backup og meta

သင့်ကလေးတွေရဲ့ အတွင်းရေးကိစ္စတွေမှာ သင်ဝင်စွက်ဖက်သင့်သလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Phyo Wai Yan မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ကလေးတွေရဲ့ အတွင်းရေးကိစ္စတွေမှာ သင်ဝင်စွက်ဖက်သင့်သလား

    ကိုယ်ရေးကိုယ်တာကိစ္စ ဝင်ရောက်စွက်ဖက်မှုဆိုတာ အုပ်ထိန်းမှုနဲ့ပတ်သက်ပြီး ဗဟုသုတနည်းတာနဲ့ဆက်စပ်နေပါတယ်။ သင့်ကလေးရဲ့ ကိုယ်ပိုင်လွတ်လပ်မှုပေးတာနဲ့ ကာကွယ်မှုပေးတာကို ချိန်ညှိနိုင်ဖို့ မိဘတွေအနေနဲ့ ဘာတွေလုပ်ပေးနိုင်သလဲ?

    ကိုယ်ရေးကိုယ်တာကိစ္စ ဝင်ရောက်စွက်ဖက်မှုလား မိဘတွေရဲ့ လုပ်ပိုင်ခွင့်လား ?

    ကလေးတွေရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေနဲ့ ပတ်သက်လာပြီဆိုရင် မိဘတွေဘက်က ဘယ်လိုစည်းမျဉ်းတွေ လုပ်သင့်မလဲ။သူတို့တွေရဲ့ ဒိုင်ယာရီကိုဖတ်ကြည့်မှာလား၊ ဖုန်းပြောနေတာကို နားထောင်မှာလား ဒါမှမဟုတ် သူတို့ဘယ်လိုဖြတ်သန်းနေသလဲဆိုတာသိဖို့ လိုက်စုံစမ်းနေဦးမှာလား။ တချို့မိဘတွေကတော့ ဒီလုပ်ရပ်တွေက တရားမျှတတယ်လို့ သဘောထားကြပြီး လက်ခံနိုင်တယ်လို့လည်း တွေးကောင်းတွေးကြပါလိမ့်မယ်။ ဒါပေမယ့် ဒီနည်းကကော တကယ်ထိရောက်မှုရှိရဲ့လား။

    ကလေးတွေက သူတို့အတွင်းရေးတွေကို သူတို့ဘာသာချယ်လှယ်လိုကြပြီး မိဘတွေသိဖို့လိုတယ်ထင်တာကိုသာ ပြောပြတတ်ကြပါတယ်။ ဒီတော့ သူတို့ကိစ္စကိုဝင်ရှုပ်နေပြီလို့ထင်ရင် သူတို့ကပိုလျှို့ဝှက်တတ်ကြပြီး မိဘတွေကိုလည်း သူတို့အကြောင်းအသိမပေးတတ်တော့တာပုံမှန်ပါပဲ။ ဒီပြသနာကို ဖြေရှင်းချင်တယ်ဆိုရင်တော့ မိဘတွေအနေနဲ့ သတင်းပိုရဖို့တိုက်ရိုက်မေးတာပိုကောင်းပါတယ်။ ဒါပေမယ့် ကံမကောင်းရင် ပိုခုခံမှုလုပ်တတ်ပါတယ်။

    ကလေးတွေက သင်သူတို့အကြောင်းသိရဖို့လုပ်နေတာကိုလည်း အသိမှတ်မပြုပါဘူး။ ပြီးတော့ သင်သူတို့ရဲ့ privacy ကိုဝင်နှောင့်ယှက်နေတယ်ဆိုရင် မိသားစုတွင်းပဋိပက္ခတွေဖြစ်လာတဲ့အထိ ပြုမှုလာပါလိမ့်မယ်။

    နားထောင်ပါ  ဆွေးနွေးပါ ညှိုနှိုင်းပါ

    ပွင့်လင်းမျှတတဲ့ ဆွေးနွေးမှုက မိဘနဲ့ကလေးဆက်ဆံရေးကို ချိန်ခွင်လျှာညှိနိုင်ဖို့ အကောင်းဆုံးနည်းဖြစ်ပါတယ်။ မိဘတွေလိုအပ်နေတာက အချိန်၊ နားလည်မှု နဲ့ နှစ်ဦးနှစ်ဖက်နားလည်မှုတွေဖြစ်ပါတယ်။ ကလေးတွေအနေနဲ့ သူတို့ကိစ္စတွေမှာဝင်မပါဖို့ပြောနေရင် သင်သတိထားသင့်ပါပြီ။ ဒါဟာ နောက်ပိုင်းဆက်ဆံရေးရှုပ်ထွေးမှုတွေဖြစ်လာနိုင်ပါတယ်။ ဒီအခွင့်အရေးကိုအသုံးချပြီး သင်သူတို့နဲ့ တူတူထိုင်ပါ။ သင့်ရဲ့ မျော်လင့်ချက်တွေ မိသားစုတွေကြားထဲမှာသိထားရမယ့် စည်းမျဉ်းတွေကို ချက်ကျလက်ကျ ညှိနှိုင်းပါ။

    မိဘတွေအနေနဲ့ သူတို့ကလေးတွေကို လူမှုဆက်ဆံရေးအနှစ်သာရတွေ နားလည်အောင် သင်ပေးတတ်ကြပါတယ်။ အဲ့ဒါတွေကတော့ စဉ်းစားဆင်ခြင်တတ်မှု၊ လေးစားမှုနဲ့ ကြင်နာမှုတွေဖြစ်ပါတယ်။ အခြားမပါမဖြစ်ကတော့ တစ်ခုခု မှားယွင်းတာဖြစ်ပြီဆိုရင် အလွန်ကျွံတုံ့ပြန်တာကို ရှောင်ဖို့ပါ။( ဥပမာ – သင့်ကလေးက အတင်းအဖျင်းမှတ်ချက်ပေးတာတွေ၊ မသင့်တော်တဲ့အပြုအမှုတွေ ) ပြီးတော့သင့်ကလေးက ပြသနာတွေကို သင်နဲ့အတူပူးပေါင်းဖြေရှင်းနိုင်မလားဆိုတာ လည်း ပေးသိဖို့လိုပါတယ်။

    သင့်ကလေးကို ဘာတွေသင်ကြားပေးသင့်သလဲ ?

    စာတွေ မက်ဆေ့တွေမပို့ခင်မှာ စဉ်းစားတတ်ပါ

    ကလေးတွေအနေနဲ့ အခြားလူတစ်ယောက်ကို လူကိုယ်တိုင် တောင်မပြောသင့်တဲ့ကိစ္စတွေ ရေးသားတာ comment ပေးတာမျိုး ရှောင်သင့်တယ်လို့မိဘတွေက သင်ပေးသင့်ပါတယ်။

    အကြောက်တရားကို သင်ကိုယ်တိုင်ထိန်းချုပ်ပါ။

    ကလေးတွေ စာပို့တာ မက်ဆေ့ပို့တာလောက်ကို အရမ်းသဲသဲလှုပ်နေတာမျိုးက မကောင်းနိုင်ပါဘူး။ အကြောက်တရားက သင်နဲ့သင့်ကလေးကြားက ဆက်ဆံရေးကို ထိခိုက်စေပါလိမ့်မယ်။ ဒီလိုသင် ပြင်းပြင်းထန်ထန် တုံ့ပြန်တာကြောင့် သင့်ကလေးသင့်ကို ပြောစရာကိစ္စတွေလျော့နိုင်ပါတယ်။

    ပါဝင်ကူညီပါ

    သင်ကလေးက သင့်အကူအညီလိုအပ်နေတဲ့အခြေအနေမှာဆိုရင် သူတို့နဲ့တူတူရှိနေပေးပါ။ တကယ်လို့ သူတို့ အပေါင်းအသင်းတွေက သူတို့ကို လိင်ပိုင်းဆိုင်ရာစော်ကားတဲ့ မက်ဆေ့တွေပို့လာမယ်ဆိုရင်တော့ သင်အချိန်ပေးပြီး သင့်ကလေးကို ဒီကိစ္စရင်ဆိုင်ခိုင်းသင့်ပါတယ်။ သင်ဟာ ဘယ်အခြေအနေမှာမဆို သူတို့နားမှာ ရှိနေပေးနေမယ်ဆိုတာ ကလေးတွေသိပါစေ။ ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Phyo Wai Yan မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement