backup og meta

သင့်ကလေးကို moisturizer လိမ်းပေးဖို့ ဘာကြောင့်လိုအပ်တာလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 08/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ကလေးကို moisturizer လိမ်းပေးဖို့ ဘာကြောင့်လိုအပ်တာလဲ

    သင့်ကလေးကို moisturizer လိမ်းပေးဖို့ ဘာကြောင့်လိုအပ်တာလဲ …… မိဘတိုင်းက သူတို့ရဲ့ ရင်သွေးလေးတွေကို ကျန်းမာစေချင်ကြတာပါပဲ။ ကလေးငယ်လေးတွေ ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာတာကိုမြင်ရရင် မိဘတွေက စိတ်ချမ်းသာကြပါတယ်။ ဒီအတွက် ကလေးလေးတွေကို ခေါင်းအစခြေအဆုံး မိဘတွေက ဂရုစိုက်ပေးကြပါတယ်။ ဒီဆောင်းပါးမှာတော့ အရေပြားထိန်းသိမ်းတဲ့နေရာမှာ အစိုဓာတ်ထိန်းခရမ် (moisturizer) အသုံးပြုတာက ဘယ်လောက်အရေးကြီးကြောင်း ဖေဖေမေမေတို့ကို ပြောပြမှာဖြစ်ပါတယ်။

    ကလေးအရေပြား ခြောက်သွေ့ရတဲ့ အကြောင်းအရင်း

    မွေးကင်းစကလေးငယ်တွေဟာ မွေးပြီး သီတင်းပတ်အနည်းငယ်အတွင်းမှာ အများကြီးပြောင်းလဲမှုတွေ ဖြစ်နိုင်ပါတယ်။ ကလေးတွေဟာ မိခင်ဝမ်းထဲမှာနေခဲ့စဉ်က ရေမြွာအရည်၊ သွေးနဲ့ vernix လို့ခေါ်တဲ့ အရည်တွေနဲ့ ထိတွေ့လာရတာပါ။ Vernix ဆိုတာက ကလေးငယ်ရဲ့ အရေပြားပေါ်မှာ ကာကွယ်ပေးထားတဲ့ အရည်တစ်မျိုးပါ။ ဒီအရည်က မွေးစကလေးရဲ့ အရေပြားကို ပြင်ပအရာဝတ္တုတွေ၊ ပိုးမွှားတွေကနေ ကာကွယ်ပေးထားပါတယ်။

    နောက်ပိုင်း vernix မရှိတော့တဲ့အခါ မွေးကင်းစကလေးငယ်လေးတွေရဲ့ အသားအရေက အဖတ်လေးတွေလန်တာနဲ့ အရေပြားခြောက်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါတွေကပုံမှန်ပါပဲ။

    ဒါပေမဲ့ တချို့ကလေးတွေမှာ အသားခြောက်တာကြောင့် အရေပြားပြဿနာတွေ ဖြစ်လာနိုင်လို့ သေချာဂရုစိုက်ပေးဖို့ လိုပါတယ်။ အထူးသဖြင့် အစိုဓာတ်ထိန်းကရင်မ် (moisturizer) လိမ်းပေးတာမျိုးပါ။

    သင့်ကလေးကို moisturizer လိမ်းပေးဖို့ ဘာကြောင့်လိုအပ်တာလဲ

    သင့်ကလေးကို moisturizer လိမ်းပေးဖို့ ဘာကြောင့်လိုအပ်တာလဲ ဆိုတော့

    • အရေပြားခြောက်တာကို သက်သာစေပါတယ်။ 

    မွေးစကလေးငယ်လေးတွေကို တစ်ပတ်ကို ၃ ကြိမ်လောက်ပဲ ရေသန့်သန့်လေးနဲ့ ချိုးပေးရင် ရပါပြီ။ ဆပ်ပြာနဲ့ချိုးပေးချင်တယ်ဆိုရင်တော့ ကလေးတွေအတွက် သီးသန့်ထုတ်ထားတဲ့ အပျော့စားဆပ်ပြာမျိုးလေးနဲ့ ချိုးပေးလို့ရပါတယ်။ ရေကို ခဏခဏချိုးပေးမယ်ဆိုရင် ကလေးမှာ အရေပြားခြောက်သွေ့တာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကလေးရေချိုးပြီးတဲ့အခါတိုင်း moisturizer လူးပေးရပါတယ်။ Moisturizer လူးပေးတာက ကလေးရဲ့ အသားအရေအစိုဓာတ်ကို ထိန်းထားပြီးသားဖြစ်မှာပါ။

    • အရေပြားအဖတ်လေးတွေ လန်တာကို သက်သာစေပါတယ်။

    ကလေးငယ်လေးတွေမှာ မိခင်ဝမ်းကထွက်လာချိန်မှာ အရေပြားပေါ်မှာ vernix လို့ခေါ်တဲ့အလွှာတစ်မျိုးပါလာပြီး အဆိုပါအလွှာက အသားအရေကို ကာကွယ်ပေးထားပါတယ်။ အဆိုပါအရည်တွေကို ဖယ်ရှားလိုက်တဲ့အခါမှာတော့ အသားအရေပြောင်းလဲမှုက စတင်ဖြစ်ပေါ်လာပါတော့တယ်။ ဒီလိုမျိုးအခြေအနေမှာ ကလေးရဲ့ အရေပြားက ‌ခြောက်သွေ့ပြီး အဖတ်လန်တာမျိုးတွေ ဖြစ်လာပါတယ်။ ဒီအတွက် moisturizer လိုမျိုး အရေပြားအစိုဓာတ်ထိန်းကရင်မ်ကို သုံးပေးလို့ရပါတယ်။

  • Eczema (နှင်းခူ) လက္ခဏာတွေကို သက်သာစေတယ်။
  • နှင်းခူဆိုတာ ကလေးတွေမှာ အဖြစ်များတဲ့ အရေပြားပြဿနာတစ်ခုပါ။ နှင်းခူဖြစ်တဲ့အခါ အရေပြားက ခြောက်သွေ့ယားယံပြီး နီရဲနေတတ်ပါတယ်။ Moisturizerလိမ်းပေးတာက အရေပြားကို အစိုဓာတ်ဖြည့်ပေးပြီး နှင်းခူကြောင့် ဖြစ်တဲ့ လက္ခဏာတွေကို သက်သာစေပါတယ်။

    • အရေပြားဓာတ်မတည့်တဲ့ လက္ခဏာကို သက်သာစေတယ်။ 

    ကလေးငယ်တွေရဲ့ အရေပြားက လူကြီးအရေပြားထက်ပိုပါးလွှာပြီး နုနယ်တယ်ဆိုတာ ပြောစရာတောင်လိုမယ်မထင်ပါဘူး။ ဒါ့အပြင်ကို ကလေးတွေရဲ့အရေပြားက ဘက်တီးရီးယားတွေ နဲ့ ပတ်ဝန်းကျင်က အန္တရာယ်ရှိတဲ့အရာတွေကို ခုခံနိုင်စွမ်းလည်းနည်းပါတယ်။ ဒါကြောင့် ကလေးတွေရဲ့ အရေပြားက ဓာတ်မတည့်တဲ့အရာတစ်ခုခုနဲ့ ထိတွေ့မိတဲ့အခါ တုံ့ပြန်လွယ်ပါတယ်။

    ဓာတ်မတည့်တဲ့အခါ အရေပြားမှာ အပိမ့်ထွက်တာ၊ ယားယံတာ၊ စပ်ဖျင်းဖျင်း ဖြစ်တာတွေ ခံစားရနိုင်ပါတယ်။ ဒါတွေကို သက်သာစေဖို့ အစိုဓာတ်ထိန်းကရင်မ် အသုံးပြုပေးနိုင်ပါတယ်။

    ကလေးအတွက် Moisturizer ကို ဘယ်လိုရွေးချယ်မလဲ။

    Moisturizer အသုံးပြုဖို့ လိုအပ်တယ်ဆိုပေမယ့် သင့်တော်ကောင်းမွန်တဲ့ moisturizer ဖြစ်ဖို့လည်း လိုအပ်ပါသေးတယ်။ ကလေးတွေရဲ့ အသားအရေက လူကြီးတွေရဲ့ အသားအရေထက် နုနယ်ပါတယ်။ ဒါကြောင့် အနံ့၊ ဆိုးဆေး၊ Hypoallergenic၊ Phthalate နဲ့ paraben တို့မပါဝင်တဲ့ moisturizer ကို သေချာရွေးချယ်အသုံးပြုပေးဖို့ လိုအပ်ပါလိမ့်မယ်။ လူကြီးတွေ သုံးတဲ့ အစိုဓာတ်ထိန်းခရင်မ်ကို မလိမ်းပေးဘဲ ကလေးအတွက် သီးသန့်ထုတ်ထားတဲ့ moisturizer ကို သုံးပေးဖို့ ထပ်မံ အကြံပြုချင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 08/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement