ကလေးငယ်များသည် အကြောင်းအမျိုးမျိုးကြောင့် သေးခံလောင်ခြင်းဖြစ်ပွားတတ်ပါသည်။
ကလေးငယ်များသည် အကြောင်းအမျိုးမျိုးကြောင့် သေးခံလောင်ခြင်းဖြစ်ပွားတတ်ပါသည်။
ဘယ်လောက်ပဲ စုပ်ယူမှုအားကောင်းသည်ဟု ကြော်ငြာထားသော ကလေးသေးခံ (Diaper) ဖြစ်စေကာမူ စိုထိုင်းမှုအနည်းငယ်တော့ရှိပြီး သင့်ကလေး အရေပြားနှင့်ထိတွေ့နေရမည်ဖြစ်သည်။ ထို့အပြင် သင့်ကလေး၏ ဆီးနှင့်ဝမ်းမျာ း ရောသွားသောအခါ ဘက်တီးရီးယားပိုးများပေါက်ပွားရန် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးလိမ့်မည်။ ရလဒ်အနေဖြင့် ဝမ်းပျက်ဝမ်းလျှောဖြစ်နေသောကလေးများသည် သေးခံလောင်ခြင်းဝေဒနာကို ပိုမိုခံစားရ လေ့ ရှိသည်။ တစ်ဖက်တွင်မူ သေးစိုခံဒိုင်ပါ ပုံမှန်လဲပေးနေလျှင်တောင်မှ သေးခံလောင်ခြင်း မဖြစ်ဘူးဟု အာမမခံနိုင်ပါဘူး။ အဘယ်ကြောင့်ဆိုသော် ထိခိုက်လွယ်သောအရေပြားသည် သေးခံလောင်ခြင်းကို ပိုမိုဖြစ်ပွားစေနိုင်သည်။
သေးခံလောင်ခြင်း၏ အကြောင်းအရင်းတစ်ရပ်သည် သေးစိုခံဒိုင်ပါနှင့် ကလေး၏အရေပြားများ ပွတ်တိုက်မိခြင်းကြောင့်ဖြစ်သည်။ အထူးသဖြင့် သေးစိုခံဒိုင်ပါတွင် ပါဝင်သောအမွှေးရနံ့များ သို့မဟုတ် အနှီးလျှော်ရာတွင်သုံးသော ဆပ်ပြာများ စသောဓါတုပစ္စည်းများနှင့် ထိတွေ့ရခြင်းကြောင့်ဖြစ်သည်။ သေးခံလောင်ခြင်းသည် ကလေးငယ်ကိုသုံးပေးသော ကလေးလိုးရှင်း သို့မဟုတ် အစိုဓါတ်ထိန်းပစ္စည်းများ ကြောင့်လည်းဖြစ်နိုင်သည်။
ပိုးသတ်ဆေး သောက်နေရသော ကလေးများ သို့မဟုတ် မိခင်က ပိုးသတ်ဆေးသောက်နေရသော ကလေးများသည် သေးခံလောင်ခြင်း ပိုမိုဖြစ်ပွားလေ့ရှိကြသည်။ အဘယ်ကြောင့်ဆိုသော် ပိုးသတ်ဆေးများသည် ကလေးအတွက် လိုအပ်သော ကျန်းမာရေးနှင့်ညီညွတ်သည့် ဘက်တီးရီးယားအကောင်းများ၏ အရေအတွက်ကို လျော့နည်းစေသောကြောင့်ဖြစ်သည်။ ထို့အပြင် ပိုးသတ်ဆေးများသည် ဝမ်းပျက်ဝမ်းလျှောခြင်းများကို ဖြစ်ပွားစေသောကြောင့် သေးခံလောင်ခြင်းကို ပိုမိုဖြစ်ပွားစေသည်။
မိခင်နို့တိုက်သော ကလေးများ သေးခံလောင်သည်ဆိုပါက မိခင်စားသော အစားအစာကြောင့်ဖြစ်နိုင်သည်။ သို့ဖြစ်၍ သင်စားနေသောအစားအစာသည် မိခင်နို့မှတစ်ဆင့်ကလေးကို မထိခိုက်စေရန်အရေးကြီးပါသည်။
သင့်ကလေးငယ် သေးခံလောင်ပြီဆိုပါက အရေးကြီးသောအရာသည် ဒိုင်ပါ တစ်ခုနှင့်တစ်ခုလဲသော အချိန်တွင် ပိုပြီးဂရုစိုက်သင့်သည်။ ဒိုင်ပါများကို သန့်ရှင်းပြီးခြောက်သွေ့နေအောင်ထားပါ။ ထိုအခါတွင် သင့်ကလေး အရေပြားမထိခိုက်နိုင်သကဲ့သို့ ဘက်တီးရီးယားပိုးများလည်း မပေါက်ပွားစေပါ။ ဒိုင်ပါတစ်ခုလဲတိုင်း သင့်ကလေး၏အရေပြားကို ရေဖြင့်ညင်သာစွာဆေးကြောပေးပါ။ ကလေးအရေပြားသည် အလွန်နူးညံ့ပြီးထိခိုက်လွယ်သောကြောင့် မပွတ်တိုက်မိအောင်ဂရုပြုပါ။ အရက်ပျံပါသော ဂွမ်းများဆပ်ပြာများကိုမသုံးပါနှင့်။ အမွှေးနံ့အလွန်ပါသော အရာများကိုလည်းမသုံးပါနှင့်။ သေးခံဝတ်များကို အလွန်တင်းကြပ်စွာ မဝတ်ပေးပါနှင့်။ သင့်ကလေးကို နေ့အချိန်တွင်ဒိုင်ပါမဝတ်ပေးဘဲ ထားပါ။
အထက်ပါအချက်များကိုစိတ်ထဲတွင် မှတ်ထားခြင်းအားဖြင့် သင့်ကလေး သေးခံလောင်ခြင်းမှကာကွယ်ပါ။ သို့သော်လည်းပဲ သင့်ကလေးသည် အချိန်ကြာမြင့်စွာ သေးခံလောင်ခြင်းရှိနေပါက သို့မဟုတ် သေးခံလောင်ခြင်းပိုဆိုးလာပါက အရေပြားအထူးကု သို့မဟုတ် ကလေးဆရာဝန်နှင့်ပြသဖို့ မနှောင့်နှေးပါနှင့်။
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
ဆက်စပ် အကြောင်းအရာများ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။