backup og meta

ကလေးအစာခြေစနစ်အတွက်အရေးပါတဲ့ အာဟာရ


Yun Sandi Nan Mon မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးအစာခြေစနစ်အတွက်အရေးပါတဲ့ အာဟာရ

    lcFOS ဆိုတာဘာလဲ

    လူ့ခန္ဓါကိုယ်ရဲ့အစာခြေစနစ် အတွင်းမှာ အဏုဇီဝပိုးမွှားလေးတွေ ထရီလျံနဲ့ချီပြီး ရှိနေပါတယ်။ အဲဒီထဲမှာ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့မှိုပိုးတွေ ပါဝင်ပါတယ်။ ဘက်တီးရီးယားဆိုတာနဲ့ မကောင်းတာမဟုတ်ပါဘူး။ တချို့ဘက်တီးရီးယားတွေက အစာကိုချေဖျက်ပြီး အာဟာရဓါတ်စုပ်ယူဖို့ အထောက်အကူပေးတာကြောင့် ခန္ဓါကိုယ်အတွက်ကောင်းကျိုးပြုပါတယ်။ ဒီလိုအကျိုးပြုဘက်တီးရီးယားတွေကိုProbiotics လို့ခေါ်ပါတယ်။Probioticsတွေက အူလမ်းကြောင်းမှာ လုံလောက်တဲ့အရေအတွက်ရှိနေမှ အစာခြေစနစ်ကောင်းမွန်ပြီး ကျန်းမာစေမှာဖြစ်ပါတယ်။

    Probioticsတွေအတွက်က lcFOS လို Prebioticsတွေလိုအပ်ပါတယ်။Prebiotics ဆိုတာ အူထဲမှာချေဖျက်စုပ်ယူလို့မရပေမယ့် အစာခြေလမ်းကြောင်းထဲမှာကျန်ရှိနေပြီး အူတွင်းဘက်တီးရီးယားတွေအတွက် အာဟာရအဖြစ်ထောက်ပံ့ပေးတဲ့ ကာဗိုဟိုက်ဒရိတ်တွေ သို့မဟုတ် အမျှင်ဓါတ်တွေဖြစ်ပါတယ်။

    lcFOS ဆိုတာprebiotic တစ်မျိုးဖြစ်တဲ့long chain fructo-oligosaccharides ရဲ့ အတိုကောက်ဖြစ်ပါတယ်။ မိခင်နို့ နဲ့ နို့မှုန့်တချို့မှာ ပါရှိတဲ့ lcFOS က ကလေးရဲ့အူမကြီးအတွင်းမှာရှိတဲ့ အကျိုးပြုဘက်တီးရီးယားလေးတွေရဲ့ ဖွံ့ဖြိုးမှုနဲ့လုပ်ဆောင်ချက်ကို နှိုးဆွပေးနိုင်စွမ်းရှိပါတယ်။ ဒါ့ကြောင့်ပဲ ကလေးတွေမှာ ဝမ်းမှန်စေပြီးမွေးကင်းစအရွယ်ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

    Prebioticsတွေက အစာချေဖျက်နိုင်စွမ်းနဲ့ အာဟာရနဲ့သတ္တုဓါတ်တွေစုပ်ယူနိုင်စွမ်းကိုကောင်းမွန်စေတဲ့အပြင် ခွန်အားတိုးစေပြီး ကလေးတွေရဲ့ ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးနိုင်ပါတယ်။

    Prebiotics ပါဝင်တဲ့ နို့မှုန့်နဲ့ ဖြည့်စွက်စာတွေက မိခင်နို့မသောက်သုံးရတဲ့ကလေးအတွက် ဘာတွေပိုကောင်းလဲ။

  • Prebiotics ပါဝင်တဲ့ ကလေးနို့မှုန့်တွေဟာ ကလေးတွေအတွက်ဘေးဥပါဒ်ကင်းပါတယ်။
  • Prebiotics နို့မှုန့်နဲ့ တခြားနို့မှုန့်တိုက်ကျွေးတဲ့ ကလေးတွေကိုနှိုင်းယှဉ်တဲ့အခါPrebioticsသောက်သုံးတဲ့ကလေးတွေက မိခင်နို့သောက်သုံးရတဲ့ကလေးတွေအတိုင်း အူတွင်းဘက်တီးရီးယားတွေ ပြည့်စုံလုံလောက်တာတွေ့ရပါတယ်။
  • Prebiotics နို့မှုန့်သောက်သုံးရတဲ့ကလေးတွေက ရိုးရိုးနို့မှုန့်တိုက်ကျွေးထားတဲ့ကလေးတွေထက် ပုံမှန်ဝမ်းပျော့ပျော့လေးသွားတယ်၊ ဆီးသွားတဲ့ အကြိမ်ရေပိုများပါတယ်။ Prebiotics သောက်သုံးတဲ့ကလေးတွေရဲ့ ဒီအချက်တွေက မိခင်နို့သောက်သုံးရတဲ့ကလေးတွေနဲ့တူညီတဲ့ အကျိုးအာနိသင်ရနေတာဖြစ်ပါတယ်။
  • ကလေးအာဟာရထဲက Prebiotics ရဲ့အကျိုးကျေးဇူးတွေကဘာတွေလဲ

    အကျိုးပြုဘက်တီးရီးယား Probiotics နဲ့ သူတို့ရဲ့အာဟာရဖြစ်တဲ့Prebioticsတွေက ကလေးရဲ့ကျန်းမာရေးအတွက် အထူးသဖြင့် အူလမ်းကြောင်းကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေအများကြီးရှိပါတယ်။

  • ကလေးတွေမှာလေနာကင်းစေတယ်
  • ဝမ်းပျက်ဝမ်းလျှောခြင်း ကာကွယ်ပေးတယ်၊ ကုသနိုင်တယ်
  • ဝမ်းချုပ်ခြင်း နဲ့ ဗိုက်ပွခြင်းကို သက်သာစေတယ်
  • ကလေးတွေမှာဖြစ်တတ်တဲ့ နှင်းခူကို သက်သာစေတယ်
  • အူတွင်းလုပ်ဆောင်ချက်တွေကို ပုံမှန်ထိန်းညှိပေးတယ်
  • ကလေးရဲ့ရောဂါခုခံနိုင်စွမ်းကိုမြှင့်တင်ပေးတယ်
  • ဗီတာမင်နဲ့သတ္တုဓါတ်တွေ စုပ်ယူနိုင်စွမ်းပိုကောင်းစေတယ်
  • အစာစားချင်စိတ်ဖြစ်စေတယ်
  • အစာချေဖျက်မှုကောင်းမွန်စေတယ်
  • အူနဲ့ပတ်သက်တဲ့ရောဂါပိုးတွေကို သဘာဝအလျောက်ခုခံကာကွယ်နိုင်စေတယ်
  • ဓါတ်မတည့်မှုတွေကို ကာကွယ်ပေးတယ်
  • ကလေးရဲ့ကျန်းမာရေးကောင်းမွန်စေဖို့Prebioticsနေ့စဉ်စားသုံးဖို့လိုအပ်ပါတယ်။ ဂျုံပြောင်းနှံတွေ၊ သစ်သီး၊ အသီးအရွက်တွေနဲ့ တခြားအမျှင်ဓါတ်များတဲ့အစားအစာတွေကနေ ရရှိနိုင်တယ်ဆိုပေမယ့် ကလေးတွေအတွက်ကတော့ နို့ကနေပဲ ရရှိနိုင်မှာပါ။ ဒီဓါတ်ဟာ မိခင်နို့မှာ ပါဝင်ပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် မိခင်နို့မသောက်သုံးရတဲ့ ကလေးတွေအတွက်Prebiotics ပါတဲ့ နို့မှုန့်ကိုရွေးချယ်မှ ကလေးရဲ့အစာခြေစနစ်အတွက် စိတ်ချရမှာဖြစ်ပါတယ်။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement