backup og meta

သွေးလွန်တုပ်ကွေး မဖြစ်အောင် ကာကွယ်ကြမယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 22/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွေးလွန်တုပ်ကွေး မဖြစ်အောင် ကာကွယ်ကြမယ်

    မိုးရာသီလည်း နီးလာပြီဆိုတော့ မိုးရာသီမှာ အဖြစ်များတဲ့ သွေးလွန်တုပ်ကွေး ရောဂါနဲ့ ပတ်သက်ပြီး ဂရုပြုရမယ့် အချိန်ရောက်လာပါပြီ။ လူကြီးတွေမှာလည်း ဖြစ်နိုင်သလို အဓိကအားဖြင့် ကလေးငယ်လေးတွေမှာ ဖြစ်တတ်ပြီး ကလေးလေးတွေရဲ့ အသက်အန္တရာယ်ထိခိုက်နိုင်တဲ့ အထိဖြစ်စေနိုင်ပါတယ်။ ဒီတော့ သွေးလွန်တုပ်ကွေး မဖြစ်အောင် ကာကွယ်မှုတွေ လုပ်ဆောင်ဖို့ လိုပါမယ်။

    သွေးလွန်တုပ်ကွေး မဖြစ်အောင် ကာကွယ်ကြမယ်။

    ကာကွယ်ခြင်းဟာ ကုသခြင်းထက်ကောင်းသည် ဆိုတဲ့စကားအတိုင်း ဖြစ်လာရင် အသက်အန္တရာယ်အထိ ရန်ရှာနိုင်တဲ့ ဒီ သွေးလွန်တုပ်ကွေးရောဂါကို မဖြစ်အောင် ကြိုတင်ကာကွယ်ဖို့ အရေးကြီးပါတယ်။

    ဘယ်လိုနည်းလမ်းတွေနဲ့ ကာကွယ်နှိမ်နင်း ကြမလဲ။

    သွေးလွန်တုပ်ကွေးရောဂါ ဆိုတာ ရောဂါပိုးရှိတဲ့ ခြင်( အထူးသဖြင့် Aedes aegypti အမျိုးအစား) မှ တစ်ဆင့် လူကို အကိုက်ခံရပြီး ကူးစက်တာဖြစ်ပါတယ်။

    ကာကွယ်ဖို့နည်းလမ်းတွေကို အပိုင်း ၂ပိုင်းခွဲပြီး မျှဝေပေးချင်ပါတယ်။

    () ခြင်တွေ ပေါက်နိုင်မယ့်နေရာတွေ နဲ့ ခြင်ဖြစ်လာမယ့် ပိုးလောက်လန်းတွေကို သုတ်သင်ရှင်းလင်းခြင်း။

    ခြင်တွေဟာ မှောင်ပြီး စိုစွတ်တဲ့နေရာတွေ၊ ညစ်ပတ်တဲ့ နေရာတွေမှာ ပေါက်ဖွားကြတဲ့အတွက် ခြင်ပေါက်နိုင်မယ့်နေရာတွေ ဖြစ်တဲ့ အမှိုက်သရိုက်တွေ၊ ရေသိုလှောင်ထားတဲ့ ပစ္စည်းတွေ၊ ရေဝပ်နေနိုင်တဲ့ နေရာတွေ၊ ရေကန် နဲ့ ရေစီးရေလာ မကောင်းတဲ့ မြောင်းတွေ ကို မကြာခဏ ရှင်းလင်းပစ်ဖို့ လိုအပ်ပါတယ်။ ရေသိုလှောင်ရာ နေရာတွေကို သေသေချာချာ ဖုံးကာထားပြီး ခြင်တွေဥ မဥအောင်လည်း ကာကွယ်နိုင်ပါတယ်။

    ပိုးလောက်လန်း ဖြစ်ပြီးသားနေရာတွေကို ဆေးခတ်တာတွေ၊ ပိုးလောက်လန်းတွေ စစ်ထုတ်တာတွေကို မိမိအိမ်အတွက် ကိုယ်တိုင်လုပ်ဆောင်ပြီး ပတ်ဝန်းကျင်တစ်ခုလုံးအတွက်လည်း ကျန်းမာရေးဦးစီးဌာန နဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့ တိုက်တွန်းချင်ပါတယ်။

    () ခြင်အကိုက်မခံရအောင် ဂရုစိုက်နေထိုင်ခြင်း။

    ခြင်ကိုက်မခံရစေဖို့ အတွက်

    ၁။ ခြင်တွေကို ရှင်းလင်းခြင်း။

  • အိမ်ရဲ့ ပြင်ပမှာရှိတဲ့ ခြင်တွေကို ခြင်ဆေးဖြန်းပြီး ရှင်းလင်းပါ။ အိမ်ပြင်ပမှာရှိနေတဲ့ မှောင်ပြီး စိုစွတ်တဲ့ နေရာတွေ၊ ချုံပုတ်၊ အမှိုက်ပုံ၊ မြောင်း စတဲ့နေရာတွေကို ရှင်းလင်းပေးရမှာပါ။
  • ခြင်တွေ အိမ်ထဲဝင်မလာအောင် ခြင်လုံဇကာတပ်တာမျိုးတွေ လုပ်နိုင်ပါတယ်။ မိမိအိမ်နဲ့ အခန်းတွေကို လင်းနေအောင် လေဝင်လေထွက်ကောင်းအောင် လုပ်ပေးဖို့ကလည်း အရေးကြီးပါတယ်။
  • အိမ်ထဲမှာရှိနေတဲ့ ခြင်တွေကို ရှင်းလင်းပါ။ ခြင်တွေက မှောင်ပြီး စိုစွတ်တဲ့ နေရာတွေကို ကြိုက်တဲ့အတွက် ပရိဘောဂ ပစ္စည်းတွေရဲ့အောက်၊ အဝတ်ဘီဒို အတွင်းပိုင်း၊ ဘေစင်ပတ်ဝန်းကျင်၊ အမှိုက်ပုံး စတဲ့ ခြင်တွေ အောင်းနေနိုင်မယ့်နေရာတွေကို မကြာခဏ ရှင်းလင်းပေးတာမျိုး၊ ပိုးသတ်ဆေးဖြန်းတာမျိုး လုပ်နိုင်ပါတယ်။
  • ၂။ မိမိကိုယ်ကိုနဲ့ ကလေးငယ်လေးတွေကို ကာကွယ်ခြင်း။

    ခြင်တွေကို ရှင်းလင်းနေရုံနဲ့ မပြီးပါဘူး မိမိကိုယ်ကို နဲ့ အထူးသဖြင့် မိမိရဲ့ ကလေးငယ်ကို ခြင်ကိုက်မခံရအောင် အကာကွယ်ယူဖို့ကလည်း လိုအပ်ပါတယ်။

    • ကလေးငယ်လေးကို အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်ဝတ်ပေးပါ။
    • အိပ်တဲ့အခါ ခြင်ထောင်နဲ့ သိပ်ပါ။
    • ခြင်မကိုက်ဆေး အသုံးပြုပါ။ ကလေးတွေ ခြင်မကိုက်ဆေးတွေကို အသုံးပြုတဲ့ အခါမှာ ကလေးငယ်တွေအတွက် သုံးလို့ရ၊ မရ နဲ့ အသုံးပြုပုံကိုသေချာသိနိုင်ဖို့အတွက် ဆေးမှာပါတဲ့ အညွှန်းကို သေသေချာချာဖတ်ပါ။ ကျန်းမာရေးဝန်ကြီးဌာနက အသိအမှတ်ပြုထားတဲ့ စိတ်ချရတဲ့ ဆေးတွေကိုသာ အသုံးပြုပေးဖို့လည်း အကြံပေးချင်ပါတယ်။

    အပူပိုင်းဒေသဖြစ်တဲ့ အမိမြန်မာနိုင်ငံကြီးမှာ အဖြစ်များတဲ့ သွေးလွန်တုပ်ကွေးရောဂါကို ကာကွယ်နိုင်ဖို့ အားလုံးပါဝင်ဆောင်ရွက်ကြဖို့ တိုက်တွန်းချင်ပါတယ်။

    ရေးသားသူ- Khine Phoo Ngon

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 22/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement