လမ်းသွားတတ်ကာစအရွယ် ကလေးငယ်များတွင် သောက်သုံးသင့်သည့် အရည်များနှင့် ကန့်သတ်ပြီး သောက်သုံးစေခြင်း

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

လမ်းသွားတတ်ကာစအရွယ် ကလေးငယ်များသည် တနေ့လျှင် ရေ ၄ ခွက်မှ ၆ခွက်အထိ သောက်တတ်ကြောင်းယူဆရသည်။ သို့သော် ကလေးများ၏ ကြီးထွားမှုအတွက် ရေသာမက အာဟာရဓာတ်များနှင့် အဆီဓာတ်များလည်း လိုအပ်ပါသည်။ သင့်ကလေးသည် လမ်းသွားကာစအရွယ်တွင် အစားကောင်းကောင်းမစားခြင်းသည် ရေအသောက်များပြီး ဗိုက်ပြည့်နေသောကြောင့် ဖြစ်နိုင်ပါသည်။

ထို့ကြောင့် ထိုသို့မဖြစ်အောင် အစားစားပြီးမှ ရေသောက်စေသော အလေ့အကျင့်ပြုလုပ်ပေးသင့်သည်။ ထို့ပြင် အောက်ပါနည်းလမ်းများကလည်း သင့်ကလေးအတွက် အထောက်အကူဖြစ်ပါလိမ့်မည်။

ရေခွက်နှင့် ပြောင်းသောက်စေပါ။

ထိုသို့ပြုလုပ်ခြင်းသည် နို့ဘူးသောက်သော ကလေးများတွင် ပိုလုပ်ရလွယ်ပါသည်။ မိခင်အနေဖြင့် သင့်ကလေးသည် နို့ဘူးကို မကြာခဏစို့နေတတ်သော ကလေးဖြစ်ကြောင်း သတိပြုမိလျှင် ထိုကာလသည် အရည်ကို ခွက်ဖြင့် သောက်ရန်ပြောင်းလဲရလွယ်သော ကာလဖြစ်ပါသည်။

ခွက်ထဲတွင် နို့ရည်နည်းနည်း၊ ရေ သို့မဟုတ် ရေဖြင့်ဖျော်ထားသော အသီးဖျော်ရည်များကို ထည့်ပြီး စသောက်ခိုင်းပါ။ ထို့နောက် အစာများ၊ သရေစာများကို နို့၊ ရေ စသည်တို့ မသောက်မီ စပြီးကျွေးပါ။

ခွက်ဖြင့်သောက်ခြင်းသည် ကလေးငယ်များ၏ သင်ယူနိုင်မှုစွမ်းရည်ကို သိမြင်နိုင်စေသကဲ့သို့ ရေအသောက်များခြင်းကြောင့် ဗိုက်ကယ်ပြီး အစားမစားခြင်းကိုလည်း လျော့နည်းစေပါသည်။ မိဘများအနေဖြင့် အဖိတ်အစင်နည်းစေရန် ဒီဇိုင်းထုတ်ထားသည့် ခွက်များကို အသုံးပြုလျှင်လည်း ထိုခွက်ကို နို့ဘူးစို့သလို အကျင့်တခုဖြစ်ပြီး အမြဲမသောက်မိစေရန် ဂရုစိုက်ပါ။

သောက်စရာများကို အကြိမ်ခွဲပြီး သောက်စေပါ။

ကလေးများသည် မည်သည်တို့ကို သောက်သုံးသလဲ သိရန်အရေးကြီးသလို မည်သည့်ပမာဏ သောက်သုံးသလဲ သိရန်လည်း လိုပါသည်။

မတ်တတ်လျှောက်ကာစအရွယ်များသည် တနေ့လျှင် နို့ကို ခွက်နှင့်အပြည့် ၃ ခွက်သောက်သင့်ပြီး အခြားသော အရည်များကို ခွက်နှင့်အပြည့် ၃ ခွက်သောက်သင့်ပါသည်။ သို့သော ပူသော အရည်များဖြစ်ပါက ပိုသောက်နိုင်ပါသည်။

သင့်ကလေးကို တနေ့လျှင် နို့ကို ခွက်နှင့်အပြည့် ၃ ခွက်သောက်စေပြီး မနက်ဘက်တွင် အသီးအရည်ကို ၂ခွက်သောက်စေပါ။ ထို့နောက် အခြားအချိန်များတွင် အရည်ကို နောက်တခွက်သောက်စေခြင်း၊သို့မဟုတ် ဖရဲသီး၊ စွတ်ပြုတ် အသီးရေခဲခြစ်စသည့် ရေဓာတ်များသော အစာများကို စားစေခြင်းတို့ပြုလုပ်နိုင်ပါသည်။

ကလေးငယ်များကို လုံလောက်သော အရည်များ သောက်သုံးရန် တိုက်တွန်းပါ။ ရာသီဥတု အခြေအနေ၊ ကလေး၏ စိတ်အခြေအနေ၊ တက်ကြွလှုပ်ရှားမှု နင့် အရသာခံကောင်းမှု စသည့်အချက်များက ကလေးငယ်များ၏ အစားစားခြင်းကို သက်ရောက်မှုရှိသော အရာများဖြစ်ပါသည်။

အသီးဖျော်ရည်များကို ရွေးချယ်မှု မှန်ကန်ပါစေ။

အထူးသဖြင့် ပန်းသီးဖျော်ရည်များကို ကလေးငယ်များအားတိုက်ကျွေးတတ်ကြသည်။ ပန်းသီးဖျော်ရည်သည် သကြားဓာတ် အများအပြားပါဝင်ခြင်းကြောင့် ကလေးငယ်များ၏ အစာအိမ်ကို ထိခိုက်စေနိုင်သည်။ ထို့ကြောင့် ပန်းသီးဖျော်ရည်အစား သဘာဝ အတိုင်းချိုသော စပျစ်သီးဖျော်ရည်၊ ဗီတာမင် C ကြွယ်ဝသော နာနတ်သီးဖျော်ရည်၊ ဗီတာမင် A ကြွယ်သသော ဆီးသီးဖျော်ရည် နှင့် ဗီတာမင် A နှင့် C ကြွယ်ဝသော သရက်သီးဖျော်ရည်များကို တိုက်သင့်သည်။

အချို့သော ဖျော်ရည်များတွင် ကယ်လ်ဆီယံဓာတ်များပါဝင်ပါသည်။ သတ်မှတ်အပူချိန်ထိပေးပြီး ပိုးသတ်ထားခြင်းမရှိသော ပန်းသီးဖျော်ရည်များသည် ဗီတာမင်ဓာတ်များပြည့်ဝသည်ဟုပြောထားသော်လည်း အန္တရာယ်ရှိသော ဘက်တ်ီးရီးယားများပါဝင်သည့် ဖျော်ရည်များဖြစ်သည်။ ထို့ပြင် ထိုဖျော်ရည်အများစုသည် အသီးအစစ်သည် ၁၀% ခန့်သာပါရှိပြီး သကြားဓာတ်အမြောက်အများနှင့် အာဟာရမဖြစ်သော ကယ်လိုရများပါဝင်နေခြင်းကြောင့် ကလေးငယ်များ မသောက်သုံးသင့်ပါ။

ရေအမြဲသောက်ပါ။

ကလေးငယ်များရေဆာချိန်တွင် ရိုးရိုးရေတိုက်ခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ ရေသောက်ခြင်းသည် သင့်ကလေး၏ အစာအိမ်နှင့် သွားများကို ကျန်းမာစေရုံသာမက သင့်ကလေးကိုကျန်းမာစေရန် အလေ့အကျင့်ကောင်းတခုလည်း ဖြစ်စေသောကြောင့် ဖြစ်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မျှဝေမည်

တည်းဖြတ်သည့်နေ့ ဖေ‌ဖော်ဝါရီ 15, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း စကျတငျဘာ 13, 2019

ပုံစံတူသောဆောင်းပါးများ
ကလေးကျန်းမာရေး, ကလေးပြုစုစောင့်ရှောက်ခြင်း, ကျန်းမာ​ရေး
ကလေးငယ်များတွင် ချာချာလည်အောင် မူးဝေခြင်းကိုဖြစ်စေသော အကြောင်းများက ဘာတွေလဲ
ကလေးကျန်းမာရေး, ကလေးပြုစုစောင့်ရှောက်ခြင်း
ကလေးငယ်များသည် အသက်ငယ်ရွယ်စဉ် အချိန်တွင် ဆေးလိပ်စသောက်လျှင် ဘယ်လို နောက်ဆက်တွဲများ ဖြစ်လာမလဲ
ကလေးကျန်းမာရေး, ကလေးပြုစုစောင့်ရှောက်ခြင်း
ကလေးးငယ်များတွင်ဖြစ်သော အသက်ရှုလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါများနှင့် ပတ်သက်ပြီး သိထားရမည့် အချက်များ
ကလေးကျန်းမာရေး, ကလေးပြုစုစောင့်ရှောက်ခြင်း
ကလေးငယ်များတွင် ခံစားရသော စိတ်ကစဥ့်ကလျားဖြစ်သောရောဂါအတွက် သတိပြုရမည့် အချက်များ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။