backup og meta

ကလေးကို မကျွေးသင့်ဆုံး အစားအစာ (၁၀) မျိုး


Yun Sandi Nan Mon မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးကို မကျွေးသင့်ဆုံး အစားအစာ (၁၀) မျိုး

    သွားပေါက်လာတဲ့အရွယ် ရောက်လာတာနဲ့ပဲ နို့နဲ့ထမင်းအပြင် တခြားအစာတွေ ဘာမဆိုမိတ်ဆက်ကျွေးကြည့်ဖို့ မစဉ်းစားလိုက်ပါနဲ့။ နုနယ်တဲ့ ကလေးတွေရဲ့ခန္ဓါကိုယ်ထဲကိုရောက်မယ့် အစားအသောက်တွေကဘေးအန္တရာယ်ကင်းရှင်းနေသင့်ပါတယ်။ အထူးသဖြင့် ကလေးကို ဒီအရာတွေ မကျွေးပါနဲ့။

    (၁) ပြုပြင်စီမံထားတဲ့အစားအစာ- ပြုပြင်စီမံထားတဲ့အစားအစာတွေမှန်သမျှဟာဓါတုပစ္စည်းနဲ့မကင်းကြပါဘူး။တာရှည်ခံစေဖို့၊အရောင်အဆင်းမပျက်ဖို့၊အနံ့ကောင်းဖို့သုံးတဲ့ဓါတုပစ္စည်းတွေပါဝင်နေတတ်သလိုအငန်ဓါတ်ပါဝင်မှုများတတ်ပါတယ်။ဒါတွေကကလေးရဲ့နောက်ပိုင်းအသက်အရွယ်တွေမှာအဝလွန်တာ၊နှလုံးသွေးကြောကျဉ်း၊ဆီးချိုသွေးချို၊လေဖြတ်ခြင်း၊ကင်ဆာရောဂါတွေလိုဆိုးရွားတဲ့နောက်ဆက်တွဲရောဂါတွေဖြစ်လာစေပါလိမ့်မယ်။ကလေးရဲ့အစာအာဟာရထဲမှာလတ်ဆတ်ပြီးအာဟာရပြည့်တဲ့အစားအစာတွေသာပါဝင်ပါစေ။

    (၂) အသင့်စားခေါက်ဆွဲ-  ခေါက်ဆွဲပြုတ်၊ ခေါက်ဆွဲပြုတ်နဲ့ တ နေအောင်လို့ကလေးကိုအစမလုပ်ပါနဲ့။မစားရမနေနိုင်အောင်အနံ့လေးမွှေးကြိုင်နေတတ်တဲ့အသင့်စားခေါက်ဆွဲတွေဟာဖွံ့ဖြိုးကာစကလေးတွေရဲ့ခန္ဓါကိုယ်ထဲရောက်သွားတဲ့အခါဘာဖြစ်လာမယ်ထင်ပါသလဲ။သူတို့တွေမှာဗီတာမင်ေတွ၊အာဟာရတွေဘာမှမပါတဲ့အပြင် –

    • အသွင်ပြောင်းဆီ(transfats) တွေ၊
    • ဖယောင်း(ကလေးတွေပုံမှန်စားသုံးမိရင်အသည်းထိခိုက်နိုင်တယ်)၊
    • Propylene glycol ( ခေါက်ဆွဲသားကိုအစိုဓါတ်ထိန်းနိုင်ဖို့သုံးတဲ့ဓါတုပစ္စည်း၊ဒါပေမယ့် နှလုံး၊အသည်း၊နဲ့ ကျောက်ကပ်တို့မှာ မြန်မြန်ဆန်ဆန်စုလာပြီးထိခိုက်ပျက်စီးစေနိုင်တဲ့အတွက် အန္တရာယ်ကြီးတဲ့အရာတစ်ခုဖြစ်ပါတယ်)
    • အချိုမှုန့်( MSGလို့ခေါ်တဲ့အချိုမှုန့်တွေအများကြီးပါတတ်လို့ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုကိုထိခိုက်သက်ရောက်မှုကြီးမားပါတယ်)၊
    • အငန်ဓါတ်
    • တခြားအန္တရာယ်ရှိဓါတုပစ္စည်းတွေ (ခေါက်ဆွဲထုပ်ပိုးတဲ့ပလတ်စတစ်၊ဘူးတွေမှာDioxinနဲ့တခြားဓါတုပစ္စည်းတွေပါရှိတတ်လို့အပူနဲ့ထိတွေ့တဲ့အခါဒီဓါတ်တွေထွက်လာပြီးအရေးကြီးကိုယ်တွင်းအင်္ဂါတွေကိုထိခိုက်စေပါတယ်။ကင်ဆာရောဂါအထိဖြစ်စေနိုင်လို့သိရပါတယ်) တွေပါဝင်လို့ထိခိုက်နစ်နာမှုများပါလိမ့်မယ်။

    (၃)အသီးဖျော်ရည် –အသီးလတ်လတ်ဆတ်ဆတ်တွေပဲအာဟာရဖြစ်တယ်ဆိုပြီးစွတ်မကျွေးပါနဲ့။လိုအပ်တဲ့ဗီတာမင်ဓါတ်တွေပေးနိုင်တယ်ဆိုပေမယ့်ကလေးကိုအသီးဖော်ျရည်တစ်နေ့ကို လေးအောင်စထက် ကျော်ပြီးမတိုက်သင့်ဘူးလို့ဆရာဝန်တွေအကြံပေးလေ့ရှိပါတယ်။သကြားသာထည့်ရင်အချိုစားသုံးမှုများစေပြီးအသီးချည်းဖျော်မယ်ဆိုလည်းပုံမှန်သစ်သီးစားတာထက်ပမာဏပိုများနိုင်တာကြေင့်မသင့်တော်ပါဘူး။တန်ဆေးလွန်ဘေးဆိုသလိုသစ်သီးဖျော်ရည်သောက်တာများရင်ဝမ်းပျက်စေနိုင်တယ်၊အချိုများရင်အဝလွန်စေနိုင်တယ်။တစ်ခါတလေပဲတော်သင့်ရုံတိုက်ပါ။သစ်သီးတွေကိုပဲအချိုပွဲအဖြစ်တစ်နေ့နည်းနည်းပြင်ဆင်ကျွေးပါ။

    (၄)အချဉ်ထုပ်နဲ့ယို- အချဉ်ထုပ်၊ဆီးထုပ်တွေနဲ့ယိုတွေသိပ်မစားပါစေနဲ့။အရောင်ဆိုးဆေးတွေ၊ ဆေးသကြားတွေ၊အရသာအတုတွေကနုနယ်တဲ့ကလေးတွေအတွက်လုံးဝမသင့်တော်တဲ့အရာတွေပါ။သကြားနဲ့သန့်သန့်ထိုးထားတဲ့ယိုတွေဆိုရင်တောင်မှအချိုစားတာများရင်သွားပိုးစားမယ်၊အဝလွန်မယ်၊ဆီးချိုသွေးချိုစိုးရိမ်ရမယ်ဆိုတော့ချင့်ချိန်ကျွေးပါ။ကလေးကပူဆာတိုင်း ကျေနပ်အောင်ဝယ်မကျွေးကြဖို့ပါ။

    (၅)အသက်ရှူလမ်းကြောင်းပိတ်ဆို့နိုင်လောက်တဲ့စားစရာ- ကလေးဆိုတော့သွားပေါက်ကာစအရွယ်မှာ ဘာပဲစားစားတကိုက်ပဲကိုက်ချလိုက်မှာ၊မဝါးနိုင်ရင်မျိုချပစ်မှာစိုးရပါတယ်။ ဒါ့ကြောင့်အသက်ရှူလမ်းကြောင်းမှာပိတ်ဆို့စေနိုင်လောက်တဲ့အစားအစာ၊အရွယ်အစား တွေကိုမကျွေးပါနဲ့။ဥပမာသကြားလုံးကိုအလုံးလိုက်မစားပါစေနဲ့၊ကိုက်ခွဲပြီးမှကျွေးပါ။အစေ့အဆန်ေတွ၊ပီကေ၊ဂျယ်လီအမာလေးတွေကိုလည်းမကျွေးပါနဲ့ဦး။

    (၆) ကော်ဖီနဲ့လက်ဖက်ရည်- ကလေးအတွက်ကကဖင်းပါတဲ့ဘယ်သောက်စရာကမှမသင့်တော်ပါဘူး။လူကြီးတွေ ကော်ဖီသောက်ချိန်မှာလာတောင်းလို့နည်းနည်းခွဲတိုက်တာမျိုးလည်းအကျင့်မလုပ်ပါနဲ့။လက်ဖက်ရည်မှာပါတဲ့ tanninဓါတ်ကအစားအစာတွေထဲကနေသံဓါတ်စုပ်ယူနိုင်စွမ်းကိုဟန့်တားနိုင်ပါတယ်။ကဖင်းဓါတ်ရဲ့သက်ရောက်မှုတွေကကလေးရဲ့ဖွံ့ဖြိုးကြီးထွားမှုတွေအတွက်မကောင်းတာကြောင့်အားဖြည့်အချိုရည်အပါအဝင်၊ ကော်ဖီ၊လက်ဖက်ရည်တွေမတိုက်ကျွေးသင့်တာဖြစ်ပါတယ်။ မဖြစ်မနေစိတ်ကျေနပ်အောင်လုပ်ပေးချင်တယ်ဆိုရင်ကလေးရဲ့ဖွံ့ဖြိုးမှုအတွက်အထောက်အကူဖြစ်စေမယ့် နို့မှုန့်တွေကို ရွေးချယ်နိုင်ပါတယ်။

    (၇)အသင့်အမြန်စားအစားအစာ- ဘာဂါ၊ပီဇာ၊ဆီကြော်အစားအစာတွေကအငန်ဓါတ်၊အချိုဓါတ်တွေများတဲ့အပြင် ပြည့်ဝဆီတွေများမယ်ဆိုတာလည်း ပြောစရာလိုမယ်မထင်။ကလေးတွေအတွက်ဘယ်လိုသင့်တော်ပါ့မလဲ။ဒါတွေကျွေးချင်တယ်ဆိုကျန်းမာရေးနဲ့ပိုညီစေမယ့်ပုံစံနဲ့အိမ်မှာကိုယ်တိုင်လုပ်ကျွေးပါ။ပါဝင်ပစ္စည်းတွေ၊ ပမာဏတွေအတိုးအလျှော့လုပ်လို့ရတယ်လေ။

    (၈)မုန့်အချို –အချိုစားတာများလွန်းရင်ကလေးတွေရဲ့သွားကြွေလွှာကိုပျက်စီးစေတယ်။သကြားလုံးတွေကလည်ချောင်းမှာတစ်ဆို့နိုင်တဲ့ အန္တရာယ်ရှိတဲ့အပြင်တခြားကျန်းမာရေးပြဿနာတွေဖြစ်လာနိုင်ပါတယ်။စတော်ဘယ်ရီ၊ဖရဲသီးစတဲ့အသီးအနှံတွေနဲ့ ရေခဲမုန့်လုပ်ကျွေးတာ၊မုန့်လုပ်ကျွေးတာမျိုးနဲ့အချိုတွေဝယ်မစားအောင်အစားထိုးပါ။

    (၉)အချိုရည် –အချိုရည်တွေမှာပါတဲ့အက်စစ်ဓါတ်ကကလေးရဲ့သွားတွေကိုထိခိုက်စေတယ်၊အချိုပါဝင်မှု၊ဓါတုပစ္စည်း၊ဂက်စ်ပါဝင်မှုများတဲ့အတွက်ကလေးရဲ့ခန္ဓါကိုယ်ထဲရောက်တဲ့အခါဆိုးကျိုးတွေဖြစ်လာစေနိုင်ပါတယ်။ကလေးတွေ နှစ်နှ်စ်ခြိုက်ခြိုက်မအိပ်တာ၊ဂနာမငြိမ်နိုင်တာ၊ခဏခဏစိတ်မကြည်တာတွေလည်းဒီအချက်ကြောင့်ပါတာပေါ့။အသေချာဆုံးကတော့ဒီအချိုရည်တွေထဲမှာကလေးအတွေက်လိုအပ်တဲ့အာဟာရဓါတ်တွေတစ်ခုမှမပါပါဘူး။

    (၁၀)အတု-အရသာတု၊သကြားအတု၊အရောင်အတု(ဆိုးဆေး) တွေကဘာအတွက် ကောင်းကျိုးရှိမယ်ထင်ပါသလဲ။ ဆေးသကြားပါတဲ့၊ဆိုးဆေးပါတဲ့အစားအသောက်မှန်သမျှကိုကလေးရဲ့ဗိုက်ထဲမရောက်စေဖို့စောင့်ကြည့်ဖယ်ရှားပေးပါ။

    Hello Health Group သည် ဆေးပညာ အကြံပေးချက်များ၊ ရောဂါရှာဖွေမှုများ ၊ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement