backup og meta

ကလေးများတွင် ဝမ်းချုပ်ခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Ye Mhan Linn မှ ရေးသားသည်။ · 20/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးများတွင် ဝမ်းချုပ်ခြင်း

    ကလေးများတွင် ဝမ်းချုပ်ခြင်း သည် အတွေ့ရများသော ပြဿနာ ဖြစ်ပါသည်။ ထို့ကြောင့် သင့်ကလေးများ ဝမ်းချုပ်နေပါက အသင့်တော်ဆုံး အဖြေရှာနိုင်ရန် တင်ပြထားပါသည်။

    ကလေးများတွင် ဝမ်းချုပ်ခြင်း ရဲ့ ရောဂါလက္ခဏာများ

    ရောဂါလက္ခဏာများမှာ တစ်ပတ်လျှင် သုံးကြိမ်အောက်သာ ဝမ်းသွားခြင်း၊ ဝမ်းမာခြင်း၊ ခြောက်ခြင်း၊ ဝမ်းသွားရခက်ခဲခြင်း၊ ဝမ်းသွားလျှင် နာကျင်ခြင်းနှင့် ဝမ်းသွားလျင် စမြင်းတုံးခံခြင်း စသည်တို့ ဖြစ်ပါသည်။

    ထို့ပြင် အခြားလက္ခဏာများ အနေဖြင့် လေထိုးခြင်း၊ အစာအိမ်အောင့်ခြင်း၊ လေပွခြင်း၊ ဗိုက်နာခြင်း စသည်တို့လည်း ဖြစ်နိုင်သည့်အပြင် ဝမ်းအတုံးပေါ်တွင် သွေးစ များပါလာတတ်ပါသည်။

    ဝမ်းချုပ်ခြင်းတွင် ရှုပ်ထွေးစေတတ်သော ပြဿနာမှာ ဝမ်းပျက် ခြင်း ဖြစ်ပါသည်။ ဝမ်းပျက်ရခြင်းမှာ စမြင်းတုံး အလွန်ကြီးသောအခါ ဝမ်းသွားသည့် လမ်းကြောင်းကို ပိတ်ဆို့ပြီး အရည်ဝမ်း အနည်းငယ်သာ ထွက်နိုင်သောကြောင့် ဖြစ်ပါသည်။

    ထို့ပြင် စမြင်းတုံးကို ကျော်အောင် ညှစ်ပြီးသွားရသည့်အခါ နာကျင်ခြင်းကိုပါ ခံစားရပါမည်။ ထို့ကြောင့် ကလေးများတွင် ဝမ်းမသွားရန် အောင့်ထားတတ်ပါသည်။ အကယ်၍ သင့်အနေဖြင့် သင့်ကလေးတွင် စအိုဝကို ရှုံ့ထားခြင်း၊ ပေါင်နှစ်ဖက် လိမ်ကျစ်ထားခြင်း၊ ဝမ်းအောင့် ထားပြီး မျက်နှာရှုံ့ထားခြင်းများ ရှိပါက သင့်အနေဖြင့် သတိပြုရန် လိုအပ်ပါသည်။

    ကလေးများတွင် ဝမ်းချုပ်စေသော အကြောင်းအရင်းများ

    • ဝမ်းထိန်းထားခြင်း။ သင့်၏ ကလေးသည် ဝမ်းမသွားဘဲ အောက်ပါ အကြောင်းများကြောင့် ထိန်းထားတတ်ပါသည်။ အများပြည်သူသုံး အိမ်သာများတွင် သွားရမည်ကို ကြောက်ခြင်း၊ ဆီးဝမ်းကျင့်ပေးခြင်းကို မနှစ်သက်ခြင်း၊ ကစားနေစဉ် မနားလိုခြင်းနှင့် ဝမ်းသွားစဉ်နာကျင်ခြင်း စသည်တို့ကြောင့် ဖြစ်တတ်ပါသည်။ ဝမ်းသွားစဉ် နာကျင်ပါက သင့်ကလေးသည် နောက်တစ်ကြိမ် ဝမ်းသွားချင်လျှင် ထိန်းထားပေမည်။
    • အမျှင်နှင့် ရေဓာတ် စားသုံးမှုနည်းခြင်း။ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်သော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ စားသုံးမှုနည်းခြင်း၊ ရေသောက်နည်းခြင်း တို့ကြောင့် ဝမ်းချုပ်တတ်ပါသည်။
    • အစားအသောက် ပုံစံပြောင်းလဲခြင်း။ အစားအသောက် ပုံစံ ပြောင်းလဲခြင်းသည် ကလေးများတွင် ပို၍ဝမ်းချုပ်စေပါသည်။ အရည်သာ သောက်သုံးနေရာမှ အစာမာပြောင်းစားသည့်အခါ ဝမ်းချုပ်ခြင်း ဖြစ်စေနိုင်ပါသည်။
    • ဆေးဘေးထွက်ဆိုးကျိုးများ။ စိတ်ကျရောဂါ ကုသဆေးများနှင့် အခြားဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများကြောင့် ဝမ်းချုပ်စေပါသည်။
    • မျိုးရိုးလိုက်တတ်ခြင်း။

    ဝမ်းချုပ်ခြင်းအတွက် ကုသနည်းများ

    အမျှင်ဓာတ်စားစေခြင်း။ သင်အနေဖြင့် သင့်၏ ကလေးကို အမျှင်ဓာတ်များစွာပါသော လတ်ဆတ်သော သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များ၊ ပေါင်မုန့်များနှင့် ပဲအမျိုးမျိုးတို့ကို ကျွေးမွေးရပါမည်။

    ထိုနည်းတူ prebiotic ကြွယ်ဝသည့် အစားအစာများ ဖြစ်သော ဒိန်ချဉ်နဲ့ prebiotics ဖြည့်စွက်ထားတဲ့ ဖော်မြူနို့များသည်လည်း အူလမ်းကြောင်း အတွက် ကောင်းမွန်စေပါသည်။

    ရေများများသောက်ခြင်း။ အရည်များသည်လည်း ဝမ်းမှန်စေရန် အမျှင်ဓာတ်များကဲ့သို့ အရေးပါလှပါသည်။ အမျှင်ဓာတ် များစွာစားသုံးပြီး ရေသောက်နည်းခြင်းသည် ဝမ်းချုပ်ခြင်းကို ပိုဆိုးစေပါမည်။ ထို့ကြောင့် သင့်ကလေးကို အရည်များများ (ဥပမာ။ ရေ၊ နွားနို့) သောက်သုံးစေပြီး သကြားပါသော ဖျော်ရည်များကိုမူ လျှော့သောက်ခိုင်းရပါမည်။

    အိမ်သာ ခဏခဏသွားစေခြင်း။ သင့်ကလေးကို ဝမ်းမှန်ခြင်း၏ ကောင်းကျိုးများကို ပြောပြစေပြီး မနက်အိပ်ရာထချိန်နှင့် အစာစားပြီးချိန်များတွင် အိမ်သာတက်ရန် တိုက်တွန်းရပါမည်။ ပို၍ ငယ်သော ကလေးများတွင် သင်ကြားရန် ပိုလွယ်ကူပါသည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Ye Mhan Linn မှ ရေးသားသည်။ · 20/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement