ကော်ဖီ၊ လက်ဖက်ရည်ဆိုတာ တော်တော်များများမကင်းနိုင်တဲ့ သောက်စရာဖြစ်ပါတယ်။ သူတို့မှာပါတဲ့ ကဖင်းဓာတ်က လန်းဆန်းစေတဲ့အတွက် နှစ်သက်ကြပါတယ်။ မိုးအေးတဲ့အချိန်ဆို ကော်ဖီပူပူလေးနဲ့မှ၊ အိမ်မှာအနားယူနေလည်း ကော်ဖီလေးနဲ့၊ မိသားစု မုန့်စားကြလည်းကော်ဖီလေးနဲ့။
နေ့စဉ်စားသောက်နေတဲ့အထဲမှာ ချောကလက်၊ ကိုလာနဲ့ အားဖြည့်အချိုရည်တွေလို ကဖင်းဓာတ်ပါတဲ့ တခြားအစားအသောက်တွေကလည်း ပါနေတာပါပဲ။ ပုံမှန်တော့ သတိမထားမိကြပေမယ့် ကလေးရှိတဲ့မိသားစုမှာတော့ ဒါကိုထည့်တွေးသင့်ပါတယ်။ လူကြီးတွေ စားသမျှကို စားချင်နေတဲ့ ကလေးတွေကိုရော ကိုယ်သောက်နေတဲ့ကော်ဖီ သို့မဟုတ် ကဖင်းပါတဲ့သောက်စရာတွေ နည်းနည်းမျှတိုက်လိုက်တာပဲလား။
ကိုယ်ခန္ဓာရဲ့ဖွံ့ဖြိုးကြီးထွားမှု မပြည့်စုံသေးတဲ့အသက်အရွယ်မှာ ကဖင်းဓာတ်ကြောင့် ဘယ်လိုသက်ရောက်မှုရှိစေနိုင်မလဲတွေးမိပါရဲ့လား။ တကယ်လို့ ကလေးက ကဖင်းကိုစွဲလမ်းသွားရင် ကျောင်းတက်လည်းကော်ဖီဘူး၊ အားဖြည့်အချိုရည်ဘူးတွေ မကြာခဏသောက်တော့မှာပါ။
ကဖင်းဓာတ်က ဗဟိုအာရုံကြောစနစ်ကို လှုံ့ဆော်နှိုးဆွပေးနိုင်လို့ အာရုံလန်းဆန်းစေတာဖြစ်ပါတယ်။ ဒါပေမယ့် ကလေးရော လူကြီးမှာပါ ကဖင်းဓာတ်လွန်ကဲရင် ဒီလက္ခဏာတွေဖြစ်လာနိုင်ပါတယ် –
ဒါ့ကြောင့် ကလေးတွေကို မကြာခဏ ကော်ဖီအကျင့်မလုပ်ပေးသင့်ပါဘူး။ ကဖင်းပါတဲ့အချိုရည်တွေကိုလည်း အတူတူပါပဲ။
ကလေးရဲ့ ကဖင်းသောက်သုံးမှုကို ကန့်သတ်ရတဲ့ အကြောင်းရင်းတွေကတော့ –
လေ့လာမှုတွေအရဆိုရင် ကဖင်းဓာတ်သောက်သုံးမှုများတဲ့ ကလေးတွေဟာ စိတ်အလိုမကျဖြစ်လွယ်ပြီး နှလုံးခုန်သံမူမမှန်ဖြစ်လေ့ရှိတယ်လို့တောင် ဖော်ပြကြပါတယ်။
ပြောရရင် ကလေးတွေရဲ့ကျန်းမာရေးအတွက် တစ်နေ့ထက်တစ်နေ့ တဖြည်းဖြည်းချင်းထိခိုက်စေနိုင်တဲ့ ကဖင်းက မသင့်တော်တဲ့အရာဖြစ်ပါတယ်။ ဒါ့ကြောင့် ကလေးစိတ်ကျေနပ်အောင်ပဲဖြစ်ဖြစ် မိဘတွေအနေနဲ့ လူကြီးစားတဲ့၊ သောက်တဲ့အရာရာတိုင်းကို ကလေးကိုအကျင့်လုပ်ပြီး မကျွေးသင့်ဘူးဆိုတာလေး သတိချပ်သင့်ပါတယ်။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။