backup og meta

ကလေးငယ်များတွင် တစ်ဆင့်ခံဆေးလိပ်ငွေ့ရှူရှိုက်မိခြင်း၏ ဆိုးကျိုးများ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Yun Sandi Nan Mon မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးငယ်များတွင် တစ်ဆင့်ခံဆေးလိပ်ငွေ့ရှူရှိုက်မိခြင်း၏ ဆိုးကျိုးများ

    ဆေးလိပ်သောက်သုံးတာက ဆေးလိပ်သောက်သုံးသူတွေအတွက်ရော အနီးပတ်ဝန်းကျင်ကသူတွေကိုပါ အန္တရာယ်ဖြစ်စေနိုင်တယ်ဆိုတဲ့ ဆိုးရွားတဲ့အကြောင်းအရာကိုသိထားပြီးသားဖြစ်မှာပါ။ တဆင့်ခံဆေးလိပ်ငွေ့ကို ရှုရှိုက်မိတဲ့နေရာမှာ အရွယ်ရောက်ပြီးသူနဲ့ကလေးငယ်လေးတွေကိုထိခိုက်တဲ့အတိုင်းအတာကိုနှိုင်းယှဉ်ကြည့်ရင် ကလေးငယ်လေးတွေကို ထိခိုက်တဲ့အတိုင်းအတာက ပိုကြီးပါတယ်။ တဆင့်ခံဆေးလိပ်ငွေ့ရှုရှိုက်မိတဲ့ ကလေးငယ်လေးတွေမှာ ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်တဲ့ကြီးမားတဲ့အန္တရာယ် ရှိပါတယ်။

    ကိုယ်ဝန်ဆောင်ကာလ

    စီးကရက်မှာ ဓါတုပစ္စည်းအမျိုးအစား ၄၀၀ ကျော်ပါဝင်ပါတယ်။ စီးကရက်ကို မီးညှိလိုက်ချိန်မှာ အဲဒီဓါတု ပစ္စည်းတွေဓါတ်ပြုသွားပြီး ပြင်းထန်တဲ့အဆိပ်အဖြစ ်ပြောင်းလဲသွားပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးက ဆေးလိပ်သောက်သုံးရင်ဖြစ်ဖြစ် ဆေးလိပ်ငွေ့ကိုရှုရှိုက်မိရင်ပဲဖြစ်ဖြစ် အဆိပ်တွေက သွေးစီးဆင်းမှုတစ်လျှောက် လိုက်ပါသွားပြီး ကိုယ်ခန္ဓါတစ်ခုလုံးကို ပျံ့နှံ့သွားပါတယ်။ သန္ဓေသားဆီကို အစာအာဟာရ ထောက်ပံ့ပေးနေတဲ့ ချက်ကြိုးဆီကိုလည်း ရောက်ရှိသွားပါတယ်။ သန္ဓေသားကလေးငယ်ဟာ အဆိပ်အတောက်ဖြစ်စေတဲ့ ဓါတုပစ္စည်း တွေကို ခံနိုင်စွမ်းမရှိပါဘူး။ ဆေးလိပ်မှာပါတဲ့ အဆိပ်အတောက်တွေကြောင့်ကလေးငယ်မှာမွေးရာပါချို့ယွင်းချက် ဖြစ်တဲ့နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲတွေအဖြစ်များပါတယ်။

    မွေးဖွားပြီး ကာလ

    ကလေးငယ်တွေဟာ သန္ဓေသားအဆင့်မှာ တော်တော်လေးကြီးထွားလာပြီးပြီဆိုပေမယ့်လည်း မွေးဖွားပြီးချိန်မှာ လည်း ကလေးငယ်က ဆက်လက်ကြီးထွားဖွံ့ဖြိုးနေဆဲဖြစ်ပါတယ်။ ဆိုလိုတာကတော့ ကလေးငယ်ရဲ့ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေက ဆက်လက် ကြီးထွားရှင်သန်နေဆဲဖြစ်ပါတယ်။ ဆေးလိပ်ငွေ့နဲ့ ထိတွေ့မိတဲ့အခါ ဆေးလိပ်ငွေ့ မှာပါနေတဲ့ အဆိပ်အတောက်တွေက ကလေးငယ်ရဲ့ ကြီးထွားဖွံ့ဖြိုးမှုဖြစ်စဉ်တွေကို အလွယ်တကူပဲ ရပ်တန့်သွား စေပါတယ်။ ကလေးငယ်ရဲ့ အဆုတ်တွေဟာလည်း ဆေးလိပ်ငွေ့ကြောင့် အဆိပ်သင့်နိုင်ပါတယ်။ ဆေးလိပ်ငွေ့ ကိုထိတွေ့ရှုရှိုက်မိတာကြောင့် ကလေးငယ်တွေမှာ ပန်းနာရင်ကျပ်ရောဂါနဲ့ ချောင်းဆိုးတာလိုမျိုး အသက်ရှု လမ်းကြောင်းဆိုင်ရာ ရောဂါတွေကို ခံစားရစေနိုင်ပါတယ်။ နှာခေါင်းအနောက်ဘက်မှာ eustachain tube လို့ခေါ်တဲ့ နှာခေါင်း နဲ့နားကို ဆက်စပ်ပေးတြဲ့ပွန်တစ်ခုရှိပြီး ဆေးလိပ်ငွေ့ရှုရှိုက်မိတဲ့ ကလေးငယ်တွေမှာ နားကူးစက်ရောဂါကို လည်းခံစားရစေ နိုင်ပါတယ်။ နားရောင်ရမ်းခြင်း၊အသံသဲသဲကွဲကွဲမကြားရခြင်း နဲ့ နားအတွင်းပိုင်းကနာကျင်ခြင်း အရည်တွေထွက်ခြင်းတို့ကို ဖြစ်ပေါ်ခံစားရနိုင်စေပါတယ်။ တစ်ခါတရံမှာ နားကူးစက်ရောဂါကြောင့် အကြားအာရုံဆုံးရှုံးတာမျိုးကိုလည်း ဖြစ်နိုင်ပါတယ်။ ကလေးငယ်ရဲ့ဦးနှောက်ကို ထိခိုက်စေတာမျိုးအထိ တောင်ဖြစ်စေနိုင်ပါတယ်။ ဆေးလိပ်ငွေ့နဲ့ ထိတွေ့မိတဲ့ကလေးငယ်တွေဟာ သာမန်ကလေးငယ်တွေထက် ပိုပြီးတက်ကြွလွန်နေတတ်တာမျိုးလည်းရှိတတ်ပါ တယ်။ ဆေးလိပ်ငွေ့ကြောင့် ကလေးငယ်ရဲ့ အသိဉာဏ်ပိုင်း ဆိုင်ရာ ဆောင်ရွက်မှုတွေ ကိုလည်းထိခိုက်စေနိုင်သလို စာလေ့လာမှုမှာလည်း အားနည်းစေပါတယ်။

    ကြိုတင်သတိပေးချက်များ

    ဆေးလိပ်သောက်သုံးမှုဟာ ယနေ့ခေတ်မှာတော်တော်ကိုရေပန်းစားလာပါတယ်။ တဆင့်ခံဆေးလိပ်ငွေ့ကို ရှောင်ရှားနိုင်မယ့် အကောင်းဆုံးသောနည်းလမ်းက ဆေးလိပ်ကို လုံးဝရှောင်ရှားတာပဲ ဖြစ်ပါတယ်။ ကလေးတွေကို ဆေးလိပ်ငွေ့တွေရှိတဲ့နေရာတွေနားကို မသွားစေသင့်ပါဘူး။ ဆေးလိပ်သောက်တတ်တဲ့ မိဘတွေလည်း မိမိကလေးကို မထိခိုက်စေဖို့ ဆေးလိပ်ဖြတ်သင့်တယ်ဆိုတာ သံသယဖြစ်ဖွယ်မရှိသော အဖြေတစ်ခုဖြစ်တယ်။ မိဘတွေကဆေးလိပ်သောက်သုံးသူတွေဖြစ်ပါက ကလေးတွေက မိဘတွေကို အတုယူအတတ်သင်နေသူတွေဖြစ်တယ်။ ထိုကြောင့် မိဘတွေက ဆေးလိပ်သောက်လျှင် ကလေးတွေကလည်း နောက်ကလိုက်ပြီး ဆေးလိပ်သောက်ကြမည်မှာ အသေအချာပင်။

    နှစ်စဉ်ကလေးငယ် ထောင်ပေါင်းများစွာ တဆင့်ခံဆေးလိပ်ငွေ့ကြောင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ခံစားနေရတယ်လို့ ခန့်မှန်းရပါတယ်။ ဆေးလိပ်သောက်သုံးမှုကြောင့် အသက်အရွယ်ကြီးရင့်လာတဲ့အခါ ကျန်းမာရေး ထိခိုက်မှုတေ ွရှိလာနိုင်တယ်လို့ သိရပါတယ်။ ကလေးငယ် နဲ့ လူငယ်မျိုးဆက်သစ်တွေ ကိုကာကွယ်ပေးဖို့ အတွက် ကလေးရှိတဲ့နေရာတွေမှာ ဆေးလိပ်သောက်သုံးတာကို တားမြစ်သင့်ပါတယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Yun Sandi Nan Mon မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement