backup og meta

သင့်ကလေးတွင် အကြားအာရုံချို့ယွင်းခြင်းဖြစ်နေလျှင် ဘယ်လိုအကောင်းဆုံး ကူညီဖြေရှင်းမလဲ


Dr. K Zin Thwe မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ကလေးတွင် အကြားအာရုံချို့ယွင်းခြင်းဖြစ်နေလျှင် ဘယ်လိုအကောင်းဆုံး ကူညီဖြေရှင်းမလဲ

    ကလေးများတွင် အကြားအာရုံချို့ယွင်းရခြင်းသည် မွေးရာပါနှင့် မွေးပြီးမှဖြစ်သော အကြားအာရုံချို့ယွင်းခြင်း ဟူသော အဓိက အကြောင်းရင်း ၂ခုကြောင့်ဖြစ်နိုင်ပါသည်။ နားကြားနေမှသာ ပတ်ဝန်းကျင်ရှိအရာများကို စူစမ်းလေ့လာခြင်း၊ အတုခိုးခြင်းများပြုလုပ်တတ်လာပြီး ဦးနှောက်ဆဲလ်များ ဖွံ့ဖြိုးလာခြင်းဖြစ်ပါသည်။

    ထိုသို့အကြားအာရုံချို့ယွင်းခြင်းသည် ကလေးများ၏ ဦးနှောက်ဖွံ့ဖြိုးမှုကို နှောင့်နှေးစေသည့်အတွက် ထိုကလေးများကို အခြားသော သာမန်ကလေးများကဲ့သို့ ကြီးထွားဖွံ့ဖြိုးမှုရရှိစေရန် မတူညီသော ပြုစုပျိုးထောင်မှုနည်းလမ်းများကို အသုံးပြုရပါသည်။

    သင့်ကလေးသည် အကြားအာရုံချို့ယွင်းနေပါက သင်ဘာလုပ်သင့်သလဲ။

    သင့်ကလေးကို ပေါင်းသင်းဆက်ဆံတတ်စေရန် အားပေးပါ။

    အကြားအာရုံချို့ယွင်းနေသော ကလေးများသည် ဘာသာစကားများကိုလေ့လာရာတွင် အခြားကလေးများထက် နောက်ကျပါသည်။ ကလေးများသည် သူတို့၏အားနည်းချက်ကို ရှက်စိတ်ဖြစ်လာလေလေ လူအများနှင့် မဆက်ဆံချင်တော့လေလေဖြစ်ပါသည်။ ထို့ကြောင့် မိဘများအနေဖြင့် ကလေးများကို အခြေအနေကို နားလည်အောင်ရှင်းပြခြင်း၊ ပြုလုပ်ရန်တွန်းအားပေးခြင်း၊ အတတ်နိုင်ဆုံး ပုံမှန်ပတ်ဝန်းကျင်တစ်ခုတွင် နေရသည့် စိတ်ခံစားမှုမျိုးကိုရရှိအောင် ဆောင်ရွက်ပေးခြင်းတို့ပြုလုပ်ပေးသင့်ပါသည်။ နေ့စဉ်ပြောနေကျ စကားများကို ပြောပေးခြင်း၊ စာအုပ်များဖတ်ပြခြင်း၊ သီချင်းများဖွင့်ပြခြင်း၊ စကားလုံးများကို ပီသပြတ်သားစွာ ဖြေးဖြေးအသံထွက်ပြခြင်း၊ လက်ဟန်ခြေဟန်ဖြင့် စကားပြောနည်းများကို ရင်နှီးကျွမ်းဝင်လာအောင် သင်ပေးခြင်းစသည့်နည်းများဖြင့် ကူညီပေးရပါမည်။

    အကူအညီရှာဖွေပါ။

    ကလေးအား ပြုစုစောင့်ရှောက်နေသူ သို့မဟုတ် ဆရာမက ကလေး၏အခက်အခဲကို သိထားခြင်းဖြင့် သူရင်ဆိုင်နေရသော အခက်အခဲများကို ကူညီဖြေရှင်းပေးနိုင်ခြင်း၊ ပိုပြီး ဂရုစိုက်မှုများပေးနိုင်ခြင်း စသည်တို့ပြုလုပ်ပေးနိုင်ပါသည်။ မိဘများအနေဖြင့်လည်း ကလေးကို နားကြားကိရိယာများတပ်ဆင်ပေးထားခြင်း၊ တစ်ကိုယ်ရည်သုံး အသံချဲ့စက်များဖြင့် ရေဒီယို လိုင်းများနားထောင်နိုင်အောင် စီစဉ်ပေးထားခြင်းဖြင့် သင့်ကလေးကို မည်သည့်အခြေအနေတွင်မဆို ပတ်ဝန်းကျင် သတင်းများနှင့် အဆက်အသွယ်မပြတ်အောင် ကူညီပေးနိုင်ပါသည်။

    ကလေးများတွင် ဖြစ်သော အကြားအာရုံချို့ယွင်းခြင်းကို ဘယ်လိုကာကွယ်သင့်သလဲ။

    မွေးရာပါ အကြားအာရုံချို့ယွင်းခြင်းသည် မိဘများ အနေဖြင့် ထိုသို့ဖြစ်စေသောအကြောင်းများကို သိရှိထားလျှင် မွေးလာမည့်ကလေးတွင် မဖြစ်စေအောင် အပြည့်အဝကာကွယ်နိုင်ပါသည်။

    အသံဆူညံမှု အတိုင်းအတာကို ဂရုပြုပါ။

    ဆူညံသံများကို လျှော့ချရန် တီဗီ၊ ရေဒီယိုများကို အသံလျှော့ချခြင်း၊ ဆူညံသော ပတ်ဝန်းကျင်တွင် ကလေးကို နားကိုကာကွယ်ပေးသည့် အရာများဝတ်ဆင်စေခြင်း (ဥပမာ- နားဆို့၊ နားကြပ်များ)များပြုလုပ်ပေးနိုင်ပါသည်။ ထို့ပြင်နားထဲသို့ အသံများကြားစေမည့် နားကျပ်များကို ဝတ်ဆင်ပေးခြင်းကို ရှောင်ကျဉ်ပါ။

    အကြားအာရုံချို့ယွင်းခြင်းကို စောစီးစွာ သိရှိပြီး လိုအပ်သည့် ကုသမှုများဆောင်ရွက်ခြင်း

    ကလေးများအား ဆူညံသံများနှင့် ထိတွေ့နေခြင်းကို လျှော့ချခြင်းသည် အကြားအာရုံချို့ယွင်းနိုင်ချေကို လျော့နည်းစေသော်လည်း အပြီးသတ်မကာကွယ်နိုင်ပါ။ အကြားအာရုံချို့ယွင်းခြင်းကို စောစော သတိထားမိလေလေ ကလေးအသက်နှင့် သင့်တော်သည့် နားကြားကိရိယာများကိုတပ်ဆင်ပေးခြင်းဖြင့် ကလေးသည် အနာဂတ်တွင် ပိုအဆင်ပြေလေလေဖြစ်ပါသည်။

    မွေးကင်းစများတွင် မွေးပြီး ၂ရက်ခန့်တွင် နားအကြားအာရုံကို စမ်းသပ်စစ်ဆေးမှုများကို ပြုလုပ်ရပြီး ကလေးသည် အကြားအာရုံချို့ယွင်းခြင်းဖြစ်နေပါက ကလေးအကြားအာရုံဆိုင်ရာ အထူးကုနှင့် ချက်ချင်းပြသကာ ရေရှည်အတွက် လုပ်သင့်သောအရာများကို လုပ်ရမည်ဖြစ်ပါသည်။

    အကြားအာရုံချို့ယွင်းခြင်းသည် ကလေးများအသက်ကြီးမှလည်းဖြစ်နိုင်သောကြောင့် သင့်ကလေးသည် အရင်လိုစကားမပြာတော့ခြင်း၊ အရာတခုကို ထပ်ခါတလဲလဲ မေးနေခြင်း၊ အခြားသူများနှင့် စကားပြောလျှင် ဖြေးဖြေးပြောခိုင်းခြင်း၊ ရေဒီယို တီဗီအသံများကို ကျယ်ကျယ်ချဲ့ပြီးနားထောင်နေခြင်း၊ စကားလုံးများကို နားလည်ရန်ခက်ခဲခြင်း စသည့်အချက်များကို မိဘများက သတိပြုစောင့်ကြည့်သင့်ပါသည်။

    ထို့ပြင် အကြားအာရုံချို့ယွင်းခြင်းကို ဖြစ်စေသော၊ နားအတွင်းပိုင်းရောင်ရမ်းခြင်း၊နားပြည်ယိုခြင်း နားအတွင်း အရည်များဖြစ်ခြင်းကြောင့် မူးဝေခြင်း၊ နားအူခြင်းစသည့် ရောဂါများကိုလည်း မိဘများက သတိပြုကာ ဖြစ်လာလျှင် ဆရာဝန်နှင့်ပြရမည်ဖြစ်ပါသည်။ အကြားအာရုံချို့ယွင်းခြင်းသည် ကလေးများတွင်း ရေကျောက်ပေါက်ခြင်း၊ ပါးချိတ်ရောင်ခြင်း၊ ဝက်သက်ပေါက်ခြင်းများဖြစ်ပြီး ချိန်တွင်လည်း ဖြစ်တတ်ပါသည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. K Zin Thwe မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement