backup og meta

ကလေးများတွင် ဖြစ်သော ရေကျောက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 20/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးများတွင် ဖြစ်သော ရေကျောက်

    ရေကျောက်သည် ကလေးများတွင် အဖြစ်များဆုံး ရောဂါတစ်ခုဖြစ်သည်။ တစ်ပတ်ကြာလျှင် ပျောက်ကင်းသွားတတ်သော်လည်း တစ်ချို့တွင် အန္တရာယ်ရှိနိုင်၏။ ဤဆောင်းပါးတွင် ဒီရောဂါနှင့်ပတ်သက်သော အချက်အလက်များ၊ သင့်ကလေးကို ကာကွယ်နိုင်မည့်နည်းလမ်းများ ပါဝင်ပါသည်။ ကလေးများတွင် ဖြစ်သော ရေကျောက် အကြောင်းလေး လေ့လာလိုက်ရအောင်နော်။

    ကလေးများတွင် ဖြစ်သော ရေကျောက်

    ကလေးများတွင် ဖြစ်သော ရေကျောက် ဆိုတာကို အတူတူ ကြည့်ကြည့်လိုက်ရအောင်နော်။

    ရေကျောက်၏လက္ခဏာများ

    အဖုများမထခင် ရက်အနည်းငယ်၌ သင့်ကလေးတွင် အောက်ပါလက္ခဏာများ ရှိပါလိမ့်မည်။

    • ဖျားခြင်း
    • ဗိုက်အောင့်ခြင်း
    • ခေါင်းကိုက်ခြင်း
    • အစားအသောက်ပျက်ခြင်း (ဘာမှစားချင်စိတ် မရှိခြင်း)
    • မောပန်းလွယ်ခြင်း

    အဖုများသည် ရောဂါရှိသည့်လူနှင့် သင့်ကလေး ထိတွေ့ပြီးနောက် ၁၀ မှ ၂၁ ရက်ခန့်အကြာတွင် ပေါက်လာနိုင်ပါသည်။ သင့်ကလေး၌ များသောအားဖြင့် အဖု ၂၅၀ မှ ၅၀၀ လောက်ထိ ပေါက်တတ်ပါသည်။

    အဖုများသည် အဆင့် ၃ ဆင့်အဖြစ် ရှိမည်ဖြစ်သည်

    • အပိန့်- အနီရောင် အပိန့်များ မျက်နှာနှင့်ရင်ဘတ်တွင်ပေါ်လာပြီးနောက် တခြားနေရာများသို့ ရက်အနည်းငယ်အတွင်း ပျံ့သွားမည်။
    • အရည်ကြည်ဖု – ရက်အနည်းငယ်ကြာသည့်အခါ အရည်များနှင့်ပြည့်နေသော အရည်ကြည်ဖုလေးများ အပိန့်ထိပ်၌ ပေါ်လာပါလိမ့်မည်။
    • အနာဖေး – နောက်ထပ်ရက်အနည်းငယ်ကြာလျှင် ရည်ကြည့်ဖုလေးများ ခြောက်သွားပြီး အနာဖေးများ အဖက်များအဖြစ် ကွဲသွားသည့်ရည်ကြည်ဖုပေါ်၌ တွေ့ရမည်။ ထို့နောက်တွင်မှ အနာဖေးအဖတ်များ တစ်ပတ်အတွင်း ကွာကျသွားမည်ဖြစ်သည်။

    အပိန့်အသစ်များက ဆက်လက်ထွက်လာနိုင်သည်။ ဖြစ်ရပ်အများစုတွင် ပါတ်ဝန်းကျင်မှ ပိုးမဝင်ပါက အမာရွတ်မဖြစ်တတ်ပါ။ ကလေးသည် ကျန်းမာသန်စွမ်းပါက ရေကျောက်သည် များသောအားဖြင့် ပျော့ပျော့သာ ဖြစ်တတ်ပါသည်။ ပြင်းထန်သည့်ဖြစ်ရပ်များတွင် ခန္ဓါကိုယ်အနှံ့ အဖုများပေါက်လာပါမည်။ ကလေး၏ ပါးစပ်၊ မျက်လုံး၊ စအိုနှင့် မိန်းမကိုယ်တို့တွင်ပါ ပေါက်နေသည်ကို သင်မြင်နိုင်ပါသည်။

    ဘယ်အချိန်မှဆေးကုသမှုခံယူရမလဲ။

    ကလေး၌ ရေကျောက်ပေါက်နေတာဟုတ်မဟုတ် မသေချာပါက ဆရာဝန်ဆီသွားပြပါ။ ဆရာဝန်မှ အဖုများကို စစ်ဆေးပြီး ကလေး၏လက္ခဏာများကို မေးမြန်းပါလိမ့်မည်။ ထို့နောက် ကလေးတွင် ရေကျောက်ပေါက်နေခြင်း ဟုတ်မဟုတ် ရောဂါအမည်တပ်ပေးပါလိမ့်မည်။ ဆရာဝန်သည် ရောဂါပြင်းထန်မှုကို လျော့ချပေးနိုင်မည့် ဆေးဝါးများကိုလည်း လမ်းညွှန်ပေးနိုင်ပါသည်။

    သင့်ကလေး၌ ပုံမှန်မဟုတ်သည့်လက္ခဏာများ ရှိနေပါက ဆရာဝန်သိအောင် ပြောပါ။

    • ကလေးမျက်လုံးတွင် အဖုများမြင်ရခြင်း
    • ကလေးအရေပြား အလွန်နာကျင်ခြင်း
    • အဖုများမှ အစိမ်းရောင်အရာများ စီးကျသည်ကို မြင်ရလျှင်။ အဖုများသည် နီရဲပြီး နွေးလာကာ နာလာလျှင်။ ထိုလက္ခဏာများသည် တစ်ဆင့်ခံပိုးဝင်ခြင်းဖြစ်သည်။
    • လည်ပင်းတောင့်ခြင်း၊ အိပ်ငိုက်ခြင်း၊ ခေါင်းမူးခြင်း၊ နှလုံးခုန်မြန်ခြင်း၊ ချောင်းဆိုးခြင်း၊ အန်ခြင်း၊ ၃၈.၉ ဒီဂရီစင်တီဂရိတ်ထက်ကျော်အောင် ဖျားခြင်း ဖြစ်လာလျှင်

    တခြားကလေးများနှင့် လူကြီးများကို မကူးစက်စေရန် ဂရုစိုက်ပါ။

    သင့်ကလေးတွေမှာ ရေကျောက် ဘယ်လိုဖြစ်လာရသလဲ။

    ကလေးများတွင် အရင်က ရေကျောက်မပေါက်ဖူးပါက အလွယ်တကူဖြစ်နိုင်ပါသည်။ အရင်က ပေါက်ဖူးလျှင် တစ်ဘဝစာ ခုခံအားရသွားမည်ဖြစ်သည်။ ထိုသူများတွင် ရေကျောက်ထပ်မပေါက်နိုင်တော့ပါ။

    ရေကျောက်သည် ကူးစက်ခံထားရသူ၏ ရေကျောက်အဖုများမှလည်းကောင်း၊ ချောင်းဆိုးနှာချေရာတွင်ထွက်သော တံတွေးနှပ်အစက်လေးများမှလည်းကောင်း ကူးနိုင်ပါသည်။

    ကလေးများတွင် အောက်ပါတို့လုပ်မိပါက ကူးမိနိုင်သည်။

    • ရောဂါပိုးရှိနေနိုင်သော အရာဝတ္တုများကို ကိုင်မိလျှင်
    • ရောဂါဖြစ်နေသူ၏ အရည်ကြည်ဖုများနှင့် ထိမိလျှင်
    • ရောဂါပိုးရှိသူနှင့် စကားပြောမိလျှင်။ ထိုလူ၏ တံတွေးနှပ်မှုန်များမှ ရောဂါကူးနိုင်ပါသည်။

    ရေကျောက်ကိုအိမ်၌ကုသခြင်း

    ရေကျောက်ကို အိမ်မှာပင် ကုသနိုင်၏။ သို့သော် ကုသသောရက်အနည်းငယ်အတွင်း လက္ခဏာများ မသက်သာလာပါက ဆေးရုံသို့သွားရမည်ကို သတိပြုပါ။

    • ပိုးမဝင်စေရန်နှင့် အမာရွတ်မကျန်စေရန် အရည်ကြည်ဖုများကို မကုတ်မိပါစေနှင့်။ လက်သည်းများညှပ်ပေးထားခြင်း၊ လက်အိတ်ဝတ်ပေးထားခြင်းများ လုပ်ပါ။
    • ယားယံမှုကိုသက်သာစေရန် အရေပြားကို ရေဝတ်အုပ်ပေးနိုင်သလို Calamine လိုရှင်း လူးပေးနိုင်သည်။
    • ရေဓါတ်မခမ်းစေရန် ကလေးကို ရေများများတိုက်ပေးပါ။
    • ပါရာစီတမော့လိုဆေးမျိုး တိုက်နိုင်ပါသည်။ ဆေးများသည် ရေကျောက်၏ လက္ခါများနှင့် အဖျားကို သက်သာစေပါသည်။ အသက် ၁၆ နှစ်အောက်ကလေးများကိုတော့ အက်စ်ပရင် မပေးရပါ။

    ရေကျောက်သည် ကလေးအရွယ်တွင် အဖြစ်အများဆုံးဆိုသော်လည်း ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်ပြီး ရိုးရှင်းသောကုသနည်းများဖြင့် ထိထိရောက်ရောက် ကုသနိုင်ပါသည်။ သို့သော် ပြင်းထန်သည့်နောက်ဆက်တွဲများ ဖြစ်တတ်သောကြောင့် သင့်ကလေးရေကျောက်ပေါက်လျှင် ဂရုစိုက်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 20/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement