backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Childhood Adhd (ကလေးငယ်များတွင်ဖြစ်သော အာရုံမစူးစိုက်နိုင်ခြင်းရောဂါ)


Dr. Sandar Lin မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Childhood Adhd (ကလေးငယ်များတွင်ဖြစ်သော အာရုံမစူးစိုက်နိုင်ခြင်းရောဂါ) ကဘာလဲ။

ကလေးငယ်များတွင်ဖြစ်သော အာရုံမစူးစိုက်နိုင်ခြင်းရောဂါ သည် သန်းနှင့် ချီသော ကလေးငယ်များတွင် ဖြစ်သော နာတာရှည်ရောဂါဖြစ်ပြီး အသက်ကြီးသွားသည်အထိ နာတာရှည်သော ရောဂါဖြစ်ပါသည်။ ကလေးငယ်များသည် အကြောင်းအရာတစ်ခုကို အာရုံစိုက်ရန် ခက်ခဲခြင်း၊ တက်ကြွလွန်းခြင်း၊ စိတ်လိုက်မာန်ပါ လုပ်တတ်ခြင်း စသည်တို့ ခံစားရပါသည်။

ထိုကလေးများသည် မိမိဘဝတန်ဖိုးများလျော့နည်းလာခြင်း၊ ပေါင်းသင်းဆက်ဆံရေး အဆင်မပြေခြင်းနှင့် ကျောင်းတွင် စာမလိုက်နိုင်ခြင်းများဖြစ်ပါသည်။

Childhood Adhd (ကလေးငယ်များတွင်ဖြစ်သော အာရုံမစူးစိုက်နိုင်ခြင်းရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

ထိုရောဂါကို နိုင်ငံအတော်များများရှိကလေးများတွင် တွေ့ရပြီး ဖွံ့ဖြိုးပြီးနိုင်ငံများရှိကလေးငယ်များတွင် အယောက် ၂၀ တွင် ၁၀ ယောက်ဖြစ်နေကြောင်း တွေ့ရပါသည်။

သို့သော်

ထိုဖြစ်စဉ်ကို ဖြစ်စေနိုင်သော အချက်များကို လျှော့ချခြင်းများပြုလုပ်နိုင်သော်လည်း တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။

လက္ခဏာများ

Childhood Adhd (ကလေးငယ်များတွင်ဖြစ်သော အာရုံမစူးစိုက်နိုင်ခြင်းရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

ကလေးငယ်များတွင်ဖြစ်သော အာရုံမစူးစိုက်နိုင်ခြင်းရောဂါ ၏ရောဂါလက္ခဏာများက ဘာလဲ။

အသက် ၅ နှစ်အောက် ကလေးများတွင် ရောဂါ အမည်တပ်ရန် ခက်ခဲပါသည်။ မူကြိုအရွယ်ကလေးများတွင် အမျိုးမျိုးသော ရောဂါ လက္ခဏာများကို တွေ့ရမည်ဖြစ်ပါသည်။

အာရုံမစူးစိုက်နိုင်ခြင်းရောဂါ အမျိုးအစားများစွာ ရှိပါသည်။

  • အဓိကအားဖြင့် အာရုံမစိုက်နိုင်ခြင်း

ထိုအမျိုးအစားတွင် ရောဂါ လက္ခဏာအများစုသည် အာရုံမစိုက်နိုင်ခြင်းကြောင့် ဖြစ်ရခြင်းဖြစ်သည်။

  • အဓိကအားဖြင့် တုန့်ပြန်မှုများ လွန်ကဲခြင်း

ထိုအမျိုးအစားတွင် ရောဂါ လက္ခဏာအများစုသည် တုန့်ပြန်မှုများ လွန်ကဲခြင်းကြောင့် ဖြစ်ရခြင်းဖြစ်သည်။

  • အထက်ပါနှစ်ခုတွဲဖြစ်ခြင်း

ကလေးငယ်များတွင်ဖြစ်သော အာရုံမစူးစိုက်နိုင်ခြင်းရောဂါသည် ယောက်ျားလေးများတွင် ပိုဖြစ်တတ်ပြီး ယောကျာ်းလေးများနှင့် မိန်းကလေးများသည် ရောဂါ လက္ခဏာများအတူညီပါ။ ထိုရောဂါဖြစ်ပါက ယောကျာ်းလေးများသည် တက်ကြွလွန်းခြင်းဖြင့် လက္ခဏာပြပြီး မိန်းကလေးများသည် အာရုံမစိုက်နိုင်ခြင်း အဖြစ်များပါသည်။

ထိုရောဂါ၏ အဓိက လက္ခဏာ နှစ်ခုမှာ အာရုံမစိုက်နိုင်ခြင်းနှင့်၊ ကလေးများတက်ကြွလွန်းနေခြင်းတို့ဖြစ်ပါသည်။ အသက် ၁၂ နှစ်အရွယ်များမှ စပြီး ရောဂါ လက္ခဏာများ စသိသာလာပြီး အချို့ကလေးများတွင် မူ အသက် ၃ နှစ်ခန့်မှစပြီး စသိသာလာတတ်သည်။ ရောဂါကို အနုစား၊ အလယ်လတ်နှင့် ပြင်းထန်အဆင့် ဟူ ၃ မျိုးခွဲပါသည်။

အာရုံစူးစိုက်မှုများ မပြုလုပ်နိုင်ခြင်း

ထိုကလေးများသည်

  • တာဝန်များ ပြုလုပ်ခြင်း၊ ကစားခြင်းများတွင် အာရုံမစိုက်နိုင်ခြင်း
  • အသေးစိတ်ကို အာရုံမစိုက်နိုင်ခြင်း၊ ကျောင်းအလုပ်များတွင် နမော်နမဲ့ဖြစ်ခြင်း
  • သူ့ကို တည့်းတိုးပြောနေလျှင်ပင် နားမထောင်ချင်သည့်ပုံစံဖြစ်နေခြင်း
  • ညွှန်ကြားချက်များကို မလိုက်နာနိုင်ခြင်း၊ လိုက်နာရန် ခက်ခဲခြင်း၊ ကျောင်းအလုပ်များ မပြီးခြင်း
  • အလုပ်များ၊ လှုပ်ရှားမှုများကို မစီမံနိုင်ခြင်း
  • စိတ်အားထုတ်ရမည့် အလုပ်များ (ဥပမာ အိမ်စာများ)ကို မနှစ်သက်ခြင်း
  • ပစ္စည်းများ၊ အလုပ်အတွက် လိုအပ်သော အရာများ (ဥပမာ- အရုပ်များ၊ ခဲတံများ၊ ကျောင်းစာများ)တွင် လစ်ဟင်းခြင်း၊ ပျောက်ရှခြင်း
  • နေ့စဉ်အလုပ်များ၊ အိမ်မှုကိစ္စများကို မေ့လျော့ခြင်း တို့ဖြစ်ပါသည်။

တက်ကြွလွန်းခြင်း၊ စိတ်လိုက်မာန်ပါ လုပ်ခြင်း

ထိုကလေးများသည်

  • လက်များ၊ ခြေများ ဂနာမငြိမ်ခြင်း၊ ထိုင်နေချိန်တွင်လည်း တီကောင်ကဲ့သို့ တွန့်လိမ်နေခြင်း
  • အတန်းထဲတွင် သို့မဟုတ် အခြားနေရာများတွင် ထိုင်ခုံနေရာတွင် ထိုင်ရန် ခက်ခဲခြင်း
  • တသမတ်တည်း လှုပ်ရှားမှုများပြုလုပ်ခြင်း
  • မသင့်တော်သော အခြေအနေများတွင် အတွန့်တက်ခြင်း၊ လှည့်ပတ်လိမ်ညာခြင်း
  • ကစားနည်းတစ်ခုကို ပြီးအောင် မကစားနိုင်ခြင်း၊ အလုပ်တစ်ခုကို ငြိမ်သက်စွာ မလုပ်နိုင်ခြင်း
  • စကားများလွန်းခြင်း
  • အဖြေများကို လွှတ်ခနဲဖြေခြင်း၊ စကားမဆုံးသေးဘဲ မေးခွန်းများထုတ်ခြင်း
  • အခြားသူများ၏ စကားဝိုင်းများ၊ အားကစားပွဲများ၊ လှုပ်ရှားမှုများကို နှောင့်ယှက်ခြင်း တို့ဖြစ်ပါသည်။

အခြားသော ကျန်းမာရေး ပြသနာများ

အထက်ပါတို့ အပြင် ထိုကလေးများသည်

  • ရောဂါ လက္ခဏာများသည် ၆ လခန့်ကြာမြင့်ခြင်း
  • ကျောင်း၊ အိမ်နှင့် ဆက်ဆံရေးများကို ထိခိုက်စေမည့် လက္ခဏာများဖြစ်လာခြင်း
  • အခြားသော ရောဂါ မရှိသော ကလေးများနှင့်စာလျှင် အမူအရာများကွဲပြားနေခြင်းတို့ ဖြစ်နိုင်ကြောင်း သတိပြုရပါမည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ကလေးသည် အထက်ဖော်ပြပါ လက္ခဏာများကို စတင်ခံစားနေရပြီဆိုလျှင် ကလေးဆရာဝန် သို့မဟုတ် မိသားစုဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။

လိုအပ်လျှင် အထူးကုဆရာဝန်ထံသို့ လွှဲပေးပါလိမ့်မည်။ သို့သော် သင့်ကလေးကို ထိုလက္ခဏာများကို ဖြစ်စေသည့် အခြားအကြောင်းရင်းများကို အရင်စစ်ဆေးရပါမည်။

အထက်တွင်ဖော်ပြထားသော လက္ခဏာများအပြင် ပိုသိလိုသော် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။

လူတယောက်နှင့် တယောက် ရောဂါ၏တုံပြန်ပုံခြင်းမတူညီသည့်အတွက် မိမိ၏အခြေအနေကို သိရှိကာထိရောက်စွာကုသနိုင်ရန် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။

အကြောင်းရင်းများ

Childhood Adhd (ကလေးငယ်များတွင်ဖြစ်သော အာရုံမစူးစိုက်နိုင်ခြင်းရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

အမျိုးမျိုးသော အကြောင်းများကြောင့် ထိုရောဂါဖြစ်လာနိုင်ပါသည်။ ယင်းတို့မှာ

  • မျိုးရိုး

မိသားစု မျိုးရိုးထဲတွင် အာရုံမစူးစိုက်နိုင်ခြင်းရောဂါဖြစ်ဖူးသူ ရှိပါက သင့်ကလေးတွင်လည်း ဖြစ်နိုင်ပါသည်။

  • ပတ်ဝန်းကျင်

ဥပမာ ခဲသတ္တုနှင့် ထိတွေ့ရသော ပတ်ဝန်းကျင်ရှိကလေးများတွင် အာရုံမစူးစိုက်နိုင်ခြင်းရောဂါ ဖြစ်နိုင်ပါသည်။

  • ဖွံ့ဖြိုးကြီးထွားမှု

အာရုံမစူးစိုက်နိုင်ခြင်းရောဂါ သည် ဦးနှောက်နှင့် အာရုံကြောစနစ် ဖွံ့ဖြိုးကြီးထွားမှုနှင့် သက်ဆိုင်ပါသည်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Childhood Adhd (ကလေးငယ်များတွင်ဖြစ်သော အာရုံမစူးစိုက်နိုင်ခြင်းရောဂါ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အာရုံမစူးစိုက်နိုင်ခြင်းရောဂါ ကို ဖြစ်နိုင်ချေများစေသော အကြောင်းများစွာမှာ အောက်ပါတို့ဖြစ်သည်။

  • ထိုရောဂါ ရှိသူ သို့မဟုတ် စိတ်ကျန်းမာရေးရောဂါရှိသော မိဘများ၊ မောင်နှမများ ရှိခြင်း
  • ပတ်ဝန်းကျင်ရှိ သုတ်ဆေးများ၊ တိုက်ဟောင်းများရှိ ပိုက်လုံးများတွင် ခဲအဆိပ်များနှင့် ထိတွေ့မိခြင်း
  • ကိုယ်ဝန်ဆောင်ချိန်တွင် မူးယစ်ဆေးဝါးများ၊ အရက်နှင့် ဆေးလိပ်သောက်ခြင်း
  • လမစေ့ဘဲ ကလေးမွေးခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Childhood Adhd (ကလေးငယ်များတွင်ဖြစ်သော အာရုံမစူးစိုက်နိုင်ခြင်းရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

အထက်တွင်ဖေြာ်ပထားသော လက္ခဏာများသည် အခြားသော ရောဂါများ အခြေအနေများကြောင့်လည်းဖြစ်နိုင်သောကြောင့် ယင်းတို့ ခံစားလာရပါက ဆရာဝန်နှင့် အရင်တိုင်ပင်ပါ။

အာရုံမစူးစိုက်နိုင်ခြင်းရောဂါ ကိုစစ်ဆေးမှုများမပြုလုပ်နိုင်ပါ။ ထိုရောဂါကို အမည်တပ်ရန် သင်ကလေးကိုလေ့လာခြင်း၊ သူ့ကျောင်းမှအခြေအနေများကို သတင်းရယူခြင်း၊ ကလေးကို အနီးကပ်စောင့်ရှောက်သူများကို ကလေး၏ အမူအကျင့်များကို မေးမြန်းခြင်တို့ပြုလုပ်ခြင်းဖြင့်သာ သိရှိနိုင်မည်ဖြစ်ပါသည်။

ဆရာဝန်အနေဖြင့်လည်း ကလေးတွင် ခံစားရသည့် လက္ခဏာများ၊ ဘယ်အချိန်က စဖြစ်သလဲ၊ ကလေးနှင့် မိသားစုဝင်များကို ဘယ်လို သက်ရောက်မှုမျိုးတွေရှိသလဲ စသဖြင့် မေးမြန်းပါလိမ့်မည်။ ထိုသို့မေးမြန်းရာမှ ကလေးငယ်သည် အာရုံမစူးစိုက်နိုင်ခြင်းရောဂါဖြစ်နိုင်ချေ လက္ခဏာများထဲမှ ၆ ခုနှင့်အထက်ကို ၆ လကျော်အောင် ခံစားနေရပါက ရောဂါ ကို အာရုံမစူးစိုက်နိုင်ခြင်းရောဂါဟု သတ်မှတ်နိုင်ပါသည်။ ထို့ပြင်အခြားသော သက်တူရွယ်တူ ကလေးများ၏ အပြုအမူများနှင့် နှိုင်းစာပြီးလည်း ကလေးကို ရောဂါ ရှိမရှိ သုံးသပ်နိုင်ပါသည်။

Childhood Adhd (ကလေးငယ်များတွင်ဖြစ်သော အာရုံမစူးစိုက်နိုင်ခြင်းရောဂါ) ကို ဘယ်လိုကုသပါသလဲ

အာရုံမစူးစိုက်နိုင်ခြင်းရောဂါအတွက် စံသတ်မှတ်ထားသော ကုသမှုများမှာ ဆေးသောက်ခြင်း၊ အသိပညာပေးခြင်း၊ လေ့ကျင့်ပေးခြင်း၊ ဆွေးနွေးခြင်းများ ပြုလုပ်ခြင်းတို့ ဖြစ်ပါသည်။ ထိုနည်းများသည် ရောဂါ လက္ခဏာများကို သက်သာစေသော်လည်း ရောဂါကို အလျဉ်း မပျောက်သွားစေနိုင်ပါ။ ထို့ကြောင့် မည်သည့်နည်းလမ်းက သင့်ကလေးအတွက် အသင့်တော်ဆုံးဖြစ်နိုင်သည်ကို သိရှိရန် အချိန်ယူရမည်ဖြစ်ပါသည်။

ဆေးများ

အာရုံမစူးစိုက်နိုင်ခြင်းရောဂါအတွက် ယနေ့ခေတ်တွင် ဦးနှောက်ရှိ ဓါတုပစ္စည်းများကို လှုံ့ဆော်ပေးသောဆေးများဖြင့် ကုသလျက်ရှိပါသည်။ ထိုဆေးများသည် အာရုံမစူးစိုက်နိုင်ခြင်းနှင့် ဂနာမငြိမ်ခြင်းတို့ကို အချိန်တိုအတွင်းထိရောက်စွာ သက်သာနိုင်ကြောင်းတွေ့ရပါသည်။

အာရုံမစူးစိုက်နိုင်ခြင်းရောဂါအတွက် အခြားသောဆေးများမှာ

  • Atomoxetine (Strattera)
  • bupropion (Wellbutrin) စသည့် စိတ်ကျရောဂါသောက်ဆေးများ
  • Guanfacine (Intuniv, Tenex)
  • Clonidine (Catapres, Kapvay) တို့ဖြစ်ပါသည်။

အမူအကျင့်များကို ပြုပြင်ပေးခြင်း

စိတ်ပညာရှင်များ၊ စိတ်ရောဂါကုဆရာဝန်များ၊ လူမှုဝန်ထမ်းများနှင့် အခြားစိတ်ကျန်းမာရေး ပညာရှင်များက ရောဂါ ခံစားနေရသောကလေးများကို ဆွေးနွေးခြင်းများပြုလုပ်ခြင်းဖြင့် ကလေးများ၏ အမူအကျင့်များကို ပြုပြင်ပေးခြင်းဖြစ်ပါသည်။ အချို့ကလေးများသည် စိုးရိမ်စိတ်များခြင်း၊ စိတ်ဓါတ်ကျခြင်းတို့ပါ တွဲဖြစ်တတ်ခြင်းကြောင့် ကလေးများနှင့် ဆွေးနွေးခြင်းများပြုလုပ်ခြင်းဖြင့် ပြသနာများကိုပြေလည်သွားစေနိုင်ပါသည်။

အခြားကုထုံးများ

သုတေသနပြုချက်များအရ အာရုံမစူးစိုက်နိုင်ခြင်းရောဂါခံစားနေရသော ကလေးများအတွက် အခြားသောကုထုံးများဖြင့် ကုသနိုင်ကြောင်းတွေ့ရပါသည်။ ကြိုစားစမ်းသပ်ဆဲဖြစ်သော်လည်း သိပ္ပံနည်းများဖြင့် အတည်ပြုရလဒ်များ မရှိသေးသော ကုသမှုများမှာ

  • ယောဂကျင့်စဉ် ကျင်ခြင်း သို့မဟုတ် တရားထိုင်ခြင်း
  • အစားအသောက်များကို ဂရုစိုက်ခြင်း
  • ဗီတာမင်နှင့် သတ္တုဓါတ်အားဖြည့်ဆေးများ မှီဝဲခြင်း

ဖော်စပ်ထားသောဆေးများ သောက်ခြင်းတို့ဖြစ်ပါသည်။

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများကိုပြုလုပ်ခြင်းဖြင့် ကလေးငယ်များတွင်ဖြစ်သော အာရုံမစူးစိုက်နိုင်ခြင်းရောဂါ ဖြစ်သူများအတွက် ဘယ်လိုသက်ရောက်မှုရှိနိုင်သလဲ။

အောက်ပါနေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများသည် သင့်အတွက်အကူအညီဖြစ်နိုင်ပါသည်။

  • သင့်ကိုယ်သင် ဂရုစိုက်ပါ။

မိဘများအနေဖြင့် မိမိ၏ လူရောစိတ်ပါကျန်းမာရေးကို ဂရုစိုက်နိုင်ပါမှ ကလေးအား စောင့်ရှောက်နိုင်မည်ဖြစ်ပါသည်။

  • အာရုံမစူးစိုက်နိုင်ခြင်းရောဂါနှင့် ပက်သက်ပြီး နားလည်ထားခြင်းက သင့်ကလေးကိုလည်း အထောက်အကူ ဖြစ်စေပါသည်။
  • သင့်ကလေး၏ အပြုအမူများတွင် နောက်ဆက်တွဲများ ဖြစ်လာမည်ဖြစ်ကြောင်းနားလည်အောင် သင်ပေးပါ။
  • သင့်ကလေးကို ကိုယ့်ဘဝတန်ဖိုးမြင့်လာစေရန် နေထိုင်သင့်ကြောင်း သင်ပေးပါ။
  • သင့်ကလေးကို ကိစ္စအချို့ကို ပြီးမြောက်အောင်ဆောင်ရွက်ခိုင်းပါ။

သင်သိလိုသည်များရှိသော် ဆရာဝန်နှင့်တိုင်ပင်ကာ ပိုမိုကောင်းမွန်သော အကြံဉာဏ်များရယူနိုင်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Sandar Lin မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement