ကလေးငယ်တွေရဲ့ အရေပြားက လူကြီးအရေပြားထက်ပိုပါးလွှာပြီး နုနယ်တယ်ဆိုတာ ပြောစရာတောင်လိုမယ်မထင်ပါဘူး။ ဒါ့အပြင်ကို ကလေးတွေရဲ့အရေပြားက ဘက်တီးရီးယားတွေ နဲ့ ပတ်ဝန်းကျင်က အန္တရာယ်ရှိတဲ့အရာတွေကို ခုခံနိုင်စွမ်းလည်းနည်းပါတယ်။ ဒါကြောင့် ကလေးတွေရဲ့ အရေပြားက ဓာတ်မတည့်တဲ့အရာတစ်ခုခုနဲ့ ထိတွေ့မိတဲ့အခါ တုံ့ပြန်လွယ်ပါတယ်။
ဓာတ်မတည့်တဲ့အခါ အရေပြားမှာ အပိမ့်ထွက်တာ၊ ယားယံတာ၊ စပ်ဖျင်းဖျင်း ဖြစ်တာတွေ ခံစားရနိုင်ပါတယ်။ ဒါတွေကို သက်သာစေဖို့ အစိုဓာတ်ထိန်းကရင်မ် အသုံးပြုပေးနိုင်ပါတယ်။
ကလေးအတွက် Moisturizer ကို ဘယ်လိုရွေးချယ်မလဲ။
Moisturizer အသုံးပြုဖို့ လိုအပ်တယ်ဆိုပေမယ့် သင့်တော်ကောင်းမွန်တဲ့ moisturizer ဖြစ်ဖို့လည်း လိုအပ်ပါသေးတယ်။ ကလေးတွေရဲ့ အသားအရေက လူကြီးတွေရဲ့ အသားအရေထက် နုနယ်ပါတယ်။ ဒါကြောင့် အနံ့၊ ဆိုးဆေး၊ Hypoallergenic၊ Phthalate နဲ့ paraben တို့မပါဝင်တဲ့ moisturizer ကို သေချာရွေးချယ်အသုံးပြုပေးဖို့ လိုအပ်ပါလိမ့်မယ်။ လူကြီးတွေ သုံးတဲ့ အစိုဓာတ်ထိန်းခရင်မ်ကို မလိမ်းပေးဘဲ ကလေးအတွက် သီးသန့်ထုတ်ထားတဲ့ moisturizer ကို သုံးပေးဖို့ ထပ်မံ အကြံပြုချင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။