အချို့ကလေးတွေမှာ မျိုးရိုးကြောင့်အရေပြားဓာတ်မတည့်တာမျိုးဖြစ်တတ်ပါတယ်။ အရေပြားဓာတ်မတည့်မှုဖြစ်တာက အရေပြားအဖတ်လန်တာ ယားယံတာတွေဖြစ်နိုင်ပါတယ်။ ဒီလိုမျိုးအရေပြားပြဿနာအတွက်က သီးသန့်ကုထုံးရယ်လို့မရှိပါဘူး။ ဒီလိုအရေပြားပြဿနာမျိုးတွေမှာလည်း အရေပြားခြောက်သွေ့တာကို သက်သာစေမယ့် ခရင်မ်တစ်မျိုးမျိုးကို မှန်မှန်လူးပေးရမှာဖြစ်ပါတယ်။
ကလေးလေးတွေကို ရေခဏခဏချိုးပေးစရာမလိုပါဘူး။ ကလေးလေးတွေကို ရေခဏခဏချိုးပေးတဲ့အခါ အရေပြားပေါ်က အာဟာရဓာတ်တွေ ကုန်ခမ်းသွားပြီး အသားအရေခြောက်သွေ့ကြမ်းတမ်းတာမျိုးဖြစ်နိုင်ပါတယ်။ မွေးကင်းစကနေ တစ်လအတွင်း ကလေးတွေကို နေ့တိုင်းရေချိုးပေးစရာ မလိုပါဘူး။ ရေချိုးတာက ကလေးကို သန့်စင်စေတယ်ဆိုပေမယ့် အရေပြားပေါ်က အစိုဓာတ်တွေကိုလည်း မဆုံးရှုံးစေချင်ဘူးဆိုရင် ရေချိုးပြီးတိုင်း အစိုထိန်းခရင်မ်လိမ်းပေးလို့ရပါတယ်။ ကလေးအတွက် သင့်တော်တဲ့ အစိုထိန်းခရင်မ်ကို ရွေးချယ်ပြီး တစ်နေ့နှစ်ကြိမ်လောက်လိမ်းပေးရင် အသားခြောက်တာကိုကာကွယ်ပြီးသားဖြစ်တဲ့အပြင် နူးညံ့ချောမွေ့စေပါတယ်။
Moisturizer အသုံးပြုဖို့လိုအပ်တယ်ဆိုပေမယ့် သင့်တော်ကောင်းမွန်တဲ့ moisturizer ဖြစ်ဖို့လည်း လိုအပ်ပါသေးတယ်။ ကလေးတွေရဲ့အသားအရေကလူကြီးတွေရဲ့ အသားအရေလောက် အစိုဓာတ်ကိုမထိန်းနိုင်တာကြောင့် ကလေးငယ်ကို ကျန်းမာပြီး နူးညံ့တဲ့ အသားအရေပိုင်ဆိုင်စေချင်တယ်ဆိုရင် အနံ့၊ဆိုးဆေး၊ Hypoallergenic၊ Phthalate နဲ့ paraben တို့မပါဝင်တဲ့moisturizer ကို အသေအချာရွေးချယ်အသုံးပြုပေးဖို့ လိုအပ်ပါလိမ့်မယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။