backup og meta

သင့်ကလေး ညာနေတာလား, နာနေတာလား


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ကလေး ညာနေတာလား, နာနေတာလား

    သင့်ကလေးခေါင်းမူးတယ်၊နှာစေးတယ်ဒါမှမဟုတ်ဗိုက်နာတယ်၊ဗိုက်အောင့်တယ်လို့ပြောရင်တကယ်ပဲဖျားနာနေတာလားဒါမှမဟုတ်ကျောင်းမသွားချင်လို့သင့်ကိုသက်သက်ညာနေတာလားဆိုတာပြောဖို့နည်းနည်းတော့ခက်ပါတယ်။ ဆိုတော့ဆရာဝန်ပဲသွားပြရမှာလား၊သင့်ကလေးကိုပဲနားရွက်လိမ်ဆွဲရမှာလားဆိုတာသင်ဆုံးဖြတ်ဖို့လိုလာပါပြီ။

    သင့်အနေနဲ့ဒီအမှုကြီးကိုစုံစမ်းဖော်ထုတ်ဖို့လိုလာပါပြီ။

    မြေပြင်အခြေအနေကိုကွင်းဆင်းပါ။

    သင်မြင်ရတဲ့အခြေအနေနဲ့သင့်ကလေးရဲ့ပြောစကားကိုချိန်ထိုးပါ။ တကယ်လို့သင့်ကလေးဟာဗိုက်နာတယ်သာတွင်တွင်အော်နေပေမယ့်ဝက်အူချောင်းတွေ၊မုန့်တွေ၊ကိတ်မုန့်တွေအစားမပျက်ဖူးဆိုရင်ဒါဘာပြဿနာမှမရှိပါဖူး။ ဒါပေမယ့်သင့်ကလေးဟာအစာလည်းမစား၊အရည်တွေလည်းမသောက်တော့ဖူးဆိုရင်တော့သင်စိုးရိမ်သင့်ပါပြီ။

    သက်သေခံတွေကိုစုဆောင်းပါ။

    သင့်ကလေးနေကောင်းလားမကောင်းလားနဲ့ပတ်သက်ပြီးသင့်ကိုသတင်းပေးနိုင်မယ့်ရိုးရှင်းတဲ့ကိရိယာလေးနှစ်ခုရှိပါတယ်။ ဒါတွေက ပြဒါးတိုင်နဲ့ဓါတ်မီးလေးပဲ ဖြစ်ပါတယ်။

    ရှေးခေတ်ကသုံးတဲ့သားသားလေးဖျားနေလားမှန်းစမ်းဆိုပြီးနဖူးပေါ်လက်လေးတင်ပြီးစမ်းတာတကယ်တော့သိပ်အလုပ်မဖြစ်လှပါဖူး။ သင့်လက်ကစမ်းလို့ရတာဟာနဖူးအရေပြားရဲ့အပူချိန်သာ ဖြစ်ပါတယ်။ သင့်အနေနဲ့ခန္ဓါကိုယ်အတွင်းပိုင်းအပူချိန်ကိုအဓိကတိုင်းရမှာပါ။

    စောင်ပုံထဲအောင်းထားတာဒါမှမဟုတ်နဖူးပေါ်ရေနွေးပုလင်းကပ်ထားတာမျိုးကိုလောလောလတ်လတ်လုပ်ထားရင်သင်စမ်းကြည့်တဲ့အခါသင့်ကလေးရဲ့နဖူးပူနေတာတွေ့ရပါလိမ့်မယ်။ ဂုဏ်ယူပါတယ်။ သင့်ကလေးသင့်ကိုအောင်မြင်စွာအရူးလုပ်သွားပါပြီ။ ဒါပေမယ့်မိဘဆိုတာအမြဲခြေတလှမ်းသာနေရပါမယ်။ သင်သိထားဖို့ကခုနကပြောသလိုတွေလုပ်ထားလို့သူတို့လေးတွေရဲ့နဖူးပူနေသည့်တိုင်ခန္ဓါကိုယ်အတွင်းပိုင်းအပူချိန်ကတော့တက်နေစရာဘာအကြောင်းမှမရှိပါဖူး။ ခန္ဓါကိုယ်အပူချိန်သုံးဆယ့်ရှစ်ဒီဂရီစင်တီဂရိတ်ထက်ပိုတော့မှဖျားတယ်လို့ဆရာဝန်တွေကသတ်မှတ်ပါတယ်။ ကလေးတွေဟာသူတို့အပူချိန်ကျသွားမှာကိုမစိုးရိမ်ပါဖူး(ကျောင်းသွားရမှာတော့စိုးရိမ်ကောင်းစိုးရိန်ပါလိမ့်မယ်)။ သင့်ကလေးအနေနဲ့လွန်ခဲ့တဲ့၂၄နာရီအတွင်းacetaminophenတို့၊ibuprofen တို့လိုအဖျားကျဆေးတွေလုံးဝမသောက်ထားတဲ့အနေအထားမှာခန္ဓါကိုယ်အပူချိန်ကပုံမှန်အတိုင်းအတာထဲမှာရှိနေသင့်ပါတယ်။

    ဓါတ်မီးလေးကိုတော့သင့်ကလေးရဲ့ပါးစပ်အတွင်းထဲကိုကြည့်ဖို့သုံးပါ။ ကြည့်နေတဲ့အချိန်မှာသူတို့ကိုပါးစပ်အကျယ်ကြီးဟပြီး “အား”လို့အော်ခိုင်းပါ။ ဒီလိုအော်လိုက်ခြင်းအားဖြင့်လျှာကိုအောက်ဖိချထားလိုက်သလို ဖြစ်သွားတာကြောင့်အာသီးကိုရှင်းရှင်းလင်းလင်း မြင်ရပါလိမ့်မယ်။ တကယ်လို့လည်ချောင်းအနောက်ဖက်နားမှာအဖြူရောင်အစက်လေးတွေဒါမှမဟုတ်အရည်လေးတွေကိုတွေ့နေရတယ်ဆိုရင်သင့်ကလေးဖျားနေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီအချက်လေးတွကိုတွေ့တာနဲ့သင့်ကလေးဘက်တီးရီးယားပိုးဝင်နေပြီလို့သေချာပေါက်ဆိုလိုတာတော့မဟုတ်ပါဖူး။ လည်ပင်းကအကျိအချွဲလေးတွေကိုအနည်းငယ်ယူပြီးဓါတ်ခွဲခန်းမှာသေချာအောင်စစ်ဆေးရဦးမှာပါ။ ဒါပေမယ့်သင်ပြောနိုင်တာတခုကသင့်ကလေးပုံမှန်တော့မဟုတ်ဖူးဆိုတာပါပဲ။

    ပွင့်ပွင့်လင်းလင်းဆွေးနွေးပါ။

    သင့်ကလေးနေကောင်းရက်သားနဲ့ညာပြောတိုင်းမဆူပါနဲ့။ အကြောင်းရင်းကိုသိအောင်လုပ်ပါ။ သင့်ကိုညာပြောရတာဟာကျောင်းမှာသူတို့ကိုကြောက်စေတဲ့၊စိုးရိမ်ပူပန်စေတဲ့၊ပိုဆိုးတဲ့အရာတခုခုကစောင့်ကြိုနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သင့်ရဲ့ကလေးပြုစုစောင့်ရှောက်မှုစွမ်းရည်ကိုမြှင့်တင်ပြီးသူတို့လေးတွေရဲ့စိတ်ထဲမှာတကယ်တမ်းဘာတွေရှိနေတယ်၊ဘာတွေဖြစ်နေတယ်ဆိုတာကိုသေချာသိအောင်လုပ်ရပါမယ်။ ကျောင်းမှာတရားလွန်စနောက်ခံရတာဒါမှမဟုတ်အနိုင်ကျင့်ခံရတာစတဲ့သူတို့မကြိုက်တဲ့၊အန္တရာယ်ရှိတဲ့အခြေအနေတွေကနေရှောင်ပုန်းချင်တဲ့အတွက်အကြောင်းရှာနေတာ ဖြစ်နိုင်ပါတယ်။

    သင့်အနေနဲ့မသေချာရင်ဘာလုပ်ရမလဲ

    တခါတလေကျရင်မနက်ကျောင်းကားမလာခင်လေးမှသင့်ကလေးကနေမကောင်းဖူးလို့ပြောတဲ့အခါသင့်အနေနဲ့သူလေးညာနေတာလား၊တကယ်နေမကောင်းတာလားဆိုတာချက်ချင်းသိချင်မှသိနိုင်ပါလိမ့်မယ်။ ဒီလိုအနေအထားမျိုးနဲ့ကြုံလာရင်တနာရီလောက်စောင့်ကြည့်ပြီးသူတို့ညာနေတာဆိုရင်နောက်ကျနေလည်းကျောင်းကိုသင်ကိုယ်တိုင်လိုက်ပို့ပါ။ အဓိကအချက်ကကိုယ့်ကလေးအထာကိုကိုယ်နပ်ဖို့ပါပဲ။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement