backup og meta

ကလေးတွေ အရိုးကျိုးရင် ခွဲစိတ်ကုသဖို့ လိုသလား

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးတွေ အရိုးကျိုးရင် ခွဲစိတ်ကုသဖို့ လိုသလား

    သင့်ကလေးအရိုးကျိုးလာပြီဆိုရင်သင့်အနေနဲ့ဒါဟာခွဲစိတ်ဖို့လိုမလိုစဉ်းစားမိမှာအမှန်ပါပဲ။ တကယ်တမ်းလိုအပ်လာရင်တော့ဆရာဝန်တွေကခွဲစိတ်မှုတွေလုပ်မှာပါ။ ဒါပေမယ့်သင့်အနေနဲ့ဘာလို့ခွဲစိတ်ရတယ်ဆိုတဲ့အခြေခံအချက်လေးတွေတချို့ကိုတော့သိသင့်ပါတယ်။ ဒါမှသာဆရာဝန်နဲ့အသေအချာဆွေးနွေးမေးမြန်းနိုင်မှာပါ။

    သင့်ကလေးအရိုးကျိုးပြီဆိုကြပါစို့

    အရိုးကျိုးသွားပြီဆိုရင်ကုသမှုမပေးဘဲနဲ့သူ့အလိုလိုအကောင်းအတိုင်း ပြန်မဖြစ်နိုင်ပါဖူး။ ဒါကြောင့်အရိုးကျိုးပြီဆိုတာ ပြတဲ့လက္ခဏာလေးတွေကိုသင့်အနေနဲ့သိထားရပါမယ်။ ဒါမှသာကလေးကိုအမြန်ဆုံးကုသပေးနိုင်မှာပါ။

    အောက်မှာဖော်ပြထားတဲ့အချက်လေးတွေကိုမှတ်သားထားပါ။

    • ဖြစ်တဲ့နေရာမှာအရိုးကျိုးသွားတဲ့အသံကိုကြားရပါမယ်။
    • သွေးခြေဥလာမယ်။
    • ကျိုးတဲ့နေရာကိုဖိကြည့်ရင်တင်းနေမယ်။ နာနေမယ်။
    • ကလေးကအရမ်းကိုနာမယ်။ ကျိုးတဲ့နေရာကိုလှုပ်မိရင်ပိုနာမယ်။
    • ဖြစ်တဲ့နေရာကမာတောင့်နေမယ်။

    ဒါဆိုရင်သင့်ကလေးကိုဆေးရုံအမြန်ဆုံးသာခေါ်သွားပါ။ ဆရာဝန်ကလိုအပ်သလိုဆက်လက်ကုသပေးပါလိမ့်မယ်။

    ဘယ်အခြေအနေမှာခွဲစိတ်ဖို့လိုသလဲ။

    ကလေးအများစုဟာကျိုးပြီပဲ့ပြီဆိုရင်ကျောက်ပတ်တီးစည်းတာလောက်နဲ့အဆင်ပြေသွားလေ့ရှိတာများပါတယ်။ ဒါပေမယ့်တချို့ကလေးတွေမှာတော့ကျိုးသွားတဲ့အရိုးပုံမှန်အတိုင်း ပြန်ဆက်ဖို့အတွက်ခွဲစိတ်မှုလုပ်ဖို့လိုတတ်ပါတယ်။ ကျိုးသွားတဲ့အရိုးတွေနေသားတကျဖြစ်အောင်မူလီလေးတွေနဲ့ထိန်းပေးဖို့လိုတဲ့အရိုးကျိုးပုံကျိုးနည်းတွေလည်းရှိပါသေးတယ်။ ဒါကြောင့်သင့်ကလေးဟာအရိုးကျိုးတာကို ပြန်ဆက်ဖို့တချို့အခြေအနေတွေမှာခွဲစိတ်မှုလုပ်ရပါမယ်။

    • အရိုးကအစိတ်စိတ်အမြွှာမြွှာကျိုးတာ။ ဒီလိုအနေအထားမျိုးမှာကျိုးသွားတဲ့အရိုးပိုင်းတွေသူ့နေရာမှာပဲသူရှိနေဖို့အတွက်ခွဲစိတ်မှု ပြုလုပ်ဖို့ဆရာဝန်တွေကအကြံပြုပါလိမ့်မယ်။ မူလီတွေ၊စတီးချောင်းတွေ၊ပင်တွေကိုအသုံးပြုပြီးကျိုးနေတဲ့အရိုးတွေကိုနေရာတကျရှိစေပါတယ်။ တနှစ်လောက်ကြာပြီးတဲ့အခါဒီမူလီတွေ၊စတီးချောင်းတွေနဲ့ပင်တွေကို ပြန်ထုတ်ဖို့ခွဲစိတ်မှုတခုထပ်လုပ်ရပါမယ်။
    • အဆစ်နေရာမှာကျိုးရင်။ ဒီလိုအခြေအနေမျိုးမှာကျိုးတာကအဆစ်ကိုပါ ဖြတ်ပြီးကျိုးသွားတာမို့ခွဲစိတ်မှုလုပ်ပြီးအဆစ်ကိုကာကွယ်ရပါမယ်။
    • ကျိုးနေတဲ့အရိုးကအပြင်ကိုငေါထွက်လာရင်။ ဒီလိုဒါဏ်ရာမျိုးကို open fracture (အပြင်ကိုထိုးဖောက်ပြီးအရိုးကျိုးခြင်း)လို့ခေါ်ပြီးအဲ့ဒီနေရာမှာရှိတဲ့ကြွက်သားတွေနဲ့အရွတ်ကြောတွေကိုပါထိခိုက်စေပါတယ်။ ဒီလိုအခြေအနေမျိုးမှာအရိုးကို ပြန်ဆက်ဖို့နဲ့ဒါဏ်ရာကို ပြန်ပိတ်ဖို့အတွက်ခွဲစိတ်မှုပြုလုပ်ဖို့လိုကိုလိုအပ်ပါတယ်။
    • တံတောင်ဆစ်နားကျိုးရင်။ ဒီလိုနေရာမှာကျိုးရင် displaced fracture (အဆစ်ပါလွဲသွားသောအရိုးကျိုးခြင်း)လို့ခေါ်ပြီးဒါကိုလည်းခွဲစိတ်ကုသရပါမယ်။
    • ကျိုးနေတဲ့အရိုးကိုနေရာတကျ ပြန်တည့်ဖို့လိုရင်။ ဘယ်လို ပြန်တည့်ရမလဲသိနိုင်ဖို့အတွက်ဓါတ်မှန်ရိုက်ဖို့သင့်ဆရာဝန်ကပြောပါလိမ့်မယ်။ ဒါဏ်ရာရပြီးတစ်ရက်နှစ်ရက်လောက်အကြာအရောင်ကျသွားပြီဆိုရင်ခွဲစိတ်မှုကို ပြုလုပ်ပါလိမ့်မယ်။

    သင့်ဆုံးဖြတ်ချက်ကအဓိကပါ။

    သင့်ဆရာဝန်ကခွဲဖို့မခွဲဖို့ဘယ်လိုပဲဆုံးဖြတ်ဆုံးဖြတ်သူ့အနေနဲ့လူနာအတွက်အကောင်းဆုံးလို့ထင်တာကိုလုပ်တာဖြစ်ပါတယ်။ သင့်အနေနဲ့လည်းခွဲစိတ်ဖို့ကို ငြင်းဆန်ပိုင်ခွင့်ရှိပါတယ်။ မခွဲရင်လည်းအရိုးဟာ ပြန်ဆက်မှာ ဖြစ်ပါတယ်။ ဒါပေမယ့်ကောင်းကောင်းမွန်မွန်ပုံမှန်အတိုင်းတော့ ပြန်ဖြစ်မှာမဟုတ်ပါဖူး။ ကျိုးတဲ့နေရာက ပြန်ကောင်းသွားရင်လည်းလှုပ်ရှားရတာအရင်လိုပုံမှန်မဟုတ်နိုင်တော့ပါဖူး။ ဒီအချက်တွေကိုတော့သိထားရပါမယ်။

    တကယ်လို့သင့်အနေနဲ့ကလေးကိုခွဲစိတ်မှုခံယူဖို့သဘောတူလိုက်ပြီဆိုရင်အရည်အချင်းပြည့်ဝပြီးကလေအရိုးကျိုးတာကိုခွဲစိတ်တဲ့အတွေ့အကြုံတွေအများကြီးရှိပြီးသားခွဲစိတ်ဆရာဝန်ကိုရွေးချယ်အပ်နှံဖို့တော့လိုပါလိမ့်မယ်။ အရိုးကျိုးတိုင်းခွဲရမယ်ရယ်တော့မဟုတ်ပါဖူး။ တကယ်လို့ခွဲရမယ်စိတ်ရမယ်ဟေ့ဆိုရင်လည်းဘာမှမစိုးရိမ်ပါနဲ့။ ဆရာဝန်နဲ့စနစ်တကျခွဲစိတ်မှာဖြစ်တဲ့အတွက်သင့်ကလေးအနေနဲ့လည်းပိုပြီးမြန်မြန်ဆန်ဆန် ပြန်ကောင်းလာမှာပဲ ဖြစ်ပါတယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement