backup og meta

ကလေးတွေ ချောင်းဆိုးခြင်းကို ကုသနိုင်မည့်နည်းလမ်းများ


Wathun Myat Chal မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးတွေ ချောင်းဆိုးခြင်းကို ကုသနိုင်မည့်နည်းလမ်းများ

    အအေးမိခြင်းနဲ့ ချောင်းဆိုးခြင်းတွေဟာ ဘယ်အသက်အရွယ်ပဲဖြစ်ဖြစ် အဖြစ်များတဲ့ ကျန်းမာရေးပြဿနာပါ။ လူကြီးတစ်ယောက်က ချောင်းဆိုးနေမယ်ဆိုရင် သူတို့ဝေဒနာကိုသက်သာစေဖို့ ကိုယ့်ဖာသာ ဆေးဆိုင်ကနေ ဆေးတွေဝယ်သောက်လို့ရနိုင်ပါတယ်။ ဒါပေမယ့် မွေးကင်းစတွေနဲ့ ကလေးငယ်တွေအတွက်တော့ ဆေးညွှန်းမပါဘဲ ကိုယ့်ဖာသာ ဆေးဆိုင်ကဝယ်လို့ရတဲ့ ဆေးတွေကို အမြဲတမ်းသုံးစွဲလို့မရနိုင်ပါဘူး။ လူကြီးတွေနဲ့ ကလေးတွေအတွက် အန္တရာယ်ကင်းအောင်ထုတ်လုပ်ထားတဲ့ အဖျားပျောက်ဆေးတွေရဲ့ ပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။ ၂နှစ်အောက်ကလေးတွေမှာ အသက်အန္တရာယ်ကိုပါထိခိုက်နိုင်စေတဲ့အတွက် ထိုဆေးကိုလုံးဝမသုံးစွဲသင့်ပါဘူး။ ဒါကြောင့် ဒီဆောင်းပါးမှာ ကလေးတွေ ချောင်းဆိုးခြင်းကို ထိရောက်စွာကုသနိုင်မယ့် သဘာဝနည်းလမ်းတွေကို ဖော်ပြချင်ပါတယ်။

    (၁) ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို စမ်းကြည့်ပါ။

    ပျားရည်ဟာ ကျန်းမာရေးဆိုင်ရာပြဿနာအမျိုးမျိုးမှာ သုံးစွဲနိုင်တဲ့ မှော်ဝင်ပစ္စည်းပါ။ အထူးသဖြင့် အအေးမိခြင်းနဲ့ပတ်သက်တဲ့ပြဿနာတွေမှာ ပိုပြိးထိရောက်ပါတယ်။ တကယ်လို့သင့်ကလေးက အပြင်းအထန်ချောင်းဆိုးနေတယ်ဆိုရင် အိပ်ရာမဝင်ခင်မှာ ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းကိုတိုက်ကြည့်ပါ။ ဒါကလည်ချောင်းနာတာကိုသက်သာစေပြီး ချောင်းဆိုးခြင်းကိုလျော့ကျစေပါတယ်။ ဒါပေမယ့် တစ်နှစ်အောက်ကလေးတွေကိုတော့ ပျားရည်မတိုက်ပါနဲ့။ ပျားရည်ဟာ သူတို့လေးတွေရဲ့ အားနည်းတဲ့ အစာခြေစနစ်အတွက် မကောင်းလှပါဘူး။

    (၂) အရည်များများတိုက်ပါ။

    ဒါကမသက်ဆိုင်ဘူးလို့ထင်ရပေမယ့် သင့်ကလေးအအေးမိတဲ့အခါမှာ အရည်တွေပိုသောက်ခြင်းက ချွဲတွေကို လျော့ပါးသွားစေပြီး နှာခေါင်းပိတ်တာကို ကုသပေးနိုင်ကာ လည်ချောင်းကိုလည်းသက်သာစေပါတယ်။ လည်ချောင်းရှင်းသွားရင် ချောင်းဆိုးတာကလည်း သက်သာသွားနိုင်ပါတယ်။ ၆လအောက်ကလေးငယ်တွေအတွက် မိခင်နို့ သို့မဟုတ် နို့မှုန့် ကို ကြက်သီးနွေးအနေမှာထားပြီးတိုက်ပါ။ အစာခြေစနစ်ကို ထိခိုက်မှာစိုးရိမ်ရတာကြောင့် ရေသို့မဟုတ် ဖျော်ရည်တွေမတိုက်ကျွေးသင့်သေးပါဘူး။ ၆လအထက်ကလေးတွေအတွက်ကတော့ ရေ၊ ဖျော်ရည် သို့မဟုတ် နို့ကို တိုက်ကျွေးနိုင်ပေမယ့် ဒါတွေကို နွေးနေတဲ့အချိန်မှာတိုက်တာက အကောင်းဆုံးပါ။ လည်ချောင်းနာတာကိုသက်သာသွားစေဖို့ ပန်းသီးကြိတ်ရည်၊ ကြက်စွပ်ပြုတ်၊ ချောကလက်ပူပူနဲ့ ဂျုံယာဂုစတဲ့ နွေးထွေးတဲ့အရည်တွေကို ပြုလုပ်ပေးနိုင်ပါတယ်။

    (၃) နှာခေါင်းအစက်ချဆေးရည် တွေကိုသုံးပါ။

    ကလေးတစ်ယောက် အအေးမိပြီဆိုရင် နှာခေါင်းပိတ်တတ်ပြီး တစ်ချိန်တည်းမှာပဲ အသက်ရှူရတာ၊စားရတာ၊အိပ်ရတာတွေကို ခက်ခဲစေပါတော့တယ်။ တဖြည်းဖြည်းနဲ့ လေပြွန်ကိုထိခိုက်လာနိုင်ပြီး ချောင်းဆိုးခြင်းကိုဖြစ်ပေါ်စေပါတယ်။ ဒီလိုအခြေအနေမျိုးမှာ သန့်စင်တဲ့ပစ္စည်းတွေပါဝင်တဲ့ နှာခေါင်းအစက်ချဆေး (saline nasal drops)ကိုသုံးတာက နှာခေါင်းထဲမှာရှိတဲ့အချွဲတွေကိုပျော်ဝင် ပါးလျသွားစေပြီး လေပြွန်ရောင်တာကိုသက်သာစေပါတယ်။ နှာခေါင်းအစက်ချဆေးသုံးပြီးတဲ့နောက်မှာ နှာခေါင်းထဲက အချွဲတွေကို အလွယ်တကူဖယ်ရှားလို့ရနိုင်ပါပြီ။ ထိုအစက်ချဆေးရည် တွေဟာ ကလေးအအေးမိတာ မသက်သာမချင်း နေ့ဘက်တွေမှာအချိန်တိုင်းအသုံးပြုလို့ရပါတယ်။ ဒါပေမယ့် နာခေါင်းအနာမဖြစ်စေဖို့အတွက် အလွန်အကျွံအသုံးပြုခြင်းကိုရှောင်ပါ။

    (၄) ရေငွေ့စက် (humidifier)ကိုအသုံးပြုပါ။

    ချောင်းဆိုးခြင်းဟာ ရာသီဥတုကြောင့်နဲ့ ညစ်ညမ်းတဲ့လေထုကြောင့်လည်းဖြစ်နိုင်ပါတယ်။ Humidifierက နွေးထွေးပြီးရေငွေ့ပါတဲ့လေကိုထုတ်လွှတ်ပေးနိုင်တာကြောင့် ကလေးငယ်ရဲ့ချောင်းဆိုးခြင်းကိုလည်း သက်သာစေပါတယ်။ တကယ်လု့ိ သင့်မှာ ဒီအပူရေနွေးငွေ့စက် မရှိခဲ့ရင် ရေချိုးဇလုံထဲကို ရေနွေးပူတွေထည့်ပြီး သင့်ကလေးနဲ့အတူ ပူနွေးနေတဲ့ရေချိုးခန်းထဲမှာ ၁၅မိနစ်ခန့်ထိုင်ပေးနိုင်ပါတယ်။ တစ်ဘက်မှာလည်း အအေးရေနွေးငွေ့စက် ကို ကလေးရဲ့အခန်းတွင်းမှာအသုံးပြုနိုင်ပါတယ်။ ဒါမှမဟုတ် သင့်လျော်တဲ့ အဝတ်အစားတွေဝတ်ပေးကာ မိနစ်၂၀ခန့် အပြင်ခေါ်ထုတ်ပြီး ပြင်ပလေရအောင်လုပ်ပေးပါ။ သန့်ရှင်းလတ်ဆတ်တဲ့လေရတာကလည်း ချောင်းဆိုးခြင်းကို သက်သာစေပါတယ်။

    ကလေးတွေချောင်းဆိုးခြင်းဟာ ထိန်းသိမ်း ကုသရလွယ်ကူတဲ့ကျန်းမာရေးအခြေအနေတစ်ခုပါ။ ဒါပေမယ့် ဂရုမစိုက်ဘဲပစ်ထားမိမယ်ဆိုရင်တော့ ကလေးအခြေအနေက ပိုဆိုးသွားနိုင်ပါတယ်။ အထက်မှာဖော်ပြထားတဲ့ ရိုးရှင်းတဲ့နည်းလမ်းတွေက သင့်ကလေးကို အအေးမိခြင်းနဲ့ချောင်းဆိုးခြင်းတွေကနေ သက်သာသွားစေနိုင်ပါတယ်။ ဆရာဝန်မညွှန်ကြားဘဲကိုယ့်ဖာသာ ဆေးဆိုင်ကဝယ်ပြီး အသုံးပြုတဲ့ဆေးတွေထက် များစွာလွယ်ကူပြီး အန္တရာယ်ကင်းတဲ့နည်းလမ်းတွေကို ရွေးချယ်တာက အကောင်းဆုံးပါပဲ။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Wathun Myat Chal မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement