ကယ်လ်စီယမ် စုပ်ယူမှုကို ဘယ်လိုများအောင် လုပ်မလဲ

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

Calcium ဟာ အရိုးတွေကို သန်စွမ်းစေတဲ့ သတ္တုဓါတ်တစ်ခုဖြစ်ပါတယ်။ တကယ်လို့ Calcium မလုံလောက်ရင် ကိုယ်ခန္ဓာက လိုအပ်တဲ့ Calcium ကို အရိုးတွေထံမှ ယူနိုင်တာကြောင့် အရိုးအားနည်းခြင်း၊ ကြွတ်ဆတ်ခြင်း၊ ပျော့ခြင်းတွေ ဖြစ်နိုင်ပါတယ်။

Calcium များတဲ့ အစာတွေ စားသုံးခြင်းဟာ Calcium စုပ်ယူမှုကို ကာကွယ်ပေးပြီး Calcium ပမာဏကို ထိန်းသိမ်းဖို့ ဗီတာမင်ဒီ လုံလောက်စွာ ရရှိအောင် လုပ်သင့်ပါတယ်။

၁။ အစားအသောက်မှ Calcium လုံလောက်စွာ စားသုံးပါ

သင့်ကိုယ်ခန္ဓာဟာ ဖြည့်စွက်စာတွေထက် အစားအစာတွေထက် Calcium တွေကို ပိုမိုလွယ်ကူစွာ စုပ်ယူနိုင်ပါတယ်။ Calcium ပါတဲ့ အစားအစာတွေကို နေ့စဉ်စားသုံးခြင်းအားဖြင့် Calcium စားသုံးမှုကို မြှင့်တင်နိုင်ပါတယ်။

အဆီဓါတ်နည်းတဲ့၊ အဆီမပါတဲ့ နွားနို့တွေကို သောက်သုံးခြင်းအားဖြင့် အဆီမပါပဲ Calcium စုပ်ယူမှုကို များပြားစေပါတယ်။ အခြား Calcium ကြွယ်ဝတဲ့ အစားအသောက်တွေကတော့ ဒိန်ချဉ်၊ ချိစ်၊ ငါးသေတ္တာနဲ့ ဆယ်လ်မွန်ငါးတို့ပဲ ဖြစ်ပါတယ်။

၂။ Calcium ရန်သူများ

အချို့အစားအစာတွေဟာ Calcium စုပ်ယူမှုကို တားမြစ်ပါတယ်။ ဥပမာ ချောကလက်မှာ oxalates တွေ ပါဝင်ပြီး Calcium ကို ပေါင်းလိုက်ကာ ကိုယ်ခန္ဓာမှ Calcium စုပ်ယူမှုကို တားမြစ်ပါတယ်။ Oxalates များတဲ့ အစားအသောက်တွေကတော့ ဘယ်ရီသီး၊ စပျစ်သီး၊ ကန်စွန်းဥ၊ ခရမ်းသီးတွေပဲဖြစ်ပါတယ်။

တကယ်လို့ သင့်မှာ Calcium နည်းတယ်ဆိုရင် သင်စားသုံးနေတဲ့ oxalates ပါဝင်တဲ့ အစားအသောက်တွေအကြောင်း ဆရာဝန်ကို ပြောပြသင့်ပါတယ်။ ဒါ့ပြင် အရက်၊ ကဖင်းသောက်ခြင်းဟာ Calcium စုပ်ယူမှုကို တားမြစ်တာကြောင့် သူတို့ကို ဖြတ်သင့်ပါတယ်။

၃။ ဗီတာမင်ဒီ လုံလောက်အောင် စားသုံးပါ

ဗီတာမင်ဒီဟာ ကိုယ်ခန္ဓာမှ Calcium ပို စုပ်ယူစေပါတယ်။ ဗီတာမင်ဒီ လုံလောက်စွာ မရရှိခြင်းဟာ ကလေးငယ်တွေကို Calcium ပမာဏ မလုံလောက်ခြင်းကို ဖြစ်စေပြီး အရိုးပျော့သူငယ်နာ ( rickets) ဖြစ်စေနိုင်ပါတယ်။ သဘာဝအတိုင်း ဗီတာမင်ဒီ ပမာဏကို မြှင့်တင်ဖို့ကတော့ တစ်နေ့ကို ၁၅ မိနစ် နေရောင်နဲ့ ထိတွေ့ဖို့ပဲဖြစ်ပါတယ်။

တကယ်လို့ ကလေးငယ်တွေကို အရေပြားကင်ဆာ ဖြစ်နိုင်ခြေမများစေချင်ဘူးဆိုရင်တော့ ဒီပမာဏထက် မကျော်လွန်သင့်ပါဘူး။ သင့်ဆရာဝန်ကို ကလေးငယ်က ဗီတာမင်ဒီ ဖြည့်စွက်စာ စားဖို့ လိုလားဆိုတာ မေးမြန်းသင့်ပါတယ်။ Fortified နွားနို့နဲ့ နို့ထွက်ပစ္စည်းတွေဟာ ဗီတာမင်ဒီပမာဏကို ဖြည့်စွက်ပေးနိုင်ပါတယ်။ ဒါကြောင့် ကလေးငယ်ရဲ့ အစားအသောက်တွေထဲကို ဖြည့်စွက်စာ ထည့်သွင်းမကျွေးခင် ဆရာဝန်နဲ့ စကားပြောသင့်ပါတယ်။

၎။ Calcium ပမာဏကို မြှင့်တင်စေနိုင်တဲ့ နည်းလမ်းများ

ဗီတာမင်စီဟာ ရေမှာ ပျော်ဝင်နိုင်တဲ့ ဗီတာမင် ဖြစ်ပါတယ်။ သူဟာ ကိုယ်ခန္ဓာက Calcium စုပ်ယူမှုကို အားပေးပါတယ်။ ရေမှာပျော်ဝင်နိုင်တဲ့ ဗီတာမင်တွေဟာ ဆီမှာပျော်ဝင်တဲ့ ဗီတာမင်တွေထက် ကိုယ်ခန္ဓာက ပိုပြီး မြန်မြန် ထွက်သွားနိုင်တာကြောင့် သင့်ကလေးငယ်ဟာ သူတို့ရဲ့ အစားအသောက်ထဲမှာ လုံလောက်စွာ စားသုံးဖို့ လိုအပ်ပါတယ်။ ဗီတာမင်စီဟာ အသီးအရွက်တွေ အကုန်လုံးမှာ ပါဝင်ပါတယ်။

ဗီတာမင်စီ များပြားတဲ့ အစားအသောက်တွေကတော့ အသီးများ၊ green peppers၊ စတော်ဘယ်ရီသီးနဲ့ ခရမ်းချဉ်သီးတွေပဲဖြစ်ပါတယ်။

Phosphoric acid ပါဝင်တဲ့ အချိုရည်တွေဟာ သင့် Calcium စားသုံးမှုကို မြှင့်တင်ပေးခြင်းထက် Calcium စုပ်ယူမှုကို လျော့ကျစေနိုင်ပါတယ်။ သင့်ကလေးငယ်ကို အချိုရည် အမြောက်အမြား မသောက်စေသင့်ပါဘူး။

လေ့ကျင့်ခန်းမလုပ်ခြင်းဟာ Calcium နည်းပါးခြင်းသာမက အရိုးပွခြင်းကိုလည်း ဖြစ်စေနိုင်ပါတယ်။ လေ့ကျင့်ခန်းတွေဟာ ကြွက်သားတွေကို တည်ဆောက်ပေးရုံသာမက အရိုးတွေကိုလည်း သန်စွမ်းစေပါတယ်။ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းဟာ Calcium ပမာဏကို တိုးတက်စေပါတယ်။

ကလေးကြီးထွားဖွံ့ဖြိုးဖို့ ကယ်လ်ဆီယမ်ကို လိုအပ်သလို ဦးနှောက်နဲ့အမြင်အာရုံဖွံဖြိုးစေဖို့ DHA နဲ့ ကိုယ်ခန္ဓာကျန်းမာ ကြီးထွားစေဖို့အတွက် အာဟာရဓာတ်တွေကို အပြည့်အဝစုပ်ယူနိုင်စေဖို့ အစာခြေစနစ်ကို ကျန်းမာစေနိုင်တဲ့ lcFOS တို့ကိုလည်း လိုအပ်ပါတယ်။ ဒီဓာတ်တွေကို ကလေးနေ့စဉ်စားသုံးတဲ့အစားအသောက်တွေထဲမှာ ပါဝင်အောင်ကျွေးမွေးလို့ရပါတယ်။ ဥပမာ DHA ရရှိနိုင်အောင် ကလေးကို ဥအမျိုးမျိုးကျွေးတာ၊ကိုက်လန်၊ဟင်းနုနွယ်၊ ပန်းဂေါ်ဖီ၊ ပန်းဂေါ်ဖီစိမ်းလိုမျိုး အသီးအရွက်တွေကျွေးတာ၊ ပဲအမျိုးမျိုးနဲ့ ငါးတွေကျွေးတာမျိုးလုပ်ပေးလို့ရပါတယ်။ lcFOS ရရှိဖို့အတွက်ကတော့ နို့နဲ့နို့ထွက်ပစ္စည်းတွေကျွေးမွေးပေးလို့ရပါတယ်။ လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓတ်တွေကို ပြည့်စုံစွာရရှိပြီး ကျန်းမာပျော်ရွှင်တဲ့ ကလေးတွေအဖြစ်ကြီးပြင်းလာနိုင်ကြပါစေကြောင်း

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

မျှဝေမည်

တည်းဖြတ်သည့်နေ့ မတျ 16, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း မတျ 16, 2018

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။