backup og meta

ရင်သွေးလေးမှာ အစာခြေစနစ်ပြဿနာရှိနေပြီဆိုတာကို သိနိုင်မယ့် လက္ခဏာများ


Aye Thi Mon မှ ရေးသားသည်။ · 24/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    တကယ်လို့ သင့်ကလေးက သူ့ရဲ့ပန်းကန်ထဲမှာထည့်ပေးထားတဲ့ အစားအသောက်တွေကို မလှုပ်တလှုပ်နဲ့ ကုန်အောင်မစားတာနဲ့ပဲ ကလေးက အစားအသောက်ကြေးများတဲ့သူလို့မြန်မြန်ဆန်ဆန်ကြီးမဆုံးဖြတ်လိုက်ပါနဲ့။ ကလေးကအစားအသောက်တွေကို ဟက်ဟက်ပက်ပက်ကြီးမစားရတဲ့အကြောင်းအရင်းတွေက အများကြီးရှိနေနိုင်ပါတယ်။ အဖြစ်နိုင်ဆုံးသောအချက်တွေထဲကတစ်ခုကတော့ ကလေးရဲ့ အစာခြေစနစ်မှာ ပြဿနာရှိနေတာဖြစ်နိုင်ပါတယ်။ ဒီနေရာမှာ မေးစရာတစ်ခုရှိလာနိုင်ပါတယ်။ ဒါကတော့ ကလေးမှာ အစာခြေစနစ်ပြဿနာရှိနေလားဆိုတာကို ဘယ်လိုသိနိုင်မှာလဲ ဆိုတဲ့အချက်ပါ။

    အစာခြေစနစ်ပြဿနာ အဓိပ္ပါယ်ဖွင့်ဆိုချက်နဲ့လက္ခဏာရပ်များ

    အစာခြေစနစ်ပြဿနာဖြစ်စေတဲ့အကြောင်းအရင်းတွေကဘာတွေများလဲ။ အစာခြေစနစ်ကိုပြဿနာဖြစ်စေတဲ့အကြောင်းအရင်းတွေကရောဂါပိုးကူးစက်တာ၊ အစားအစာဓါတ်မတည့်တာတွေကနေစလို့ဘေဘီလေးတွေကို အခင်းကြီးသွားတတ်အောင်လုပ်ဆောင်ပေးတဲ့အလေ့အကျင့်တွေအထိဖြစ်နိုင်ခြေတွေကတော့ အဆုံးအစမရှိပါပဲ။ ကလေးမှာခံစားနေရတဲ့ အစာခြေစနစ်ပြဿနာက သိပ်မပြင်းထန်ဘူးဆိုရင်ဆေးခန်းပြစရာမလိုဘဲ အိမ်မှာတင်ဘဲ ကုသလို့ရပေမယ့်အောက်မှာပြောပြမယ့်လက္ခဏာတွေထဲက တစ်ခုခုပဲဖြစ်နေပြီဆိုရင်တော့ တတ်ကျွမ်းနားလည်သူနဲ့ အမြန်ဆုံးသွားရောက်ပြသဖို့လိုမှာဖြစ်ပါတယ်။

    (၁) ဝမ်းလျှောခြင်း

    • ဝမ်းအရည်တွေသွားနေတာ ချွဲလိုမျိုးဝမ်းတွေသွားနေတာ
    • သွေးဝမ်းသွားနေတာ
    • ကလေးက တစ်နေ့တာအတွင်း ဝမ်း ၅ကြိမ်လောက်သွားနေတာ
    • ၃ရက်ကျော်တဲ့အထိ ကလေးက ဝမ်းလျှောနေတာ

    (၂) ဝမ်းချုပ်ခြင်း

    • ကလေးက တစ်ပတ်ကို ၃ ကြိမ်လောက်ပဲဝမ်းသွားတာ
    • အော့အန်တာ၊ဖျားတာ၊ကိုယ်အလေးချိန်ကျတာ၊ ဝမ်းဗိုက်ရောင်ရမ်းမှုနဲ့အတူ ဝမ်းချုပ်နေတာ

    (၃)အော့အန်ခြင်း

    • အန်တဲ့ထဲမှာသွေး ဒါမှမဟုတ် အစာခြေရည်တွေပါနေတာ
    • ဝမ်းလျှောတာ၊အဖျားတက်တာ နဲ့ ဗိုက်အရမ်းအောင့်တာတွေနဲ့အတူအော့အန်နေတာ
    • တစ်နှစ်အောက်အရွယ်ကလေးငယ်တစ်ယောက်က တစ်ရက်ကျော်တဲ့အထိအော့အန်နေတာ
    • လမ်းလျှောက်တတ်စ ကလေးငယ်တစ်ယောက်အနေနဲ့ ၃ ရက်ကျော်တဲ့အထိအော့အန်နေတာ

    (၄) ဗိုက်အောင့်ဗိုက်နာဖြစ်ခြင်း

    • နာကျင်မှုကပြင်းထန်မယ်၊ မကြာခဏဖြစ်နေမယ် ဒါမှမဟုတ် အမြဲလိုလိုဖြစ်နေမယ်ဆိုရင်
    • ၂ ပတ်ကျော်တဲ့အထိ ဗိုက်အောင့်နေမယ်ဆိုရင်
    • ဗိုက်တစ်နေရာထဲကအောင့်နေမယ်ဆိုရင်
    • ဗိုက်ကအမြဲလိုလိုအောင့်နေမယ်ဆိုရင်

    (၅) GEDR ( Gastro esophageal reflux) စားချဉ့်ပြန်ရောဂါ

    စားချဉ့်ပြန်ရောဂါက ကလေးတွေအနေနဲ့ချောကလက်၊ ပူရှိန်း နဲ့ အဆီများတဲ့ အစားအစာတွေလိုမျိုး အစားအသောက်တွေကို မစားတော့ဘူးဆိုရင် သူ့အလိုလိုသက်သာသွားနိုင်ပါတယ်။ ကလေးမှာ အခုလိုမျိုးပြင်းထန်တဲ့ စားချဉ့်ပြန်ရောဂါလက္ခဏာတွေခံစားနေရမယ်ဆိုရင် ဆရာဝန်နဲ့ပြသသင့်ပါတယ်။

    • ကိုယ်အလေးချိန်ကျသွားရင် ဒါမှမဟုတ် ကိုယ်အလေးချိန်မတက်လာတော့ရင်
    • အသက်ရှုလမ်းကြောင်းဆိုင်ရာပြဿနာတွေခံစားနေရရင်
    • အစားစားပြီးတိုင်း အစိမ်းရောင် ဒါမှမဟုတ် အဝါရောင်အရည်တွေအန်နေတာဆိုရင်
    • ဝမ်းဗိုက်နဲ့ရင်ဘတ်ထဲကအောင့်နေတယ်ဆိုရင်
    • အချိန်အတော်ကြာချောင်းဆိုးနေမယ်ဆိုရင်
    • အစားအစာတွေမျိုချရခက်နေမယ်ဆိုရင်

    (၆) အစာကြေခဲနေမယ်

    အော့အန်တာ၊ ဗိုက်အောင့်တာ၊ဝမ်းချုပ်တာ နဲ့ ဝမ်းလျှောတာတွေကအောက်မှာပြောထားတဲ့ကျန်းမာရေးပြဿနာတွေရဲ့ လက္ခဏာတွေဖြစ်နိုင်ပါတယ်။

  • အစားအစာတွေနဲ့ ဓါတ်မတည့်တာ – နွားနို့မှာပါတဲ့ lactose နဲ့ဓါတ်မတည့်တာ၊ကောက်နှံတွေမှာပါတဲ့ gluten၊ အခွံမာပင်လယ်သတ္တဝါတွေနဲ့ ကိုကိုးစေ့တို့မှာပါတဲ့ histamine တို့နဲ့ဓါတ်မတည့်တာမျိုး
  • ဂလူတန် ဓါတ်မတည့် အူသိမ်ရောဂါ (Celiac Disease) – ဒီရောဂါက အစားအသောက်တွေနဲ့ဓါတ်မတည့်တာထက် မျိုးရိုးလိုက်တဲ့ရောဂါတစ်မျိုးပါ။ gluten ကိုချေဖျက်ပြီးတဲ့နောက်မှာအူသိမ်အတွင်းနံရံတွေ ပျက်စီးမှုကြောင့်ဖြစ်လာတဲ့နောက်ဆက်တွဲဝေဒနာပါ။ ဒီဝေဒနာကို gluten-sensitive enteropathy လို့လည်းသိကြပါတယ်။
  • အူလမ်းကြောင်းပိတ်ခြင်း (Bowel Obstruction) – အူသိမ်နဲ့အူမကြီးထဲမှာ အစာဟောင်းတွေပိတ်ဆို့နေတာပါ။
  • Irritable bowel sydrome – ဒီဝေဒနာက အစာအိမ်အူလမ်းကြောင်းဆိုင်ရာပြဿနာတစ်ခုပါ။ IBS နဲ့ ဗီတာမင် D ချို့တဲ့မှုကြောင့်လည်း ဒီဝေဒနာကိုခံစားရနိုင်ပါတယ်။ အတိအကျပြောပြရမယ်ဆိုရင်တော့ လေ့လာမှုတစ်ရပ်အရ IBSဝေဒနာခံစားနေရသူ ၁၀ ဦးမှာ ၈ ဦးက ဗီတာမင် D ချို့တဲ့နေတယ်လို့တွေ့ရှိခဲ့ရပါတယ်။
  • Congenital bowel သို့မဟုတ် အသည်းရောဂါ
  • ပန်ကရိယရောင်ရမ်းခြင်း – ပန်ကရိယမှာ ပုံမှန်မဟုတ်ဘဲရောင်ရမ်းနေတာ
  • ဆီးလမ်းကြောင်းပိုးဝင်ခြင်း -ယောက်ျားလေးတွေထက် မိန်းကလေးတွေမှာပိုအဖြစ်များပါတယ်။
  • အစာခြေလမ်းကြောင်းတွင် အနာများဖြစ်ခြင်း (Ulcerative colitis)– အူမကြီးနဲ့ အစာဟောင်းအိမ်ရောင်ရမ်းခြင်း
  • အသည်းရောင်အသားဝါရောဂါ – အသည်းရောင်ခြင်း
  • Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 24/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement