backup og meta

ကလေးအသားအရေကို ဂရုစိုက်ပေးနိုင်မည့် နည်းလမ်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးအသားအရေကို ဂရုစိုက်ပေးနိုင်မည့် နည်းလမ်းများ

    သင့်ကလေးငယ်၏အသားအရေသည် အလွန်နူးညံ့ ချောမွတ်နေလျှင် မနမ်းပဲနေနိုင်မည်မဟုတ်ပါ။ သို့သော် ထိုအတိုင်းထိန်းထားဖို့ကတော့ ခက်ပါ၏။ တခြားအင်္ဂါများနှင့်မတူ အရေပြား၏ ဖွံဖြိုးရန်လိုသည့်ချိန်သည် မိခင်ဝမ်းထဲ၌ ၉ လလုံးလုံး ဖြစ်သည်။ ကလေးအများစုတွင် အမေဖြစ်သူ၏ ဟော်မုန်းများကြောင့် မွေးကင်းစဝက်ခြံလေးများ ပေါက်တတ်သည်။ ငယ်ရွယ်ပြီးအထိမခံသည့် ကလေးအသားရေကို ထိန်းသိမ်းပေးဖို့ရာ အချိန်နှင့် လူအားတော့ လိုပါလိမ့်မည်။

    မွေးကင်းစဝက်ခြံများကို ဘယ်လိုစီမံရမလဲ။

    မွေးကင်းစဝက်ခြံများကို ဘာမှလုပ်ပေးရန်မလိုပါ။ သင်အကောင်းဆုံးလုပ်ပေးနိုင်သည်မှာ သန့်သန့်ရှင်းရှင်း ခြောက်ခြောက်သွေ့သွေ့ထားပေးပါ။ ညှစ်ပစ်ချင်စိတ်ကို ထိန်းပါ။ မဟုတ်လျှင် ကလေးကြီးလာသည်အထိ အမာရွတ် ထင်သွားနိုင်ပါသည်။ ဝက်ခြံဖုများက သူ့အလိုလိုပျောက်သွားပါလိမ့်မည်။ သို့သော် ပျောက်မသွားပဲ ယားယံခြင်း မသက်မသာဖြစ်ခြင်းတို့နှင့်အတူ ပိုဆိုးလာပါက ဆရာဝန်ဆီ အကြံဉာဏ်တောင်းပါ။ ညှင်းခူလို တခြားအရေပြားရောဂါလည်းူ ဖြစ်နေနိုင်ပါသည်။

    ကလေးများအတွက် ထုတ်ထားသည့်ပစ္စည်းများက တကယ်စိတ်ချရရဲ့လား။

    စိတ်ချရသည်တော့မဟုတ်ပါ။ ကလေးများအတွက် အသားအရေနှင့် ဆံသားထိန်းသိမ်းပစ္စည်းများတွင်လည်း ထိခိုက်စေသည့်ပစ္စည်းများ ပါဝင်ပါသည်။ တစ်ချို့ကလေးငယ်များအတွက် ထိုထုတ်ကုန်များမှာ ဘာမှမဖြစ်သောလည်း တစ်ချို့တွင်တော့ အရေပြားထိခိုက်ခြင်းမျာဒ ဖြစ်စေပါသည်။

    ထို့အပြင် ဖြည့်စွက်ပစ္စည်းများဖြစ်သော parabens နှင့် phthalates – dibutyl phthalate (DBP), dimethylphthalate (DMP) နှင့် diethyl phthalate (DEP) တို့သည်လည်း စိတ်ပူစရာကောင်းသည့် ဓါတုပစ္စည်းများ ဖြစ်သည်။ သိပ္ပံနည်းကျ လေ့လာမှုများအရ ထိုပစ္စည်းများနှင့် ထိတွေ့ရခြင်းသည် လူသားများတွင် ဟော်မုန်းပြောင်းလဲမှုကို ဖြစ်ပွားစေပြီး ကြီးထွားဖွံဖြိုးမှုဆိုင်ရာ ပြဿနာများ ဖြစ်ပွားနိုင်ပါသည်။

    ၎င်းပစ္စည်းများကို လေ့လာရာတွင် တိရိစ္ဆာန်များနှင့်သာ လေ့လာရသည်ဆိုသော်လည်း လူတွင်အန္တရာယ်ကင်းကောင်း သက်သေပြထားနိုင်သည် မဟုတ်ပါ။

    ကလေးအတွက် အလှကုန်တွေကို ဘယ်လိုရွေးရမလဲ။

    အန္တရာယ်ဖြစ်လာနိုင်သည့် ပစ္စည်းများကို မသုံးချင်ဘူးဆိုပါက အောက်ပါအကြံပြုချက်များကို ဖတ်ကြည့်ပါ။

    • အခြေခံကျကျတွေးပါ။ သင့်ကလေးမှာ ဆပ်ပြာတွေ ခေါင်းလျော်ရည်တွေ တစ်ပုံကြီး မလိုအပ်ပါ။ ရိုးရိုးဆပ်ပြာနှင့် ရေဆိုလျှင် လုံလောက်ပါပြီ။ ထို့အတူ အလွန်ငယ်သောကလေးများတွင် ရေခဏခဏချိုးပေးရန်မလိုအပ်ပါ။ တစ်ပတ်လျှင် ၂-၃ ကြိမ်လောက်သာ ချိုးပေးပါက အဆင်ပြေပါသည်။ ကလေးကို ခဏခဏရေချိုးပေးခြင်းက အသားအရေ ခြောက်သွေ့မှုကို ဖြစ်စေနိုင်ပါသည်။
    • သဘာဝပစ္စည်းများကို ရှာဖွေးသုံးပါ။ ဟင်းသီးဟင်းရွက်အဆီများကို အခြေခံသည့် ကုန်ပစ္စည်းများကိုသုံးရန် အကြုံပြုထားပါသည်။ အထိမခံသည့်အရေပြားအတွက် သဘာဝပစ္စည်းအားလုံးနှင့် စိတ်မချရဘူးဆိုလျှင်တောင် အလက်ဂျစ်ထတာလောက်ကလွဲလို့ ကလေးအတွက် စိတ်ခရပါသည်

    ရိုးရှင်းမှုသည် အကောင်းဆုံးဖြစ်သည်။ ကုန်ပစ္စည်းမှ ပါဝင်ပစ္စည်းများ အလွန်များနေပြီး ထိုပစ္စည်းများကို အသံတောင်မထွက်ဘူးဆိုလျှင် ပိုရိုးရှင်းသည့် ထုတ်ကုန်ကိုသာ အသုံးပြုပါ။ ပါဝင်ပစ္စည်းနည်းသော ထုတ်ကုန်ကိုသုံးခြင်းသည် ကလေးနှင့် အန္တရာယ်ရှိပစ္စည်း ထိတွေ့မှုကို လျော့ချပေးနိုင်ပါသည်။

    Hello Health Group သည် ဆေးပညာနဲ့ဆိုင်သော အကြံပေးခြင်း၊ ရောဂါရှာဖွေခြင်းနဲ့ ကုသခြင်းများ မလုပ်ဆောင်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement