backup og meta

ကလေးများတွင်အဖြစ်များသော စိတ်ပိုင်းဆိုင်ရာပြဿနာများ၏ သတိပေးလက္ခဏာများ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Kaung Thar မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးများတွင်အဖြစ်များသော စိတ်ပိုင်းဆိုင်ရာပြဿနာများ၏ သတိပေးလက္ခဏာများ

    အချိန်ကြာရှည်စွာစိတ်အတက်အကျမြန်ခြင်း

    မည်သူအဆို စိတ်အပြောင်းအလဲအတက်အကျ ရှိနိုင်ပါသည်။ အရွယ်ရောက်ပြီးအမျိုးသမီးများတောင်မှ ဓမ္မတာလာချိန်များတွင် စိတ်အပြောင်းအလဲ အတက်အကျမြန်တတ်ပါသည်။ သို့သော်လည်း ကလေးများတွင် စိတ်အပြောင်းအလဲအတက်အကျမြန်ခြင်းသည် နှစ်ပတ်ထက်ပိုကြာ၍ဖြစ်ပွားနေပါက ၎င်းလက္ခဏာများသည် အန္တရာယ်ရှိသော စိတ်ပိုင်းဆိုင်ရာပုံမမှန်မှုကိုညွှန်ပြနေပါသည်။ အမေရိကန် နိုင်ငံရှိ ကလေးနှင့်အရွယ်ရောက်ပြီးသူများဆိုင်ရာ စိတ်ပညာအဖွဲ့အစည်း(AACP) ၏သတင်းပေးပို့ချက်များအရ ကလေးငယ် သုံးဒဿမလေးသန်း၏ သုံးဆယ့်သုံးရာခိုင်နှုန်းခန့်နှင့် စိတ်ကျရောဂါခံစားနေရသော ဆယ်ကျော်သက်များသည် စိတ်အတက်အကျမြန်ရောဂါ၏ ပထမပိုင်းအဆင့်များကို ခံစားရနိုင်ခြေရှိကြောင်းသိရသည်။

    အမူအကျင့်များ ပြင်းထန်စွာပြောင်းလဲခြင်း

    အလွန်အမင်းဖျတ်လတ်တက်ကြွခြင်း(သို့) မိဘများကိုဆန့်ကျင်လိုစိတ်အလွန်အမင်းပြင်းပြခြင်းတို့သည် ထိုကလေးများတွင် အာရုံစူးစိုက်နိုင်စွမ်းနည်းပါးသော အတက်ကြွလွန်ရောဂါ (ADHD) (သို့) ဆန့်ကျင်လိုစိတ် လွန်ကဲသော ရောဂါ(OOD) ခံစားနေရကြောင်း ညွှန်ပြသောလက္ခဏာများဖြစ်နိုင်သည်။

    အခြားလူများ (သို့)တိရစ္ဆာန်များအား ထိခိုက်စေလိုမှုအလွန်အမင်းစိတ်အားထက်သန်မှုသည် မိဘများအနေနှင့်မိမိကလေးကို စိတ်ရောဂါဆရာဝန်နှင့်သွားရောက်ပြသရန် အချက်ပေးသင်္ကေတပင်ဖြစ်သည်။

    ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုများ

    ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုများသည် အလွန်လွယ်ကူစွာသတိထားမိနိုင်သော လက္ခဏာများဖြစ်သည်။ ရုတ်တရက်ကိုယ်အလေးချိန်ကျသွားခြင်း(သို့) ကိုယ်အလေးချိန်တိုးလာခြင်းသည် အရွယ်ရောက်ခြင်း ကြောင့်မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာပုံမမှန်မှုကြောင့်ဖြစ်နိုင်သည်။

    ကိုယ်အလေးချိန်ကျဆင်းခြင်းသည် ကလေးငယ်မှ အလွန်အမင်းစိတ်ဓါတ်ကျခြင်း(သို့) စိုးရိမ်ပူပန်ခြင်းကြောင့် အစာမစားနိုင် ၊ခံတွင်းပျက်ခြင်း၏ရလာဒ်ပင်ဖြစ်သည်။ တစ်ဖက်တွင်မူကား ကိုယ်အလေးချိန်တက်ခြင်းသည် ကလေးငယ်အနေနှင့် လုပ်ချင်ကိုင်ချင်စိတ်မရှိဘဲ ဘဝကိုအလွန်အမင်းပျင်းရိငြီးငွေ့လာပြီး အစာစားခြင်းတစ်ခုတည်းကိုသာလျှင် အာရုံစိုက်မိနေသော ကြောင့်ဖြစ်သည်။

    ထို့အပြင် ရုပ်ပိုင်းဆိုင်ရာ သိသာစွာပြောင်းလဲလာမှုသည် အရက် (သို့) မူးယစ်ဆေးဝါး သုံးစွဲခြင်းနှင့်လည်း ဆက်နွယ်နေနိုင်သည်။ အကယ်၍ အဆိုပါကလေး၏မိဘများကိုယ်တိုင်က အရက်(သို့) မူးယစ်ဆေးဝါးသုံးစွဲခဲ့ဖူးသူဖြစ်ပါက ကလေးငယ်သည် ထိုအမူအကျင့်ကိုလိုက်လံအတုခိုးနိုင်ခြေပိုများသည်။

    အာရုံမစိုက်နိုင်ခြင်း

    ပုံမှန်အားဖြင့်ကလေးငယ်များသည် အလွန်သွက်လက်မြူးတူးပြီး ခဏသာအာရုံစိုက်နိုင်သည်။ သို့သော်လည်း အကယ်၍ကလေးငယ်သည် အလွန်လွယ်ကူသောကိစ္စတစ်ခုပေါ်တွင်တောင်မ ှအာရုံမစိုက်နိုင်ဘူးဆိုပါက ထိုကလေးငယ်သည် အာရုံစူးစိုက်နိုင်စွမ်းနည်းပါးသော အတက်ကြွလွန်ရောဂါ (ADHD) ရှိနေနိုင်သည်။

    ကလေးငယ်တစ်ယောက်၏စိတ်ထဲတွင် အပြစ်ရှိသောအတွေးများ၊ရှက်ရွံ့မှုများနှင့် သေခြင်းတရားနှင့် သက်ဆိုင်သောအတွေးများ ပြည့်လျှံနေပါက (ADHD)အခြေအနေဖြစ်ပွားနိုင်သည်။ အကျိုးဆက်အားဖြင့် အဆိုပါကလေးသည် မိမိကိုယ်ကိုသတ်သေသည်အထိအန္တရာယ်ရှိသည်။ မိဘများအနေဖြင့် ကလေးငယ်၏ နေ့စဉ်အပြုအမူ(သို့) ထူးခြားသောအပြုအမူအပြောအဆိုများကိုကြည့်ခြင်းအားဖြင့် ဤလက္ခဏာကို သတိပြုမိနိုင်သည်။

    ကြောက်ရွံ့ခြင်းနှင့် စိုးရိမ်ပူပန်ခြင်း

    ကလေးငယ်များသည် ထိခိုက်ခံစားလွယ်သည်။ အိပ်ရာဝင်တစ္ဆေပုံပြင်များ၊ ဂျိုကာရုပ် နှင့် အိပ်ယာဝင်ပုံပြင်များတွင်ပါဝင်လေ့ရှိသောထူးဆန်းသည့်သတ္တဝါများကဲ့သို့သောအရာများကိုပင် ကလေးငယ်များသည် ကြောက်ကြသည်။

    သို့သော်လည်း သင်၏ကလေးသည် ခဏခဏအကြောက်လွန်ခြင်း၊စိတ်ပူခြင်း အလွန်အမင်းကတုန်အယင် ဖြစ်သည်အထိ ကြောက်လန့်ခြင်းများဖြစ်ပါက မိဘများအနေဖြင့်စိုးရိမ်ဖွယ်ပင်ဖြစ်သည်။ ကလေးငယ်များသည် ကျောင်းသင်ခန်းစာများနှင့် ပက်သက်၍စိုးရိမ်ပူပန်ခြင်း(သို့) အခြားကလေးများပေါ်တွင်အနိုင်ကျင့်ခြင်းများ ရှိနိုင်သော်လည်း ဤအမူအကျင့်များသည်သာမာန်ထက် ပိုမိုလွန်ကဲနေပြီဆိုပါက သင်၏ကလေးကို သက်ဆိုင်ရာ ကျွမ်းကျင်သူနှင့်တိုင်ပင်၍စမ်းသပ်စစ်ဆေးမှုများပြုလုပ်သင့်ပါသည်။

    ယနေ့ခေတ်တွင် နည်းပညာဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ မူးယစ်ဆေးဝါးများ၊ လက်နက်များ နှင့် မိမိကိုယ်ကိုသတ်သေခြင်းများကို စိတ်ခံစားမှုထွက်ပေါက်များအနေဖြင့် ကြေညာနေကြပါသည်။

    သို့ဖြစ်ပါ၍ မိဘများအနေဖြင့် မိမိ၏ကလေးငယ် လမ်းမှားမရောက်အောင် စောစီးစွာ ကာကွယ်ခြင်းအားဖြင့် သင်တို့၏ဘ၀ တစ်လျှောက်လုံးနောင်တမရစေရန်ကြိုးပမ်းသင့်ပါသည်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Kaung Thar မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement