backup og meta

ကလေးများသံဓါတ်အားနည်းရောဂါဖြစ်ပွားခြင်းနှင့် ကာကွယ်မှုနည်းလမ်းများ


Phyo Wai Yan မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးများသံဓါတ်အားနည်းရောဂါဖြစ်ပွားခြင်းနှင့် ကာကွယ်မှုနည်းလမ်းများ

    ကလေးတွေအတွက်သံဓါတ်က ဘာလို့အရေးကြီးတာလဲ။

    သံဓါတ်ဟာကလေးကြီးထွားဖွံ့ဖြိုးဖို့မရှိမဖြစ်လိုအပ်ပါတယ်။ သံဓါတ်ကအောက်စီဂျင်ကိုအဆုတ်ကနေတစ်ကိုယ်လုံးကိုပို့ဆောင်ပေးပါတယ်။ ပြီးတော့ကြွက်သားတွေအောက်စီဂျင်ကိုသုံးဖို့နဲ့သိုလှောင်ဖို့ကိုကူညီပေးပါသေးတယ်။ သင့်ကလေးကသံဓါတ်ပါသောအစာများမစားပါကသံဓါတ်ချို့တဲ့ခြင်းကိုခံစားရနိုင်ပါတယ်။

    အဲဒီအခြေအနေဟာသံဓါတ်ကုန်ခန်းခြင်းကနေသွေးအားနည်းရောဂါအထိအဆင့်ဆင့်ရှိနိုင်ပါတယ်။ သွေးအားနည်းရောဂါဆိုတာကသွေးထဲမှာကျန်းမာတဲ့သွေးနီဥတွေနည်းနေခြင်းဖြစ်ပါတယ်။ သံဓါတ်ချို့တဲ့ခြင်းကိုမကုသပါကကြီးထွားဖွံ့ဖြိုးုခြင်းကိုထိခိုက်နိုင်ပါတယ်။

    ကလေးတွေကသံဓါတ်ဘယ်လောက်စားဖို့လိုသလဲ။

    ကလေးတွေအတွက်တစ်နေ့စားသင့်တဲ့သံဓါတ်ပမာဏဟာအောက်ပါအတိုင်းဖြစ်ပါတယ်။

  • ၇လမှ၁၂လ-တစ်ရက်ကို 11mg
  • ၁နှစ်မှ၃နှစ်-တစ်ရက်ကို 7mg
  • ၄နှစ်မှ၈နှစ်-တစ်ရက်ကို 10mg
  • ၉နှစ်မှ၁၃နှစ်-တစ်ရက်ကို 8mg
  • ၁၄နှစ်မှ၁၈နှစ်(မိန်းကလေး)-တစ်ရက်ကို၁၅mg
  • ၁၄နှစ်မှ၁၈နှစ်(ယောက်ျားလေး)-တစ်ရက်ကို 11mg
  • သံဓါတ်ချို့တဲ့ခြင်းရဲ့လက္ခဏာတွေကဘာတွေလဲ။

    သံဓါတ်ချို့တဲ့ခြင်းဟာကလေးတွေရဲ့စွမ်းဆောင်ရည်ကိုကျဆင်းစေပါတယ်။ ကံမကောင်းစွာဖြင့်ကလေးအများစုမှာသံဓါတ်ချို့တဲ့သောလက္ခဏာမပြပါဘူး။ သွေးအားနည်းရောဂါဖြစ်မှသာသိရပါတယ်။ သွေးအားနည်းခြင်းရဲ့ရောဂါလက္ခဏာတွေကတော့

    • အသားရောင်ဖျော့နေခြင်း
    • မောပန်းနွမ်းနယ်ခြင်း
    • ကြီးထွားဖွံ့ဖြိုးမှုနှေးကွေးခြင်း
    • အစာစားချင်စိတ်မရှိခြင်း
    • အသက်ရှုမြန်ခြင်းမမှန်ခြင်း
    • အပြုအမူများထူးဆန်းနေခြင်း
    • ဖျားနာလွယ်ခြင်း
    • ရေခဲ၊ဖုန်မှုန့်၊ဆိုးဆေးနဲ့ကော်စတဲ့စားစရာမဟုတ်တဲ့အရာတွေကိုအငမ်းမရစားခြင်း

    တို့ပဲဖြစ်ပါတယ်။

    လပြည့်တဲ့ကလေးတွေအတွက်ကတော့၄လမှာသံဓါတ်အားဖြည့်ဆေးစတိုက်ပါ။ သံဓါတ်ကြွယ်ဝတဲ့cereals၊ချက်ပြုတ်ထားတဲ့အသားတွေတစ်နေ့တစ်ကြိမ်နှစ်ကြိမ်စားနိုင်တဲ့ထိတိုက်ကြွေးပါ။ ကလေးကိုမိခင်နို့ကောနို့မှုန့်ပါတိုက်ကျွေးနေပြီးနို့မှုန့်ကိုအဓိကထားကျွေးနေပါကဆေးဆက်တိုက်ရန်မလိုပါ။

    လမပြည့်သေးတဲ့ကလေးတွေအတွက်ကတော့သံဓါတ်အားဖြည့်ဆေးကို၂ပတ်မှာစတိုက်ပေးပါ။၁နှစ်မပြည့်မချင်းဆက်ပေးပါ။ မိခင်နို့နှင့်နို့မှုန့်တိုက်ကျွေးရာတွင်နို့မှုန့်ကိုအဓိကတိုက်ကျွေးပါကဆေးဆက်တိုက်ရန်မလိုပါ။

    သံဓါတ်ချို့တဲ့ခြင်းကိုကာကွယ်ရန်အခြားနည်းလမ်းများ

    • သံဓါတ်ကြွယ်ဝတဲ့အစားအစာများကျွေးပါ။ ပုံမှန်အားဖြင့်လေးလမှခြောက်လအတွင်းမှာချက်ပြုတ်ထားတဲ့အသားနဲ့သံဓါတ်အားဖြည့်cerealsတွေကိုကျွေးပေးပါ။ အသက်ပိုကြီးတဲ့ကလေးတွေကိုတော့အနီရောင်ရှိတဲ့အသားများ၊ကြက်သား၊ငါး၊ပဲနှင့်အစိမ်းရောင်ရှိသောအရွက်များကိုကျွေးပေးပါ။
    • နွားနိအရမ်းမတိုက်ပါနဲ့။ တစ်နှစ်မှငါးနှစ်ကလေးများကိုနို့တစ်လီတာရဲ့လေးပုံသုံပုံထက်ကိုမပိုပါစေနဲ့။
    • အူမှအစာစုပ်ယူမှုကောင်းအောင်လုပ်ပေးပါ။ ဗီတာမင်စီဟာသံဓါတ်စုပ်ယူမှုကောင်းအောင်လုပ်ပေးမှာပါ။ ဗီတာစီကြွယ်ဝတဲ့အစိမ်းရောင်ရှိတဲ့အရွက်တွေ၊သခွားမွှေး၊ဆစ်ထရစ်ပါတဲ့အသီးများ၊စတော်ဘယ်ရီသီး၊ငရုပ်ကောင်းနဲ့ခရမ်းချဉ်သီးတို့ကိုစားပေးခြင်းအားဖြင့်သံဓါတ်ကိုများများစုပ်ယူစေမှာပါ။

    သွေးစစ်ခြင်းအားဖြင့်သံဓါတ်နည်းခြင်းနဲ့သွေးအားနည်းခြင်းတို့ကိုစစ်ဆေးနိုင်မှာပါ။ မွေးကင်းစကလေးငယ်တွေကိုအသက်၉နှစ်မှ၁၂နှစ်အတွင်မှာစစ်ဆေးသင့်ပါတယ်။ သံဓါတ်နည်းနိုင်ခြေရှိတဲ့လူတွေကတော့အသက်ကြီးသွားတဲ့အခါတွေမှာထပ်မံစစ်ဆေးရပါလိမ့်မယ်။ စစ်ဆေးချက်အဖြေကိုကြည့်ကာသံဓါတ်အားဖြည့်ဆေးသောက်ရမလား၊မာတီဗိုက်တာမင်တွေသောက်ရမလားထပ်မံစစ်ဆေးရအုန်းမလားဆိုတာကိုဆရာဝန်ကပြောပြပါလိမ့်မယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Phyo Wai Yan မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement