backup og meta

သင့်ကလေးကို ညစ်ပေတာတွေနဲ့ ဆော့ခွင့်ပြုလိုက်ပါ


Khine Phoo Ngon မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ကလေးကို ညစ်ပေတာတွေနဲ့ ဆော့ခွင့်ပြုလိုက်ပါ

    ရှုပ်ရှုပ်ပွပွ ညစ်ညစ်ပတ်ပတ်နေတတ်တာဟာ ကလေးတိုင်းရဲ့ ထူးခြားတဲ့ အပြုအမူ ဖြစ်ပါတယ်။ မိဘတွေဟာ သူတို့ရဲ့ကလေးတွေကို ငယ်ရွယ်စဉ်ကတည်းက သန့်ရှင်း သပ်ရပ်စွာစတင် နေတတ်အောင် သင်ကြားပေး၊ ထိန်းကျောင်းပေးနေလေ့ရှိကြပါတယ်။ အဲလိုမျိုး ထိန်းကျောင်းပေးတာကို ရှောင်ရှားလို့ မရပါဘူး။

    ညစ်ပေတာ အားလုံးကို ကလေးတွေကို ပေးမလုပ်တာဟာ သင့်ကလေးရဲ့ စူးစမ်းလေ့လာခြင်းကို တားမြစ်သလိုဖြစ်သွားနိုင်ပြီး သင့်ကလေး ကျန်းမာရေးအတွက် ဆိုးကျိုး သတ်ရောက်မှုပေးနိုင်တာတွေကိုပေးနိုင်ပါတယ်။

    သံသယရှိနေသေးတယ်ဆိုရင်တော့ သေချာ သိရှိလာအောင် ဘာ့ကြောင့် သင့်ကလေးကို ညစ်ပေတာတွေနဲ့ ဆော့ခွင့်ပြု သင့်တယ်ဆိုတာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

    ကလေးဘဝနဲ့ အရွယ်ရောက်ချိန်ကြားကာလမှာ သင့်ကလေးရဲ့ ခုခံအားစနစ်ဟာ အကောင်းဆုံး နဲ့ အသန်မာဆုံး အခြေအနေကို ရောက်ရှိနေတာဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ ခုခံအားစနစ်ဆိုတာဟာ ဘက်တီးရီးယား၊ ဗိုင်းရပ်(စ်) ၊ ကပ်ပါးကောင်နှင့် အဆိပ်အတောင့်များ ကဲ့သို့သော ခန္ဓါကိုယ်ပြင်ပ မှ ဝင်ရောက်လာတာတွေကို တိုက်ထုတ် ခုခံပေးဖို့ တည်ဆောက်ထားတာဖြစ်ပါတယ်။

    ဒါပေမယ့် ခန္ဓါကိုယ် သန်စွမ်းဖို့ လေ့ကျင့်ခန်းမှန်မှန်လုပ်ရသလိုမျိုး ဒီ ခုခံအားစနစ်ကြီးသန်မာ ကောင်းမွန်လာဖို့က ကျွန်ုပ်တို့ ရဲ့ ခန္ဓါကိုယ်ကို လေ့ကျင့်ပေးဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် ခုခံအားစနစ်က ပိုးမွှားတွေကို ဘယ်လို တိုက်ထုတ်ရမယ်ဆိုတဲ့ နည်းလမ်းတွေကို သင်ကြားနိုင်အောင် ကျွန်ုပ်တို့ရဲ့ ခန္ဓါကိုယ်နဲ့ ဒုက္ခပေးနိုင်တဲ့ ပိုးမွှားတွေကို အရင်ထိတွေ့ပေးထားဖို့ လိုအပ်ပါတယ်။

    တကယ်လို့ သင့်ကလေးဟာ ရောဂါပိုးမွှားမျိုးစုံနဲ့ အခြားပတ်ဝန်းကျင်ကို ထိတွေ့မှုများခဲ့ပါက ကလေးရဲ့ ဘဝနောက်ပိုင်းမှာ ရောဂါတွေ ဖြစ်နိုင်ချေကို လျော့နည်းစေနိုင်ပါတယ်။ ဒါ့ကြောင့် သန့်ရှင်းမှုဟာ အရေးကြီးပေမယ့် အရမ်းအလွန်အကျွံ သန့်ရှင်းနေဖို့ မလုပ်ဆောင်သင့်ပါဘူး။

    ညစ်ပတ်ခြင်းက သင့်ကလေးကို ဘယ်လိုပိုကြံ့ခိုင်အောင်နေရမယ်ဆိုတာ ကို သင်ကြားပေးပါစေ။

    သင့်ကလေးရဲ့ ခုခံအားစနစ်ကို ပိုကောင်းမွန်စွာ ဖွံ့ဖြိုးလာနိုင်ရေး အတွက် သင့်ကလေးတွေကို ပျော်ပျော် ရွှင်ရွှင် ပြေးလွှားပြီး အပြင်မှာ ထွက်ကစားတာမျိုး ခွင့်ပြုရပါမယ်။ ကလေး ပေပွလာခြင်းက သင်စိတ်ပူသင့်တာမျိုး မဟုတ်ပါဘူး။

    အိမ် ပြင်ပမှာကစားပြီး ပျော်ရွှင်ရတဲ့ ခံစားမှုမျိုးကို သန့်ရှင်းတဲ့ အဝတ်အစား၊ ဂိမ်း၊ TV တွေနဲ့ အစားမထိုးနိုင်ပါဘူး။ ကျောင်းနေအရွယ်မှာ တက်ကြွမှုရှိခြင်းကလည်း ကလေးကျန်းမာရေးအတွက် အထောက်အကူ ဖြစ်စေပါတယ်။ နာရီပေါင်းများစွာ စာသင်ကြားပြီး၊ ကျောင်းထိုင်ခုံတွေမှာ ထိုင်ပြီး အပြင်ထွက်ကစား လှုပ်ရှားတာက သင့်ကလေးလေးကို ခွန်အား၊ စွမ်းအင်တွေပြန်ရအောင် နဲ့ စာများများ လေ့လာသင်ယူချင်စိတ်ဖြစ်လာအောင် ကူညီပေးပါတယ်။

    ထပ်ပြီး ဖော်ပြရမယ်ဆိုရင်တော့ စူးစမ်းလေ့လာခြင်း ကိုနှစ်သက်တဲ့ကလေးတွေအတွက် ညစ်ပတ်ခြင်းက ရှောင်ရှားလို့ မရနိုင်ပါဘူး။ ဒါပေမယ့် ဒီညစ်ပတ်တာကိုပဲ မကြည့်ပဲ ဒီထက်ပိုလေးလေးနက်နက် စဉ်းစားကြည့်ပါ။

    အိမ်အပြင်ဘက် က ပြင်ပ ကမ္ဘာကို လေ့လာကြည့်ခြင်းက သင့်ကလေးရဲ့ စူးစမ်းလေ့လာတဲ့ အရည်အချင်းတွေပိုတိုးလာနိုင်ပါတယ်။ စိတ်ကူးတွေ၊ တီထွင်နိုင်စွမ်းတွေ၊ လူမှုဆက်ဆံရေးတွေ၊ ကိုယ်ကာယ လုပ်ဆောင်နိုင်မှုတွေက စာအုပ်ထဲက သင်ခန်းစာတွေက ရရှိတာတွေ ထက် ပိုမိုကောင်းမွန်လာနိုင်ပါတယ်။

    ကိုယ်ကာယ လေ့ကျင့်ခန်းတွေ ကောင်းကောင်းလုပ်ဆောင်နိုင်တာကြောင့် သန်မာတဲ့ စိတ်နဲ့ ခန္ဓါကိုယ်ကို ရရှိပိုင်ဆိုင်စေနိုင်ပါတယ်။ တီထွင်နိုင်စွမ်းတွေ မြင့်မားလာတာနဲပ အမျှ ကလေးရဲ့ လိုက်လျောညီထွေနေနိုင်မှု၊ လူမှုဆက်ဆံရေး စတာတွေမှာလည်း ကောင်းသော ပြောင်းလဲခြင်းတွေ ဖြစ်စေနိုင်ပါတယ်။ တက်ကြွသော၊ ကျန်းမာသော၊ လန်းဆန်းသောကလေးက ဘဝနောင်ရေးမှာ ပိုပြီးအောင်မြင်နိုင်ပါတယ်။

    ဒါဆိုရင် သင့်ကလေးကို ပြင်ပလှုပ်ရှားမှုတွေမှာ ကှန်းမာပျော်ရွှင်စွာ ပါဝင်လာနိုင်အောင် ဘာတွေ လုပ်ပေးနိုင်မလဲ? အောက်မှာ အကြံးပေးချက် တစ်ချို့ရှိပါတယ်။

    ဥယျာဉ်စိုက်ပျိုးခြင်း။

    ဥယျာဉ်စိုက်ပျိုးမှု လုပ်ဆောင်ရမယ့်အခါ သင့်ကလေးလေးကို ရေလောင်းခြင်း၊ ပန်းပင်စိုက်ခြင်းစတဲ့ သေးငယ်တဲ့ လုပ်ဆောင်ချက် လေးတွေကို ကူညီခိုင်းပါ။ သင့်ကလေးက အရမ်းငယ်နေတယ်ဆိုရင်တော့ မြေကြီး၊ ရွှံ့တွေနဲ့ ရဲတိုက်တစ်ခုခု သူ့ဘာသူ ဖန်တီးလုပ်ဆောင်ခိုင်းပါ။

    သင့်ကလေးလေးအတွက် သီးသန့် ဥယျာဉ်ငယ်လေး ဖန်တီးထားပေးနိုင်ပါတယ်။ ညစ်ပတ်တာတွေနဲ့ ကစား ပြီးပြီ ဆိုရင်တော့ လက်သေချာ ဆေးခိုင်းဖို့ မမေ့ပါနဲ့။

    သဘာ၀ ပစ္စည်းတွေစုဆောင်းခြင်းကို စတင်ပါ။

    သဘာ၀ ပစ္စည်းတွေ ဟာ အရမ်း စိတ်ဝင်စားစရာကောင်းပြီး သင့်ကလေးကို သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သတ်တာတွေကို သင်ကြားပေးနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။ ကလေးတွေကို ကျောက်ခဲလေးတွေ၊ ပန်းရိုင်းလေးတွေ၊ အရွက်လေးတွေ၊ အင်းဆက် ပိုးကောင်လေးတွေကို လေ့လာ စုဆောင်းဖို့ အကြံပေးနိုင်ပါတယ်။

    ကလေးများ(သို့) အရွယ်ရောက်ပြီးသား ကလေးတွေတောင် ညစ်ပတ်တာတွေ(ရွှံ့၊မြေကြီး) နဲ့ကစားခြင်းကနေ ကောင်းကျိုးတွေရနိုင်ပါတယ်။ စိတ်ရော၊ ကိုယ်ရောအတွက်ပါ သေချာပေါက် ကောင်းမွန်စေပါတယ်။

    အခုသင်က ပိုးမွှား၊ ဘက်တီးယီးယား၊ ကပ်ပါးကောင်တွေနဲ့ ထိတွေ့ခြင်းက သင့်ကလေးရဲ့ ခုခံအားစနစ်ဖွံ့ဖြိုးမှုကို ဘယ်လို အထောက်အကူပြုနေတယ်ဆိုတာ သိရှိပြီး ဖြစ်တဲ့ အတွက် သင့်ကလေးလေးကို အိမ်အပြင်မှာ ပေးကစားစေပြီး သူတို့ရဲ့ ကမ္ဘာလေးကို ပျော်ရွှင်အောင် လုပ်ဆောင်ခွင့်ပြုပေးရပါမယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Khine Phoo Ngon မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement