backup og meta

ကလေးတွေကို ခြင်ကိုက်ခြင်းမှ ဘယ်လိုကာကွယ်မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Hello Sayarwon Panel မှ ရေးသားသည်။ · 22/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးတွေကို ခြင်ကိုက်ခြင်းမှ ဘယ်လိုကာကွယ်မလဲ

    ခြင်ကိုက်ခြင်းဟာ ကလေးငယ်ရဲ့ အသားအရေကို ယားယံစေရုံသာမက အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ ရောဂါတွေကိုပါ ရရှိစေနိုင်ပါတယ်။ ဒါ့ပြင် ကလေးငယ်တွေဟာ ခြင်ကိုက်အခံရနိုင်ဆုံးသူတွေ ဖြစ်ပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ ကလေးတွေကို ခြင်ကိုက်ခြင်းမှ ဘယ်လိုကာကွယ်မလဲ ဆိုတာကို သိထားသင့်ပါတယ်။

    ကလေးတွေကို ခြင်ကိုက်ခြင်းမှ ဘယ်လိုကာကွယ်မလဲ

    ကလေးတွေကို ခြင်ကိုက်ခြင်းမှ ဘယ်လိုကာကွယ်မလဲ ဆိုတော့

    • ကာကွယ်နိုင်တဲ့ အဝတ်အစားကို ဝတ်ပါ။

    တကယ်လို့ သင်နဲ့ သင့်ကလေးငယ်ဟာ ခြင်များတဲ့နေရာမှာ အချိန်အကြာကြီးနေမယ်ဆိုရင် အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်တွေကို ဝတ်သင့်ပါတယ်။ အဝတ်အစားတွေဟာ ခြင်ကိုက်ခံရခြင်းကို အတိုင်းအတာ တစ်ခုအထိ ကာကွယ်ပေးနိုင်ပါတယ်။

    ဒီလိုအဝတ်အစားတွေကို ဓာတုပစ္စည်းပါဝင်သော (သို့) သဘာဝ ခြင်မကိုက်တဲ့ဆေးတွေနဲ့ ပေါင်းစပ်ပြီးလည်း အသုံးပြုနိုင်ပါတယ်။ ခြင်တွေကို ပိုမိုဆွဲဆောင်နိုင်တဲ့ တောက်ပတဲ့ အဝတ်အစားတွေကို မဝတ်ဆင်သင့်ပါဘူး။

    • ခြင်ကိုက်မခံရအောင် ဆေးလိမ်းပါ။

    ၁။ အသက်၂ လ အောက် ကလေးငယ်တွေမှာ ခြင်ကိုက်မခံရဆေး အသုံးမပြုသင့်ပါဘူး။

    ၂။ ခြင်ကိုက်မခံရစေတဲ့ ဆေးတွေကို ပြတ်ရှနာ၊ အနာတွေပေါ်ကို မလိမ်းသင့်ပါဘူး။

    ၃။ ဆေးထုတ်ပိုးမှုပေါ်မှ အညွှန်းကို သေချာစွာ ဖတ်ပြီး ပါဝင်ပစ္စည်းတွေကိုလည်း သိရှိသင့်ပါတယ်။

    ၄။ ခြင်ကိုက်မခံရတဲ့ဆေးကို ကလေးငယ်ရဲ့ မျက်နှာပေါ် တိုက်ရိုက်ဖြန်းမယ့်အစား (ဒါကို မလုပ်သင့်ပါဘူး) လက်ပေါ်ကို အရင်ဖြန်းပြီး ကလေးငယ်ရဲ့ မျက်နှာပေါ် ပွတ်လိမ်းပေးသင့်ပါတယ်။ နောက်တစ်နည်းကတော့ ခြင်ကိုက်မခံရစေတဲ့ ဆေးခရင်မ်တွေကို အသုံးပြုနိုင်ပါတယ်။

    ၅။ လုံလောက်တဲ့ပမာဏကို ကလေးငယ်ရဲ့ အရေပြားပေါ်ကို အသုံးပြုပါ။ အကြိမ်များစွာ အသုံးပြုခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ ခြင်ကိုက်ခံရဆေးများလွန်းခြင်း၊ နည်းလွန်းခြင်းဟာ သူ့ရဲ့ အာနိသင်ကို ထိခိုက်စေနိုင်ပါတယ်။

    ၆။ ကလေးငယ်ရဲ့ အရေပြားပေါ်က ခြင်ကိုက်မခံရဆေးတွေကို ဆပ်ပြာနဲ့ ရေကို အသုံးပြုပြီး သေချာစွာ ဆေးချသင့်ပါတယ်။

    • သင့်အိမ်ကို လုံခြုံစိတ်ချရပြီး ခြင်အန္တရာယ်မှ ကင်းဝေးအောင် ကြိုးစားပါ။

    ခြင်တွေဟာ အချို့ပတ်ဝန်းကျင်တွေမှာသာ ရှင်သန်နေနိုင်ပါတယ်။ သင့်အိမ်ပတ်ဝန်းကျင်ဟာ သင့်ပတ်ပတ်လည်မှာ ရှိတဲ့ ခြင်အရေအတွက်ကို ဆုံးဖြတ်ရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ သင့်မိသားစုကို ထိခိုက်ခြင်း၊ ခြင်များခြင်းတွေကို ကာကွယ်ပေးနိုင်မယ့် နည်းလမ်းများစွာ ရှိပါတယ်။ ဥပမာ

    ၁။ခြင်တွေ လေနဲ့ပါသွားအောင် အိမ်မှာ ပန်ကာကို အသုံးပြုနိုင်ပါတယ်။

    ၂။ခြင်များ ပေါက်ပွားခြင်း၊ နေထိုင်ခြင်းတွေကို ကာကွယ်ဖို့အတွက် ခြင်တွေ နေထိုင်နိုင်တဲ့ ရေအိုင်၊ ဗွက်အိုင်တွေကို မြေဖို့ သင့်ပါတယ်။

    ၃။ခြင်လုံစကာတွေ ကျိုးနေခြင်း၊ ပဲ့နေခြင်းရှိရင် ခြင်များ အထဲမဝင်နိုင်အောင် ပြင်ဆင်ခြင်း၊ အသစ်လဲခြင်း ပြုလုပ်သင့်ပါတယ်။

    ၄။သင့်ခြံဝန်း၊ ရေချိုးကန်၊ ရေကန် တွေမှ ရေသေများကို ဖယ်ရှားသင့်ပါတယ်။

  • သင့်ကလေးကို ထားတဲ့ ပုခက်မှာ ခြင်ထောင် တပ်ဆင်ပါ။
  • သင့်ကလေးအိပ်တဲ့နေရာ၊ အိပ်ရာ၊ ပုခက် အစရှိသည်တို့မှာ ခြင်ထောင် ထောင်ပေးသင့်ပါတယ်။ အပေါက်သေးတဲ့ ခြင်ထောင်ဟာ ခြင်တွေ အထဲဝင်ဖို့ ခက်ခဲစေတာမို့ ကလေးငယ်ကို ပိုမို ကာကွယ်ပေးနိုင်ပါတယ်။ ခြင်ထောင်တွေကို ကားထိုင်ခုံ၊ ပုခက်၊ ကလေးတွန်းလှည်း အစရှိသည်တို့မှာ အသုံးပြုနိုင်ပါတယ်။

    ကလေးငယ်ရဲ့ အခန်းထဲမှာ လာဗင်ဒါအနံ့ရှိတဲ့ အထုတ်၊ ခေါင်းအုံးတွေကို ထားသင့်ပါတယ်။

    လာဗင်ဒါ အခြောက်တွေကို အိတ်ငယ်နဲ့ ထည့်ပြီး ထားခြင်းဟာ ကလေးငယ်ကို ခြင်ကိုက်ခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။

    ဒီအထုပ်တွေကို ကလေးငယ် ဆော့ကစားခြင်း၊ မြိုချခြင်းမပြုနိုင်အောင် ကလေးငယ် မမီနိုင်တဲ့ မြင့်မားတဲ့နေရာတွေမှာ ထားသင့်ပါတယ်။

    တကယ်လို့ သင့်ဟာ သင့်ပတ်ဝန်းကျင်မှာ ခြင်မြောက်မြားစွာကို တွေ့နေရဆဲဆိုရင်တော့ ဆရာဝန်ကို ဆက်သွယ်ပြီး အကြံဉာဏ် တောင်းခံခြင်း၊ ကုသမှု ခံယူခြင်းတွေ ပြုလုပ်နိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Hello Sayarwon Panel မှ ရေးသားသည်။ · 22/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement