backup og meta

မိုးရာသီမှာ ကလေးတွေကို ဘာတွေကျွေးလို့ ဘာတွေ မကျွေးသင့်ဘူးလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 23/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိုးရာသီမှာ ကလေးတွေကို ဘာတွေကျွေးလို့ ဘာတွေ မကျွေးသင့်ဘူးလဲ

    မိုးလေးလည်းစရွာနေပြီ ကလေးတွေလည်း ကျောင်းတက်ရာသီရောက်လာပြန်ပြီနော်။ ကျောင်းနေအရွယ်ကလေးတွေအနေနဲ့ ကိုယ်ခန္ဓာကျန်းမာဖွံ့ဖြိုးဖို့အတွက် အာဟာရပြည့်ဝအောင် စားသုံးပေးဖို့လိုအပ်တယ်ဆိုပေမယ့် အသက်ကိုဉာဏ်စောင့်တယ်ဆိုတဲ့ စကားအတိုင်း အာဟာရဖြစ်တာကို စားမှ ခန္ဓာကိုယ်ကျန်းမာသန်စွမ်းမှာပါ။ ဒီတစ်ခေါက်တော့ မိုးရာသီမှာ ဘာတွေကို ကျွေးသင့်ပြီး ဘာတွေကိုရှောင်သင့်လဲဆိုတာပြောပြပေးပါရစေ။

    မိုးရာသီမှာ သားသားမီးမီးတွေကို ကျွေးသင့်တာလေးတွေက

  • စွပ်ပြုတ် ပူပူနွေးနွေး
  • အာဟာရဖြစ်စေပြီး ကိုယ်ခံအားကိုကောင်းစေနိုင်ပါတယ်။ ရာသီဥတုအေးတာကြောင့် အဖျားမဝင်အောင်ကာကွယ်ပေးနိုင်ပါတယ်။ အသားတွေ နဲ့ အသီးအရွက်တွေနဲ့ စွပ်ပြုတ်ချိုချိုလေးပြုတ်ပြီး ခပ်နွေးနွေးလေးတိုက်ပေးပါ။

    ကြက်သွန်ဖြူက ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝစွာပါဝင်ပြီး ကိုယ်ခံအားကို ကောင်းမွန်စေတဲ့အတွက် ကြက်သွန်ဖြူကိုလည်း ကလေးအတွက်ပြင်ဆင်တဲ့ အစားအစာတွေထဲမှာ ထည့်သွင်းပြင်ဆင်ပေးပါ။

    အယ်လ်မွန်စေ့မှာ အမျှင်ဓာတ်ပါဝင်တာကြောင့် အစာခြေစနစ်ကို ကျန်းမာစေပြီး ဝမ်းဗိုက်ပြဿနာကင်းစင်စေမှာပါ။ မိုးရာသီမှာ ဖြစ်တတ်တဲ့ အစာခြေစနစ်ဆိုင်ရာပြဿနာတွေကို ရှောင်ရှားနိုင်စေဖို့အတွက် အယ်လ်မွန်စေ့ကိုကျွေးပေးပါ။

    သလဲသီးက ကျန်းမာရေးအတွက် တော်တော်လေးအထောက်အကူပြုပါတယ်။ ကလေးကို သလဲသီးကျွေးပေးလို့ရသလို သလဲသီးကို ကြိတ်ပြီးဖျော်ရည်အဖြစ်ဖျော်တိုက်လို့လည်း ရပါတယ်။ ဗီတာမင် C ပါဝင်တာကြောင့် ကိုယ်ခံအားကို ကောင်းမွန်စေပြီး ရောဂါပိုးတွေကို တိုက်ထုတ်ပေးနိုင်စွမ်းရှိပါတယ်။

    ပဲပြားမှာ ပရိုတင်း ကယ်လ်ဆီယမ်သံဓာတ် နဲ့ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အမိုင်နိုအက်ဆစ်တွေပါဝင်နေတာကြောင့် ကိုယ်ခံအားကို ကောင်းမွန်စေမှာပါ။

    ရာသီဥတုက အေးနေတာကြောင့် ကလေးက ရေမသောက်မိတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် မိဘတွေအနေနဲ့ ကလေးတွေကို ရေတိုက်ပေးပါ။ ခန္ဓာကိုယ်မှာရေဓာတ်ပြည့်ဝနေတာကလည်း ရောဂါပိုးတွေကို တိုက်ထုတ်ရာမှာ အထောက်အကူဖြစ်စေနိုင်ပါတယ်။

    ကြက်ဟင်းခါးသီးက အခါးဓာတ်ရှိတာကြောင့် ကလေးတော်တော်များများကတော့ မကြိုက်ပါဘူး။ ဖြစ်နိုင်ရင် နည်းနည်းလောက်တော့ ဆေးဖြစ်ဝါးဖြစ်လေးကျွေးပေးပါ။ ကြက်ဟင်းခါးသီးက ရောင်ရမ်းမှုကို လျော့ကျစေနိုင်သလို မှိုပိုးတွေနဲ့ ရောဂါဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်တွေကို တိုက်ဖျက်နိုင်စွမ်းရှိတာကြောင့် ကလေးကို မိုးတွင်းမှာ ရောဂါကင်းအောင် ကြက်ဟင်းခါးသီးကျွေးပေးပါ။

    • မက်မွန်သီး

    မက်မွန်သီးမှာ ဗီတာမင် A နဲ့ ဗီတာမင် C တို့ ပါဝင်တာကြောင့် မုတ်သုံရာသီမှာ ကလေးရဲ့ ဆံသားကို ထိခိုက်ပျက်စီးတာမျိုး မဖြစ်အောငကာကွယ်ပေးနိုင်မှာပါ။ ဒါကြောင့် အခုလိုမိုးရာသီမှာ ကလေးကို မက်မွန်သီးကျွေးပေးပါ။

    မိုးရာသီမှာသားသားမီးမီးတို့ကို ပေးမစားသင့်တာတွေက

    • ယင်နားစာတွေ

    မိုးရာသီမှာ ကလေးတွေကို လမ်းဘေးမှာ ရောင်းနေတဲ့ ဖုံးအုပ်ထားတာမရှိတဲ့ အစားအစာမျိုးတွေကို မကျွေးပါနဲ့။ မသန့်ရှင်းတဲ့ အစားအစာတွေက ကလေးကိုနာမကျန်းဖြစ်စေနိုင်ပါတယ်။

    ဒိန်ချဉ်က ခန္ဓာကိုယ်အတွက် ကောင်းတယ်ဆိုပေမယ့် မိုးရာသီမှာတော့ သားသားမီးမီးတွေကို တွေ့ရာ မတိုက်သင့်ပါဘူး။ အခန့်မသင့်ရင်  ဝမ်းလျှောနိုင်တာကြောင့်ပါ။ ဒါပေမယ့်လည်း ဒိန်ချဉ်မှာ အကျိုးပြုဘက်တီးရီးယားတွေ ပါဝင်တာကြောင့် သန့်သန့်ရှင်းရှင်း ပြင်ဆင်ထားတဲ့ ဒိန်ချဉ်မျိုးဆိုရင်တော့ တိုက်နိုင်ပါတယ်။

    • နို့

    နွားနို့နဲ့ နို့ထွက်ပစ္စည်းတွေက အစာကြေခဲတယ်ဆိုတာကို တော်တော်များများကသိထားပြီးသားပါ။ မိုးရာသီလိုမျိုး အေးမြနေတဲ့ အနေအထားမှာ ကလေးကို နို့နဲ့နို့ထွက်ပစ္စည်းတွေဝယ်ကျွေးမယ်ဆိုရင် အစာကြေခဲတဲ့ပြဿနာကို ရင်ဆိုင်ရနိုင်ပါတယ်။ ကလေးအာဟာရပြည့်ဝအောင် တိုက်ချင်တယ်ဆိုရင်တော့ သင့်တင့်တဲ့ ပမာဏနဲ့ ပိုးသတ်ထားတဲ့ နို့ကို တိုက်နိုင်ပါတယ်။

    အေးနေတဲ့ရာသီမှာ အလွယ်တကူ ချွဲကျပ်တာမျိုးဖြစ်နိုင်တာကြောင့် ကလေးကို အခုလိုမျိုးမိုးရာသီမှာ အချိုရည်တွေတိုက်တာ၊ သကြားလုံးကျွေးတာနဲ့ အချိုလွန်ကဲတဲ့ အစားအစာတွေကို မကျွေးသင့်ပါဘူး။

    တစ်ခါတလေအေးနေတဲ့အချိန်မှာမှ သားသားမီးမီးတွေက ရေခဲချောင်းစားချင်တယ်၊ ရေခဲမုန့်စားချင်တယ်ဆိုပြီး ပူဆာတာမျိုးဖြစ်နိုင်ပါတယ်။ ကလေးစိတ်ချမ်းသာအောင် ကျွေးလိုက်မယ် မလုပ်ပါနဲ့။ နေထိုင်မကောင်းတာ၊ ချောင်းဆိုးတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် မိုးရာသီမှာ ကလေးတွေကို မကျွေးသင့်တဲ့ အစားအစာတွေထဲမှာ ရေခဲချောင်းနဲ့ ရေခဲမုန့်ကို ထည့်ထားလိုက်ပါ။

    • လက်သုပ်စုံတွေ

    လက်သုပ်စုံတွေ၊ လက်လုပ်ချဉ်တွေက ဝမ်းပျက်ဝမ်းလျှောဖြစ်နိုင်ပါတယ်။ ဒီအစားအစာတွေမှာ ရောဂါပိုး ပါဝင်နိုင်ခြေက တော်တော်လေးများပါတယ်။ ဒါကြောင့် ကလေးကို မိုးရာသီမှာလက်သုပ်စုံတွေ၊ လက်လုပ်ချဉ်တွေ မကျွေးပါနဲ့။

    ကလေးကို မိုးရာသီမှာ သစ်သီးတွေကျွေးတဲ့အခါ သေချာရေဆေးပြီး ကိုယ်တိုင် အိမ်မှာပြင်ဆင်ကျွေးမွေးသင့်ပါတယ်။ အလွယ်တကူဝယ်လို့ရတဲ့ လှီးထားပြီးသား၊ ပြင်ဆင်ထားပြီးသား အသီးအနှံတွေကို မကျွေးပါနဲ့။ မမြင်ရတဲ့ရောဂါပိုးတွေ ကပ်ညှိနေနိုင်တာကြောင့်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 23/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement