လူ့ခန္ဓါကိုယ်ရဲ့အစာခြေစနစ် အတွင်းမှာ အဏုဇီဝပိုးမွှားလေးတွေ ထရီလျံနဲ့ချီပြီး ရှိနေပါတယ်။ အဲဒီထဲမှာ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့မှိုပိုးတွေ ပါဝင်ပါတယ်။ ဘက်တီးရီးယားဆိုတာနဲ့ မကောင်းတာမဟုတ်ပါဘူး။ တချို့ဘက်တီးရီးယားတွေက အစာကိုချေဖျက်ပြီး အာဟာရဓါတ်စုပ်ယူဖို့ အထောက်အကူပေးတာကြောင့် ခန္ဓါကိုယ်အတွက်ကောင်းကျိုးပြုပါတယ်။ ဒီလိုအကျိုးပြုဘက်တီးရီးယားတွေကိုProbiotics လို့ခေါ်ပါတယ်။Probioticsတွေက အူလမ်းကြောင်းမှာ လုံလောက်တဲ့အရေအတွက်ရှိနေမှ အစာခြေစနစ်ကောင်းမွန်ပြီး ကျန်းမာစေမှာဖြစ်ပါတယ်။
Probioticsတွေအတွက်က lcFOS လို Prebioticsတွေလိုအပ်ပါတယ်။Prebiotics ဆိုတာ အူထဲမှာချေဖျက်စုပ်ယူလို့မရပေမယ့် အစာခြေလမ်းကြောင်းထဲမှာကျန်ရှိနေပြီး အူတွင်းဘက်တီးရီးယားတွေအတွက် အာဟာရအဖြစ်ထောက်ပံ့ပေးတဲ့ ကာဗိုဟိုက်ဒရိတ်တွေ သို့မဟုတ် အမျှင်ဓါတ်တွေဖြစ်ပါတယ်။
lcFOS ဆိုတာprebiotic တစ်မျိုးဖြစ်တဲ့long chain fructo-oligosaccharides ရဲ့ အတိုကောက်ဖြစ်ပါတယ်။ မိခင်နို့ နဲ့ နို့မှုန့်တချို့မှာ ပါရှိတဲ့ lcFOS က ကလေးရဲ့အူမကြီးအတွင်းမှာရှိတဲ့ အကျိုးပြုဘက်တီးရီးယားလေးတွေရဲ့ ဖွံ့ဖြိုးမှုနဲ့လုပ်ဆောင်ချက်ကို နှိုးဆွပေးနိုင်စွမ်းရှိပါတယ်။ ဒါ့ကြောင့်ပဲ ကလေးတွေမှာ ဝမ်းမှန်စေပြီးမွေးကင်းစအရွယ်ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
Prebioticsတွေက အစာချေဖျက်နိုင်စွမ်းနဲ့ အာဟာရနဲ့သတ္တုဓါတ်တွေစုပ်ယူနိုင်စွမ်းကိုကောင်းမွန်စေတဲ့အပြင် ခွန်အားတိုးစေပြီး ကလေးတွေရဲ့ ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးနိုင်ပါတယ်။
အကျိုးပြုဘက်တီးရီးယား Probiotics နဲ့ သူတို့ရဲ့အာဟာရဖြစ်တဲ့Prebioticsတွေက ကလေးရဲ့ကျန်းမာရေးအတွက် အထူးသဖြင့် အူလမ်းကြောင်းကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေအများကြီးရှိပါတယ်။
ကလေးရဲ့ကျန်းမာရေးကောင်းမွန်စေဖို့Prebioticsနေ့စဉ်စားသုံးဖို့လိုအပ်ပါတယ်။ ဂျုံပြောင်းနှံတွေ၊ သစ်သီး၊ အသီးအရွက်တွေနဲ့ တခြားအမျှင်ဓါတ်များတဲ့အစားအစာတွေကနေ ရရှိနိုင်တယ်ဆိုပေမယ့် ကလေးတွေအတွက်ကတော့ နို့ကနေပဲ ရရှိနိုင်မှာပါ။ ဒီဓါတ်ဟာ မိခင်နို့မှာ ပါဝင်ပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် မိခင်နို့မသောက်သုံးရတဲ့ ကလေးတွေအတွက်Prebiotics ပါတဲ့ နို့မှုန့်ကိုရွေးချယ်မှ ကလေးရဲ့အစာခြေစနစ်အတွက် စိတ်ချရမှာဖြစ်ပါတယ်။
Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။