backup og meta

ကလေး၏ ဉာဏ်ရည်ဉာဏ်သွေးသည် မိဘများမှဆင်းသက်လာသည် ဆိုသည်မှာ မှန်ပါသလား။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Kaung Thar မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေး၏ ဉာဏ်ရည်ဉာဏ်သွေးသည် မိဘများမှဆင်းသက်လာသည် ဆိုသည်မှာ မှန်ပါသလား။

    သိပ္ပံပညာရှင်များသည် ထိုမေးခွန်းကို ရာစုနှစ်တစ်ခု ထက်ပိုပြီး လေ့လာစမ်းသပ်ခဲ့ကြသည်။ အဖြေကတော့ ရှင်းပါသည်။ လူအမျိုးမျိုးတွင် ဉာဏ်ရည်ဉာဏ်သွေး အမျိုးမျိုးကွဲပြားခြားနားခြင်းသည် မျိုးဗီဇဆိုင်ရာ ကွဲပြားခြားနားမှုများကြောင့်ဖြစ်သည်။

    ဉာဏ်ရည်တိုင်းတာခြင်း

    လူသားများ၏အမူအကျင့်နှင့် အသိအမြင်အခန်းကဏ္ဍများကဲ့သို့ပင် ဉာဏ်ရည်သည်လည်းပဲ မျိုးရိုးဗီဇနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များ၏ လွှမ်းမိုးခြင်းကိုခံရသော ရှုပ်ထွေးသည့် လက္ခဏာတစ်ရပ်ပင်ဖြစ်သည်။ ဉာဏ်ရည်ဉာဏ်သွေးသည် လေ့လာဖို့အတွက် စိန်ခေါ်မှု တစ်ရပ်ပင် ဖြစ်သည်။ ၎င်းကိုနည်းလမ်းမျိုးစုံဖြင့် တိုင်းတာ သတ်မှတ်နိုင်သည်။ ဉာဏ်ရည်ဉာဏ်သွေးနှင့် ပတ်သက်သော သတ်မှတ်ချက်အများစုတွင် အတွေ့အကြုံများမှ လေ့လာနိုင်ခြင်းစွမ်းရည်နှင့် ပြောင်းလဲနေသော ပတ်ဝန်းကျင်ကို လိုက်လျောညီထွေရှိအောင် ပြောင်းလဲနေထိုင်နိုင်ခြင်းများ ပါဝင်သည်။ ဉာဏ်ရည်ဉာဏ်သွေး၌ ပါဝင်ဖွဲ့စည်းထားသော အချက်အလက်များတွင် ကျိုးကြောင်းချင့်ချိန်နိုင်စွမ်း ၊ အစီအစဉ်ချနိုင်စွမ်း၊ ပြဿနာများဖြေရှင်းနိုင်စွမ်း၊ စဉ်းစားနိုင်စွမ်း၊ ရှုပ်ထွေးသော ကိစ္စရပ်များကို နားလည်နိုင်စွမ်းတို့ပါဝင်ကြသည်။ လေ့လာချက်များစွာသည် ဉာဏ်ရည်ပိုင်းဆိုင်ရာ အတိုင်းအတာ အိုင်ကျူ(IQ)ဟုခေါ်သော ဉာဏ်ရည်တိုင်းတာမှုတစ်ခုပေါ်တွင် မှီခိုကြသည်။

    ဘယ်အရာသည်ကလေး၏ဉာဏ်ရည်ကိုဆုံးဖြတ် ပေးသလဲ။

    ကလေး၏ဉာဏ်ရည်ဉာဏ်သွေး လေးဆယ်ရာခိုင်နှုန်းလောက်သည် မိခင်များထံမှ ဆင်းသက်လာခြင်းဖြစ်သည်။ လေ့လာစမ်းသပ်ချက်များအရ ဉာဏ်ရည်ဉာဏ်သွေးဆိုသည်မှာ သဘာဝအ လျောက်ရသော အရာလား ။ ပြုစုပျိုးထောင်လို့ရလာသော အရာလားဟူ၍ အငြင်းပွားကြသည်။ မျိုးဗီဇ ပိုင်းဆိုင်ရာ အချက်အလက်များနှင့် ဉာဏ်ရည်ဉာဏ်သွေး တိုင်းတာချက်များအရ မျိုးရိုးဗီဇအကြောင်းအချက်များသည် ကလေး၏ အိုင်ကျူ တွင် နှစ်ဆယ်မှ လေးဆယ်ရာခိုင်နှုန်း ထိပါဝင်သည် သည်ဟုတွေ့ရှိခဲ့ရသည်။

    ကလေးဘဝ၏ဉာဏ်ရည်ဉာဏ်သွေးသည် အသက်ကြီးလာသောအခါ ဖြစ်ပေါ်လာသည့်ဉာဏ်ရည် ဉာဏ်သွေးနှင့် အရေးပါစွာဆက်စပ်လျက် ရှိသည်။ ကလေး၏ဉာဏ်ရည်ဉာဏ်သွေးသည်မျိုးရိုး လိုက်သည်ဟုလည်းတွေ့ရှိရသည်။ မျိုးဗီဇ များသည် ကြီးမားသော အပြောင်းအလဲကိုပြုလုပ်ပေးသည်။

    သို့သော်လည်းပဲ ဉာဏ်ရည်ဉာဏ်သွေး တစ်ခုလုံးကို ဆုံးဖြတ်ပေးသည်တော့မဟုတ်ပါ။ လူအများကြား ဉာဏ်ရည်ဉာဏ်သွေးကွာခြားမှုများ၏ ငါးဆယ်ရာခိုင်နှုန်းသည် မျိုးဗီဇခြားနားချက်များကြောင့်ဖြစ်ပြီး ကျန်သောငါးဆယ်ရာခိုင်နှုန်းသည် ပတ်ဝန်းကျင်အကြောင်းအချက်များ ကြောင့်ဖြစ်သည်။ သင့်ကလေး၏ ဉာဏ်ရည်ဉာဏ်သွေးကို ဆုံးဖြတ်ပေးသော အခြားမျိုးဗီဇတစ်ခုသည် X နှင့် Y ခရိုမိုဇုန်းများကြောင့်ဖြစ်သည်။

    လေ့လာတွေ့ရှိချက်များအရ ဉာဏ်ရည်ဉာဏ်သွေးကိုဆုံးဖြတ်ပေးသော မျိုးဗီဇသည် X ခရိုမိုဇုန်းအပေါ်တွင်တည်ရှိသည်။ သားယောကျာ်းလေးများသည်မိခင်များထံမှ X ခရိုမိုဇုန်းများကိုလက်ခံရရှိသည်။ X ခရိုမိုဇုန်းတွင်ပုံမမှန်မှုတစ်စုံတစ်ရာဖြစ်ပေါ်ပါက မိန်းကလေးများထက် ယောကျာ်းလေးများပေါ်တွင် သက်ရောက်မှုပိုများသည်။ အဘယ်ကြောင့်ဆိုသော် အမျိုးသမီးတစ်ဦးသည် မိဘနှစ်ဦးလုံးထံမှ X ခရိုမိုဇုန်းများရရှိခြင်းဖြစ်သည်။ သို့ဖြစ်၍ X ခရိုမိုဇုန်းနှစ်ခုတွင် တစ်ခုပုံမမှန်လျှင် ကျန် X ခရိုမိုဇုန်းတစ်ခု ရှိနေသေး၍ ပုံမမှန်မှုကို လျှော့ချ ပေးနိုင်သည်။ ဆိုလိုသည်မှာ သားယောကျာ်းလေးများ၏ ဉာဏ်ရည်ဉာဏ်သွေးသည် မိခင်များထံမှ ဆင်းသက်လာခြင်းဖြစ်သည်။ ဉာဏ်ရည်ဉာဏ်သွေးသည် ပတ်ဝန်းကျင်လွှမ်းမိုးမှုအပေါ်တွင် လည်း များစွာမူတည်သည်။ ကလေး၏ အိမ်ပတ်ဝန်းကျင်နှင့် မိဘများ၏ပြုစုစောင့်ရှောက်မှု၊ ပညာ အရည်အချင်းနှင့် စာပေလေ့လာနိုင်မည့် အရင်းအမြစ်များ အစားအသောက်အာဟာရများ စသော အကြောင်းအချက်များသည် ဉာဏ်ရည်ဉာဏ်သွေးပေါ်တွင်လွှမ်းမိုးမှုရှိသည်။ လူတစ်ယောက်၏ ပတ်ဝန်းကျင်နှင့် မျိုးဗီဇများသည် တစ်ဦးအပေါ်တစ်ဦး လွှမ်းမိုးမှုရှိသည်။

    သို့ဖြစ်၍ မျိုးဗီဇများနှင့် ပတ်ဝန်းကျင်လွှမ်းမိုးမှုအကြောင်းအချက်များကို ခွဲခြားပြောဆိုရန်ခက်ခဲသည်။ဥပမာပြောရသော် ကလေးတစ်ယောက်၏ ဉာဏ်ရည်ဉာဏ်သွေး အတိုင်းအတာသည် သူ၏မိဘများနှင့် တူညီနေသည် ဆိုပါက မိဘများထံမှကလေးထံသို့ လက်ဆင့်ကမ်းလိုက်သော မျိုးဗီဇ အကြောင်းအချက်တူညီ လို့လားသို့မဟုတ် တူညီသောပတ်ဝန်းကျင်တွင် နေထိုင်ခြင်း ကြောင့်လား သို့မဟုတ ်နှစ်ခုလုံး ကြောင့်လားဆိုသည်ကို ခွဲခြားရခက်ပါသည်။ ထို့ကြောင့် ပတ်ဝန်းကျင်နှင့် မျိုးဗီဇအကြောင်းအချက် များသည် ကလေးတစ်ယောက်၏ ဉာဏ်ရည်ဉာဏ်သွေး ကိုဆုံးဖြတ်ရာတွင် အရေးပါသော အခန်း ကဏ္ဍမှပါဝင်သည်ဆိုသည်မှာ ရှင်းလင်းပါသည်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Kaung Thar မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement