backup og meta

ကလေးဦးရေပြား အဆီထွက်များ၊အရေခွံကွာသော ပြဿနာ (cradle cap)ကို ဘယ်လိုရင်ဆိုင်ကြမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 26/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးဦးရေပြား အဆီထွက်များ၊အရေခွံကွာသော ပြဿနာ (cradle cap)ကို ဘယ်လိုရင်ဆိုင်ကြမလဲ

    ကလေးငယ်တွေရဲ့ဘဝအစပိုင်း လအနည်းငယ်မှာ cradle cap (ဦးရေပြား အဆီထွက်များ၊ အရေခွံကွာ သော ပြဿနာ) တွေဖြစ်ပေါ်ဖို့အလားအလာများပါတယ်။ cradle cap ဟာချစ်စရာကောင်းတဲ့အရာမဟုတ်ပေမယ့် အန္တရာယ်တော့မပေးပါဘူး။ ဒါပေမယ့် cradle cap ကိုမကုသဘဲထားရင် သင့်ကလေးကို အနာတွေဖြစ်စေနိုင်ပါတယ်။ အောက်ပါဆောင်းပါးက cradle cap ဆိုတာဘာလဲဆိုတာနဲ့ ဘယ်လိုရင်ဆိုင်ရမလဲဆိုတာကိုဖော်ပြထားပါတယ်။

    ကျွန်မကလေးခေါင်းမှာ ဗောက်တွေဖြစ်နေပါတယ်။ ဒါဟာcradle cap ဟုတ်မဟုတ် ဘယ်လိုသိနိုင်မလဲ

    Cradle cap ရဲ့အတွေ့ရအများဆုံးရောဂါလက္ခဏာတွေကတော့ ထူပြီးအဆီတွေဖြစ်နေတဲ့ အညိုရောင် သို့မဟုတ် အဝါရောင်အရေခွံတွေ ဒါမှမဟုတ် မာကျောနေတဲ့အကွက်တွေ ကလေးရဲ့ဦးရေပြားမှာပေါ်နေတာပါပဲ။ ဒါ့အပြင် သင့်ကလေးမှာ ဗောက်လို ခြောက်သွေ့တဲ့အရေပြားအဖတ်အသေးလေးတွေဖြစ်နေတယ် ဆိုရင် cradle cap ဖြစ်ဖို့အလားအလာရှိပါတယ်။ ဒါကို infantile seborrheic dermatitis (မွေးကင်းစ ကလေး အဆီထွက်များသော အရေပြားပြဿနာ) လို့ခေါ်ပြီး မွေးကင်းစကလေးငယ်တွေမှာ အဖြစ်များပါတယ်။

    Cradle cap တွေဟာ မြင်ရရှုရမကောင်းပေမယ့် အန္တရာယ်မဖြစ်နိုင်တာတော့ သေချာပါတယ်။ ကလေးငယ်အများစုဟာ သူတို့ရဲ့မွေးကာစ လအနည်းငယ်မှာ cradle cap တွေရှိတတ်ပြီး ၆လမှ ၁၂လဝန်းကျင်လောက်ရောက်တဲ့အခါ သူ့အလိုလိုပျောက်ကင်းသွားတတ်ပါတယ်။ ဒီအခြေအနေဟာ ကလေးငယ်ရဲ့ ဦးရည်ပြားမှာပဲဖြစ်တယ်လို့မဟုတ်ပါဘူး။ သူတို့ဟာ နားတွေ၊ မျက်ခုံးတွေ၊ မျက်ခွံတွေနဲ့ ချိုင်းကြား စတဲ့နေရာတွေမှာလည်း ဖြစ်ပေါ်တတ်ပါသေးတယ်။

    ဘာတွေက cradle cap ကိုဖြစ်စေတာလဲ

    ဒီနေ့ထိ ဒီပြဿနာကိုဖြစ်စေတဲ့အကြောင်းရင်းတွေကို ရှာမတွေ့သေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ကျွန်တော်တို့သိထားတာကတော့ ဒီcradle cap ဟာ တစ်ကိုယ်ရည်သန့်ရှင်းမှုအားနည်းတာကြောင့်ဖြစ်ရတာမဟုတ်သလို ဓါတ်မတည့်တာလည်းမဟုတ်ပါဘူး။

    အချို့သောကျွမ်းကျင်ပညာရှင်တွေကတော့ ကိုယ်ဝန်ဆောင်ကာလပြီးဆုံးတဲ့အချိန် မိခင်ဆီက ဟော်မုန်းတွေကို ကလေးတွေကလက်ခံရရှိတဲ့အခါမှာ ဒီဟော်မုန်းတွေက ကလေးတွေကို အဆီတွေပိုထုတ်အောင်လှုံ့ဆော်ပေးပါတယ်။ ဒါက cradle cap ကိုဖြစ်စေတာပါလို့ ခန့်မှန်းထားကြပါတယ်။ အခြားcradle cap ဖြစ်စေတဲ့အကြောင်းတစ်ချက်ကတော့ အဆီ (စီဘမ်၊ အဆီဂလင်းတွေကထုတ်ပေးတဲ့ပစ္စည်း) တွေထဲမှာ တစေးမှို တွေတိုးပွားလာလို့ပါလို့ ဆိုပါတယ်။ လူတွေပြောနေကြသလို cradle cap ဟာထိတွေ့ရုံနဲ့ ကူးစက်တတ်တယ်ဆိုတာ မဟုတ်ပါဘူး။ ပြိးတော့ ဒါကို ထိန်းချုပ်ကုသနိုင်ခဲ့တယ်ဆိုရင် ကလေးကိုလည်း အန္တရာယ်ဖြစ်စေမှာမဟုတ်ပါဘူး။ ဒါပေမယ့် cradle cap က ပိုပြီးပြင်းထန်လာမယ်ဆိုရင်တော့ ကလေးငယ်မှာ ယားယံတာမျိုးဖြစ်တတ်ပါတယ်။

    ကလေးရဲ့ cradle cap ကို ဘယ်လိုကုသရမလဲ။

    • Cradle capဖြစ်နေတဲ့နေရာတွေကို လက်ချောင်းလေးတွေသုံးပြီး ညင်သာစွာနှိပ်နယ်ပေးပါ။ ဒါမှမဟုတ် နူးညံ့တဲ့ ဘရပ်ရှ်လေးနဲ့ အရည်ခွံကွာနေတာတွေ နည်းသွားအောင် ခြစ်ချပေးပါ။
    • မကြာခဏခေါင်းလျှော်ပါ။ (တစ်ရက်ကိုတစ်ခေါက်ထက်ပိုပြီးတော့ပေါ့)။
    • Cradle cap ကို ကုသပေးနိုင်အောင် အထူးထုတ်လုပ်ထားတဲ့ ခေါင်းလျှော်ရည်တွေကိုလည်း အသုံးပြုလို့ရပါတယ်။

    သဘာဝအဆီတွေဟာ ကလေးရဲ့ cradle capကို ကုသပေးနိုင်မလား။

    • ကလေးရဲ့ cradle cap ကိုကုသပေးဖို့ သံလွင်ဆီ သို့မဟုတ် ဗာဒံဆီတွေကိုအသုံးပြုလို့ရနိုင်ပါတယ်။ လုံလောက်တဲ့ဆီပမာဏကိုယူပြီး လက်ထဲထည့်ပါ။ သင့်ကလေးရဲ့ဦးရည်ပြားကိုနှိပ်နယ်ပေးပြီး ၁၅မိနစ်ခန့်ထားပါ။
    • နူးညံ့တဲ့ ဘရပ်ရှ်တွေ သို့မဟုတ် ဘီးစိပ်ကိုလည်း cradle cap ကိုကုသဖို့အတွက်သုံးနိုင်ပါတယ်။ အဖတ်တွေကွာကျလာဖို့ ညင်သာစွာ ခေါင်းဖြီးပေးပါ။

    ကလေးရဲ့ဦးရည်ပြားကို ညင်သာစွာဆေးကြောပေးဖို့မမေ့ပါနဲ့။ ဒါပေမယ့် အဆီတွေ ကလေးရဲ့ခေါင်းမှာမကျန်ခဲ့စေဖို့ သေချာခေါင်းလျှော်ပေးပါ။ အဆီပိုတွေကျန်ခဲ့တာက မွေးညှင်းပေါက်တွေကိုပိတ်စေပြီး အဆီတွေကို သိုလှောင်ထားသလိုဖြစ်စေပါတယ်။

    Cradle cap (ကလေးဦးရေပြား အဆီထွက်များ အရေခွံကွာသော ပြဿနာ) ဟာ အနည်းငယ်သောအိမ်တွင်းသုံးဆေးဝါးတွေ ဆေးနည်းတွေနဲ့ သဘာဝနည်းအတိုင်းကုသလို့ရနိုင်တာ သေချာပါတယ်။ ဒါမှမဟုတ် သူ့ကိုကုသနိုင်တဲ့အရာတစ်ခုကို super market တွေမှာပြေးဝယ်လိုက်ရုံပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ သင့်ကလေးမှာဖြစ်နေတဲ့ cradle cap ရဲ့ ရောဂါလက္ခဏာတွေက ပိုဆိုးလာတယ်ဆိုရင် ဆရာဝန်၊ကလေးအထူးကု သို့မဟုတ် ကျန်းမာရေးအကြံပေးကိုဆက်သွယ်ပြီး နောက်ထပ်အချက်အလက်တွေသိရဖို့ လမ်းညွှန်မှုနဲ့ကုသမှုခံယူဖို့ တွန့်ဆုတ်မနေပါနဲ့။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 26/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement