backup og meta

သင့်ကလေးကို ကျန်းမာရေးစောင့်ရှောက်မှုပေးမည့် သူတစ်ယောက် ဘယ်လိုရှာဖွေမလဲ


Phyo Wai Yan မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ကလေးကို ကျန်းမာရေးစောင့်ရှောက်မှုပေးမည့် သူတစ်ယောက် ဘယ်လိုရှာဖွေမလဲ

    အိမ်ကိုမွေးကင်းစကလေးတစ်ယောက် ရောက်လာပြီဆိုတာနဲ့ သင်ဘာကိုအရင်ဆုံးတွေးမိမလဲ။ ကလေးအတွက်လိုအပ်တာတွေ မဝယ်ခင် နာမည်ပေးတာတွေမလုပ်ခင် အရေးကြီးဆုံးက ကလေးရဲ့ကျန်းမာရေးကို အနီးကပ်စောင့်ရှောက်ပေးဖို့သူတစ်ယောက် ရဖို့ပါ။ ဒါမှသာသင့်ကလေးရဲ့အရေးကြီးဆုံး အချိန်ကာလမှာလုံခြုံမှုနဲ့ ကျန်းမာမှုရစေမှာဖြစ်ပါတယ်။ ဒါဟာအရေးကြီးတဲ့ ဆုံးဖြတ်ချက်ဖြစ်တဲ့အတွက် ကလေးနဲ့သင့်လျော်တဲ့ စောင့်ရှောက်မှုရစေဖို့အောက်ပါစာပိုဒ်လေးတွေကို သေချာဖတ်ရှုစေချင်ပါတယ်။

    ကလေးကျန်းမာရေး စောင့်ရှောက်သူတစ်ယောက် ရှာဖို့ သင့်တော်တဲ့အချိန်

    • ကလေးမီးမဖွားခင်ကာလတည်းက မိဘတိုင်းက စောင့်ရှောက်သူတစ်ယောက်ရှိသင့်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်သမျှမြန်မြန်ရှာဖို့ ပဲတိုက်တွန်းချင်ပါတယ်။ ဒီလိုမှ ကိုယ့်အတွက် ဆုံးဖြတ်ချက်ချစရာ အချိန်များများ ရနေမှာဖြစ်တယ်
    • သင့်တော်တဲ့အချိန်ကတော့ မွေးမယ့်ရက်မတိုင်ခင် ၃လခန့်ဖြစ်ပါတယ်။ ဒါပေမယ့်မြို့ကြီးပြကြီးမှာ နေသူတွေအတွက်ကတော့ ၆လအလိုတည်းက ကြိုရှာထားသင့်တယ်။-ဒါပေမယ့် အဲဒီလိုလူတွေနဲ့မဆက်သွယ်ခင်မှာ သင်ဘယ်လို စောင့်ရှောက်သူမျိုးကိုလိုချင်တယ် ဘယ်လိုကျန်းမာရေးအခြေအနေမျိုးက သင့်ကလေးနဲ့သင့်တော်တယ်ဆိုတာ ကြိုစဉ်းစားသင့်ပါတယ်။

    ကလေးကျန်းမာရေးစောင့်ရှောက်ပေးသူ အမျိုးအစားများ

    ဝန်ဆောင်မှုပေးသူ (၃)မျိုးရှိပါတယ်။

    ၁။ ကလေးအထူးကုဆရာဝန်

    ဆရာဝန်တွေဟာ မွေးကင်းစလေးတွေနဲ့ ကလေးငယ်တွေအတွက် စောင့်ရှောက်မှုပေးရာမှာထူးချွန်ပြီးသားသူ တွေဖြစ်ပါတယ်။ သူတို့အဓိက လုပ်မယ့်အရာတွေက ကလေးအတွက် ရောဂါကာကွယ်ရေး ကိုယ်ခံအားတက်ရေး ကိုယ်နဲ့စိတ် ကျန်းမာကြံ့ခိုင်ရေးတို့ဖြစ်ပါတယ်။ နောက်တစ်ခုက ခုခေတ်မှာ ကလေးဆရာဝန်တွေဟာ ပြင်းထန်တဲ့ရောဂါတွေကိုလည်း ရှာဖွေကုသနိုင်နေပါပြီ။ အကယ်လို့သာ သူတို့က အရေးပေါ်စောင့်ရှောက်မှု နှလုံးဆိုင်ရာနဲ့ အရေးပေါ်ဆေးကုသမှုနဲ့ပတ်သက်တဲ့ဘွဲ့တွေရထားမယ်ဆိုရင်ပေါ့။

    သင့်ကလေးအတွက် ကလေးအထူးကု သမားတော်တစ်ယောက်ရှိထားမယ်ဆိုရင် ကလေးအသက် ၂နှစ်ပြည့်တဲ့အထိ တစ်ပတ်ကိုအကြိမ်များများလာပြီး စောင့်ရှောက်ပေးမှာပါ။၂နှစ်ပြည့်ရင်တော့ တစ်နှစ်တခေါက်လာပြီး နှစ်စဉ်စောင့်ကြည့်ပေးမှာပါ။ ဘယ်လိုပဲဖြစ်ပါစေ သမားတော်တွေဟာ သင့်ကလေးကျန်းမာရေး ပြဿနာပေါ်ပြီဆိုတာနဲ့ ပထမဆုံး ခေါ်ယူရမယ့်သူတွေ ဖြစ်ပါတယ်။

    ကလေးအထူးကုများဟာ သူတို့လိုင်စင်အတွက် ၇ နှစ်ခန့်လေ့လာထားသူ တွေဖြစ်ပါတယ်။ သူတို့တွေဟာလက်မှတ်အတွက်လည်း နှစ်စဉ်ကျန်းမာရေးအသိပညာပေးသင်တန်း (CME)တက်ရောက်ကြရသူတွေလည်း ဖြစ်ပါတယ်။

    ၂။ မိသားစုဆရာဝန်

    မိသားစုဆရာဝန်များဟာ ကလေးကျန်းမာရေးပိုင်းအပါအဝင် အခြားသောလေ့လာမှုတွေမှာလည်း လေ့ကျင့်ပြီး လိုင်စင်ရထားသူတွေဖြစ်ပါတယ်။ ဒါကြောင့်ကလေးအထူးကုများနဲ့ကွာခြားတာက မိသားစုဆရာဝန်တွေဟာ သင့်မိသားစုတစ်ခုလုံးကို ကြီးငယ်မရွေးစောင့်ရှောက်မှုပေးနိုင်တယ်ဆိုတာပါပဲ။ သင်ကမိသားစုဆရာဝန် တစ်ယောက်ကိုရွေးချယ်လိုက်ပြီဆိုရင် သူ ဒါမှမဟုတ် သူမက သင့်ရဲ့မိသားစုဝင်လို ဖြစ်လာရုံတင်မဟုတ်ဘဲ မိသားစုဝင် တစ်ယောက်ချင်းစီရဲ့ ရောဂါရာဇဝင်သာမက မိသားစုရဲ့ နောက်ပါအချက်အလက်တွေကိုပါ ထိတွေ့သိရှိမှာ ဖြစ်ပါတယ်။ မိသားစုဆရာဝန်တစ်ဦးကို ရွေးချယ်ခြင်းက ဘုံကျန်းမာရေးအသုံးစရိတ်ကို လျော့ချပေးနိုင်ရုံတင်မဟုတ်ပဲ မိသားစုဝင်တစ်ဦးဦး ဆေးရုံတက်ရနိုင်ခြေတွေကိုပါ လျော့နည်းစေတဲ့အတွက် လက်ရှိမှာခေတ်စားနေပါတယ်။

    ၃။ သူနာပြု

    သူနာပြုများဟာ ကလေးအထူးကုသမားတော် အစုအဝေးထဲမှာအပါအဝင် သို့မဟုတ် မိသားစုဆရာဝန်အုပ်စုထဲမှ တစ်စိတ်တစ်ပိုင်းပါဝင်သူဖြစ်ပါတယ်။ သို့ပေမယ့် တစ်ချို့သူနာပြု တွေက တစ်ဦးချင်းအလုပ်လုပ်ကြပါတယ်။ ကလေးသူငယ်ကျန်းမာရေးစောင့်ရှောက်မှု အထူးသူနာပြု များက ဆရာဝန်ရဲ့လမ်းညွန်ချက်မလိုဘဲ သင့်ရဲ့ကလေးကို ရောဂါရှာဖွေစမ်းသပ်နိုင် ဆေးဝါးကုသမှုပေးနိုင် စေရန် အရည်အချင်းပြည့်အောင် လေ့ကျင့်ထားတဲ့ သူနာပြုတွေပဲဖြစ်ပါတယ်။ သို့ပေမယ့် သူနာပြုများဟာ ဆရာဝန်များနဲ့ ဆေးရုံတွေမှာအနီးကပ်ကြပ်မတ်မှုရှိနေတဲ့ အတွက် ထူးခြားတဲ့ရောဂါတစ်ခုခု စမ်းသပ်တွေ့ရှိရင် သမားတော်ကြီးတွေနဲ့ သေချာဆွေးနွေးနိုင်စွမ်းလည်းရှိပါတယ်။ ဒီလို ကျန်းမာရေးနဲ့ ကလေးအတွက် လိုအပ်တဲ့စောင့်ရှောက်မှု တွေကို အချိန်သေချာပေးပြီး မေးမြန်းဆွေးနွေးနိုင်တဲ့အတွက် မိဘအများစုက ဆရာဝန်အစား သူနာပြု တွေကိုပဲ ကလေးအတွက်ရွေးချယ်လေ့ရှိကြပါတယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Phyo Wai Yan မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement