backup og meta

လိင်ကုန်ကူးမှု (လိင်ကျွန်အဖြစ် ရောင်းစားခံရခြင်း)များမှ သင့်ကလေးကို ကာကွယ်ပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Wathun Myat Chal မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လိင်ကုန်ကူးမှု (လိင်ကျွန်အဖြစ် ရောင်းစားခံရခြင်း)များမှ သင့်ကလေးကို ကာကွယ်ပါ

    ကလေးတွေရဲ့ အပြစ်ကင်းစင်မှုနဲ့ ရိုးသားမှုတွေကြောင့် ရာဇဝတ်မှုတွေ၊ မရိုးသားတဲ့လှုပ်ရှားမှုတွေမှာ ကလေးတွေကို ချဉ်းကပ်ရလွယ်ကူတဲ့ ပစ်မှတ်တွေအဖြစ် သဘောထားလာကြပါတယ်။ ဒါပေမဲ့ ဒီနေ့ခေတ်ရဲ့ လူဆိုးဂိုဏ်းတွေကတော့ ငယ်ရွယ်တဲ့ မိန်းကလေးတွေကို ရွေးချယ်ပစ်မှတ်ထားလာကြပါတယ်။ ဒီလို မိန်းကလေးငယ်လေးတွေဆီက ရနိုင်မယ့် အကျိုးရလဒ်တွေကြောင့် ကမ္ဘာ့ ကြီးထွားနှုန်းအမြန်ဆုံးဖြစ်တဲ့ ရာဇဝတ်မှုတစ်ဖြစ်လဲ လိင်ကုန်ကူးမှုမှာ မိန်းကလေးတွေကို နေရာအနှံ့ နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံကြားမှာ လိင်ဖျော်ဖြေတဲ့ အရာတွေအဖြစ် ရောင်းစားနေကြတာပါ။

    မိဘတစ်ယောက်အနေနဲ့ သင့်ရဲ့ တန်ဖိုးရှိတဲ့ သမီးအတွက် ဒီလိုရာဇဝတ်မှုတွေကြား အဖမ်းမခံရစေဖို့ ထိထိရောက်ရောက် ဘယ်လိုကာကွယ်သင့်ပါသလဲ။

    ဒီမှာတော့ သင့်သမီးကို လိင်ကုန်ကူးခြင်းရဲ့သားကောင်အဖြစ်မှ ကာကွယ်နိုင်ဖို့ သင်လုပ်နိုင်တဲ့ အချက် ၅ချက်ကို ဖော်ပြပေးထားပါတယ်။

    ၁။ လိင်မှုရေးရာအသုံးချမှုတွေအကြောင်း သူမကို ရှင်းပြပါ။

    အစမှာတော့ ဒါဟာ ရှုပ်ထွေးပြီး ရှင်းပြရတာ ဆိုးရွားနေပါလိမ့်မယ်။ နောက်ဆုံးရလဒ်ကတော့ ကြိုးစားမှုနဲ့ တကယ်ကို ထိုက်တန်ပါလိမ့်မယ်။ သင့်သမီးက ဒီနေရာမှာ ပူးပေါင်းဆောင်ရွက်လိုစိတ်နဲ့ ကူညီလိုစိတ်ရှိမယ်ဆိုရင် ဒီအလုပ်က သင်ထင်ထားတာထက် အများကြီးလွယ်ကူတယ်ဆိုတာ သေချာပေါက် တွေ့ရပါလိမ့်မယ်။ အခြားတစ်ယောက်က သင့်စကားကိုတက်တက်ကြွကြွ နားထောင်အောင် လုပ်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းကတော့ အမိန့်ပေးတာတွေ၊ တွန်းအားပေးတာတွေနဲ့စာရင် သေချာရှင်းပြပေးတာ အကောင်းဆုံးပါပဲ။ အမိန့်ပေး၊ ဖိအားပေးတာမျိုးက တစ်ခါတလေမှာ သင်ပြောလိုက်တာနဲ့ လုံးဝဆန့်ကျင်ဘက်တွေ လုပ်တာမျိုး လုပ်မိတတ်ပါတယ်။

    သင့်ကလေးကို ဆိုရှယ်လ်မီဒီယာရဲ့နောက်ကွယ်က အန္တရာယ်တွေအကြောင်း သင်ပေးသင့်ပါတယ်။ ဘာကြောင့် သူမရဲ့ အတွင်းရေးတွေ၊ ကိုယ်ရေးကိုယ်တာတွေကို အွန်လိုင်းမှာ မပြောဖို့နဲ့ ဘယ်လောက်ပဲ ကောင်းတယ်လို့ထင်ရပါစေ ဘာကြောင့် မယုံကြည်သင့်ဘူးဆိုတဲ့ အကြောင်းတွေကို သေချာသင်ပေးပါ။ သင့်ကလေးက အခြေခံ အွန်လိုင်းလုံခြုံရေးနည်းလမ်းတွေကို သိထားသင့်ပါတယ်။ ဥပမာ – ဘာမှန်းမသိတဲ့ ဖိုင်တွေကို ဗိုင်းရပ်စ်ပါမပါမစစ်ဆေးဘဲ ဖွင့်မိတာမျိုး မလုပ်မိအောင် စသဖြင့်ပေါ့။

    ၂။ သူ့ကိုယ်သူ ကာကွယ်ဖို့ သင်ကြားပါ။

    လူကုန်ကူးမှုဆိုတာ ဘာလဲဆိုတဲ့အကြောင်း သင်ယူပြီးတဲ့နောက်မှာ သင့်သမီးဟာ ဘယ်လို အန္တရာယ်ရှိတဲ့ အခြေအနေမျိုးမှာမှ မပါဝင်မပတ်သက်မိအောင် ဘယ်လို ရှောင်ရှားရမယ်ဆိုတာ သင်သင့်ပါတယ်။ လူထူထပ်တဲ့နေရာတွေမှာဆိုရင် အုပ်စုနဲ့သာ နေသင့်ကြောင်း အကြံပေးပါ။ အန္တရာယ်ကောင်တွေဟာ တစ်ဦးတည်းနေတဲ့သူတွေကို ပစ်မှတ်ထားလေ့ရှိပါတယ်။

    သူစိမ်းတစ်ယောက်နဲ့စကားပြောတဲ့အခါ သူပေးသမျှမယူဖို့၊ ကျွေးသမျှ မစားဖို့နဲ့ စားပွဲပေါ်က ခဏထပြီး ပြန်ထိုင်တဲ့အချိန်မှာ စောစောကထားသွားခဲ့တဲ့ သောက်စရာကို ဆက်ပြီးမသောက်ဖို့တွေ ပြောပြသင်ကြားထားသင့်ပါတယ်။ ဒါဟာ လူကုန်ကူးသူတွေရဲ့ အသုံးအများဆုံး နည်းလမ်းတစ်ခုပါပဲ။ သောက်စရာတွေထဲကို “roofie” လို့ခေါ်တဲ့ အသိစိတ်ကင်းလွတ်သွားစေတဲ့ အရည်တစ်မျိုးကို ပစ်မှတ်သတိမထားမိတဲ့အချိန်ထည့်လိုက်တာပါ။

    အရေးအကြီးဆုံးကတော့ သူမဟာ ဘယ်သူနဲ့မဆို နှစ်ယောက်တည်းတွေ့ဖို့ ငြင်းဆန်ဖို့ပါပဲ။ တကယ်လို့များ နှောက်ယှက်မှု တစ်စုံတစ်ခုနဲ့ တွေ့ခဲ့မယ်ဆိုရင် တာဝန်ရှိသူတွေနဲ့ ချက်ချင်းဆက်သွယ်ဖို့က အရေးကြီးပါတယ်။ သူတို့ခိုင်းသမျှအတိုင်း လိုက်လုပ်နေမယ့်အစားပေါ့။

    သင်တို့နှစ်ယောက်လုံးအတွက် လျှို့ဝှက်စကားလုံးထားထားဖို့လိုအပ်တယ်လို့လည်း အထူးအကြံပြုထားပါတယ်။ အရေးပေါ်ကိစ္စတွေမှာ သုံးရမယ့် သင်္ကေတ ဒါမှမဟုတ် စာကြောင်းပေါ့။ ဥပမာ – “I’m OK” ဆိုတာက “Help” လို့ အဓိပ္ပါယ်ရတယ် ဆိုတာမျိုးပေါ့။

    ၃။ သူမဘာတွေဖြစ်နေတယ်ဆိုတာ သိနေပါစေ။

    သင့်သမီးရဲ့ ကိုယ်ရေးကိုယ်တာ လျှို့ဝှက်ချက်တွေက အရေးကြီးပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ လုံခြုံမှုလောက်တော့ အရေးမပါပါဘူး။ မိဘတွေဟာ ကလေးတွေဆီလာတဲ့ မတ်ဆေ့ခ်ျတွေနဲ့ မေးလ်တွေကို သိနိုင်ဖို့ ကလေးတွေဖုန်းရဲ့ လျှို့ဝှက်နံပတ်တွေကို သိထားဖို့လိုပါတယ်။

    ကလေးတွေရဲ့ ဆဲလ်ဖုန်းမှာ GPS ခြေရာခံစက်ကို တပ်ဆင်ထားပေးသင့်ပါတယ်။ ဒါမှ သူမ လက်ရှိရောက်နေတဲ့ နေရာကို ထောက်ပြနိုင်မှာဖြစ်ပြီး သူတို့သွားတဲ့ ဘယ်လိုပွဲမျိုး၊ နေရာမျိုးမဆို အချိန်နဲ့ နေရာကို သင့်ကိုပြောပြဖို့ သင်ထားပေးပါ။

    ကလေးတွေရဲ့ အပြုအမူပြောင်းလဲမှုတွေ၊ သူတို့ရဲ့ ပုံစံပြောင်းလဲသွားတာတွေကို သိရှိနိုင်ဖို့ ဆရာ၊ဆရာမတွေနဲ့ အထက်လူကြီးတွေကို ပုံမှန်စကားပြောဖြစ်အောင် ကြိုးစားပြီး ဆွေးနွေးပါ။

    ၄။ သူမရဲ့ သူငယ်ချင်းတွေနဲ့ အပေါင်းအသင်းတွေကို သိနေပါစေ။

    သင့်ကလေးကို ကာကွယ်ဖို့အတွက် ဖြစ်နိုင်မယ်ဆိုရင် သူတို့ရဲ့ လူမှုပတ်ဝန်းကျင်မှာရှိနေတဲ့ သူတို့အတွက် အရေးကြီးသူတွေ၊ အပေါင်းအသင်းတွေကို သိထားဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့တွေက သင့်ကလေးအပေါ် အနှေးနဲ့ အမြန်လွှမ်းမိုးလာကြမှာပဲလေ။ ဒါကိုလုပ်မယ်ဆိုရင်တော့ သင်တို့အိမ်ကို ဖိတ်ကြားခြင်းဖြင့်သော်လည်းကောင်း သူတို့မိဘတွေနဲ့ စကားပြောခြင်းဖြင့်သော်လည်းကောင်း ပြုလုပ်နိုင်ပါတယ်။ တကယ်လို့များ ဒီလူက သင့်သမီးရဲ့ ရည်းစားဖြစ်နေခဲ့မယ်ဆိုရင် ပိုပြိးတော့ ဂရုတစိုက် စစ်ဆေးသင့်ပါတယ်။

    ၅။ အပြုသဘောဆောင်ပြီး ပျော်စရာကောင်းတဲ့ လှုပ်ရှားမှုတွေမှာ သူမကို ပါဝင်ဆင်နွှဲစေလိုက်ပါ။

    သင့်ကလေးအပေါ် ကောင်းသောလွှမ်းမိုးခြင်းနဲ့ လွှမ်းမိုးမယ့်သူတွေနဲ့ ဝန်းရံထားပေးတာက ပြင်ပကမ္ဘာနဲ့ သူမကို အဆက်ဖြတ်လိုက်တာထက် ပိုပြီးကောင်းမွန်ပါတယ်။ မိဘတွေဟာ သူတို့ရဲ့ကလေးတွေကို သူတို့ရွေးချယ်မှုပေါ်မူတည်ပြီး တေးဂီတ၊ သိုင်းပညာ ဒါမှမဟုတ် အားကစားစတဲ့ ကလပ်တွေ၊ သင်တန်းတွေ အနည်းဆုံးတော့ တစ်ခုမှာ ပါဝင်ခွင့်ပြုသင့်ပါတယ်။ ဒါဟာ သူတို့ရင်ဆိုင်ရမယ့် မကောင်းတဲ့ ပတ်ဝန်းကျင်၊ မကောင်းတဲ့ ဆွဲဆောင်မှုတွေကနေ အာရုံလွှဲပြောင်းပေးလိုက်နိုင်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Wathun Myat Chal မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement