းသီးဟင်းရွက်တွေမှာ ဗီတာမင်အမျှင်ဓါတ် နဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်တာကြောင့် ကျန်းမာရေးအတွက် အထောက်အကူပြုပေးမှာပါ။

သားသားမီးမီးတွေ ဟင်းသီးဟင်းရွက်စားဖြစ်စေဖို့

ကလေးက ငယ်သေးတဲ့အခါ မိဘက ခွံကျွေးသမျှကို စားသုံးပေမယ့် လမ်းလျှောက်တတ်စအရွယ်ေလာက်ရောက်လာတဲ့အခါ အစားအစာတွေကို စပြီး စိတ်ကြိုက်ရွေးလာပါပြီ။ သစ်သီးတွေကို စားဖြစ်ကောင်းစားဖြစ်နိုင်ပေမယ့် ဟင်းသီးဟင်းရွက်တွေကိုတော့ စားခဲလာပါမယ်။ ဒီလိုဖြစ်တဲ့အခါ ကလေးရဲ့ အစာခြေစနစ်မှာ အမျှင်ဓါတ်လုံလောက်အောင်မရရှိဘဲ ဝမ်းချုပ်တာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကလေးတွေကို ဟင်းသီးဟင်းရွက်တွေစားဖြစ်စေဖို့ဆိုရင်တော့ အခုပြောပြမယ့်နည်းလေးတွေသုံးကြည့်နော်။

ဟင်းသီးဟင်းရွက်တွေကိုSmoothie ထဲထည့်ပေးပါ

ဟင်းသီးဟင်းရွက်တွေကို Smoothie ထဲထည့်ပြီးရောဖျော်ပေးတာက သားသားမီးမီးတွေကို ဟင်းသီးဟင်းရွက်စားဖြစ်စေမယ့် အလွယ်ကူဆုံးနည်းလမ်းပါ။ သစ်သီးဖျော်ရည်ထဲကို အနံ့မပြင်းတဲ့ ဆလတ်ရွက်ဟင်းနုနွယ်လိုမျိုးအရွက်တွေကို သန့်စင်အောင်ဆေးကြောပြီး ထည့်ဖျော်ပေးလိုက်ပါ။

သူတို့ကြိုက်တဲ့ အစားအစာတွေကို ဟင်းသီးဟင်းရွက်နဲ့တွဲကျွေးပေးပါ

နောက်တစ်ခုကတော့ ကလေးကြိုက်နှစ်သက်တဲ့ အစားအသောက်တွေထဲကို ဟင်းသီးဟင်းရွက်တွေထည့်ပြီးကျွေးတာပါ။ အာဟာရပြည့်ဝမှာဖြစ်သလို ကျန်းမာရေးနဲ့လည်း ညီညွတ်စေမှာပါ။ ကလေးကြိုက်နှစ်သက်တတ်တဲ့ခေါက်ဆွဲကြော်လိုမျိုး အစားအစာထဲကို အသား၊ ဟင်းသီးဟင်းရွက်မျှတအောင်ထည့်ပြီး ပြင်ဆင်ပေးလို့ရပါတယ်။ အသားကင်ကြိုက်တတ်တယ်ဆိုရင် အသားကင်နဲ့အတူတူ ရုံးပတီသီးကညွတ်ပန်းဂေါ်ဖီစိမ်းလိုမျိုး ဟင်းသီးဟင်းရွက်တွေကို ကင်ပြီး တွဲဖက်ကျွေးပေးပါ။

ဟင်းသီးဟင်းရွက်လေးတွေကို ပုံဖော်ပေးပါ

ကလေးက ဟင်းသီးဟင်းရွက်ကို စားဖို့ငြင်းဆန်နေတဲ့အခါ သူစားချင်လာစေဖို့အတွက် ဟင်းသီးဟင်းရွက်လေးတွေကို အသား၊ ငါးလွှာတို့နဲ့တွဲဖက်ပြီး ရုပ်ပုံဖော်တာ၊ အလှဆင်တာမျိုးလေးတွေလုပ်ပေးပါ။ ဒီလိုလုပ်ပေးတာက ကလေးကို ဟင်းသီးဟင်းရွက်လေးတွေ ပိုစားဖြစ်အောင် လုပ်ဆောင်ပေးရာရောက်ပါတယ်။

ကလေးတွေကို ချက်ပြုတ်ရာမှာ ပါဝင်ခွင့်ပေးပါ

ဟင်းချက်ပြုတ်ဖို့ ဈေးသွားဝယ်တဲ့အခါ ကလေးကို အတူခေါ်သွားပေးတာ၊ ဟင်းချက်တဲ့အခါ အတူလုပ်ဆောင်ခွင့်ပေးတာက ကလေးကိုပျော်ရွှင်မှုရရှိစေနိုင်ပါတယ်။ ကလေးက ကိုယ်တိုင်ပါဝင်ပြင်ဆင်ချက်ပြုတ်ထားတဲ့ ဟင်းတွေကိုမြည်းစမ်းဖို့ ဆန္ဒရှိမှာတော့ပြောစရာတောင် လိုမယ်မထင်ပါဘူး။ ဒါကြောင့် ဟင်းသီးဟင်းရွက်တွေကို ကူရွေးခိုင်းပြီး အတူပါဝင်ချက်ပြုတ်ခိုင်းခြင်းကလည်း ကလေးကို ဟင်းသီးဟင်းရွက်စားဖြစ်စေမယ့် နည်းလမ်းတစ်ခုပါ။

အချဉ်တစ်ခုခုနဲ့တို့စားနိုင်အောင်လုပ်ပေးပါ

ကလေးက ဟင်းသီးဟင်းရွက်ကို စားဖို့ငြင်းဆန်နေတဲ့အခါ ကျန်းမာရေးနဲ့ညီညွတ်တဲ့ဆော့စ်တစ်မျိုးမျိုး ( ခရမ်းချဉ်သီးကိုပြုတ်ပြီး အနှစ်ဖျော်ထားတဲ့ဆော့စ်) လိုမျိုး အရာနဲ့ ဟင်းသီးဟင်းရွက်တွေကို တို့စားနိုင်အောင်ပြင်ဆင်ပေးလိုက်ပါ။Mayonnaise ထဲမှာ အရသာထည့်သွင်းပေးပြီး ဟင်းသီးဟင်းရွက် ကင်ထားတာလေးတွေနဲ့ တွဲဖက်စားသုံးနိုင်အောင်ပြင်ဆင်ပေးလို့လည်းရပါတယ်။

ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်ပေးပါ

လူကြီးတွေက ဟင်းသီးဟင်းရွက်တွေကို အစိမ်းစားရတာကြိုက်ကြပေမယ့် ကလေးတွေကတော့ မဟုတ်ပါဘူး။ ဟင်းသီးဟင်းရွက်ကို ကင်ပေးတာ၊ ဆီပူထိုးပေးတာနဲ့ပြုတ်ပေးတာမျိုးလုပ်ပေးပါ။ခေါက်ဆွဲပြုတ်ထဲထည့်ပြီးပြင်ဆင်ပေးလို့လည်းရပါတယ်။

ကလေးကို အပေါ်မှာပြောခဲ့သလိုပြင်ဆင်ပေးပေမယ့် ကလေးက မစားဘူးဆိုရင်လည်း စိတ်ပျက်မသွားပါနဲ့။ တစ်ကြိမ်နဲ့ မရရင်နောက်တစ်ကြိမ်ထပ်ကြိုးစားပေးပါ။ စိတ်ရှည်လက်ရှည်နဲ့ကြိုးစားရင် အဆင်ပြေသွားမှာပါ။ ကိုယ်တိုင်ကလည်း သူတို့လေးတွေရဲ့ရှေ့ဆောင်လမ်းပြကောင်းဖြစ်စေဖို့သတိထားပေးပါ။ ကိုယ်တိုင်လည်း သူတို့လေးတွေရှေ့မှာ ဟင်းသီးဟင်းရွက်ကို နှစ်သက်စွာစားသုံးပေးပါ။

ကျန်းမာပျော်ရွှင်ပြီး အာဟာရပြည့်ဝတဲ့ ကလေးတွေအဖြစ် ပျိုးထောင်နိုင်ကြပါစေကြောင်း…..

Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

HOW TO GET YOUR KID TO EAT VEGETABLES https://www.babble.com/best-recipes/how-to-get-your-kid-to-eat-vegetables-healthy-eating-picky-eaters/ Accessed Date 25 June 2018

How to get children to eat vegetables https://www.independent.co.uk/life-style/food-and-drink/features/how-to-get-children-to-eat-vegetables-9662065.html Accessed Date 25 June 2018

15 Tricks to Get Your Kids to Eat Vegetables https://www.eatthis.com/how-get-kids-to-eat-vegetables/ Accessed Date 25 June 25, 2018

ယခုပုံစံ

23/08/2022

Aye Thi Mon မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆယ်တန်းစာမေးပွဲကြီးနီးလာပြီနော်။ ကိုယ့်ကလေးကို ဘာတွေကျွေးပြီး ဘယ်လိုပြုစုရမလဲ ။ ။

နွေရဲ့ အပူချိန်ကို အံတုဖို့ ဒီ အသီးတွေ သင့်ကလေးကို ကျွေးသင့်ပါတယ်။


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 23/08/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement