backup og meta

ကလေးတွေမှာ ဖြစ်တဲ့ ဝမ်းကိုက်ရောဂါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Kaung Thar မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးတွေမှာ ဖြစ်တဲ့ ဝမ်းကိုက်ရောဂါ

    ကလေးတွေမှာ ဖြစ်တဲ့ ဝမ်းကိုက်ရောဂါ ဆိုတာဘာလဲ။

    ဝမ်းကိုက်ရောဂါဆိုတာ Salmonella(စဲလ်မိုနဲလား) နှင့် Shigella(ရှီဂဲလ်လား)ဆိုတဲ့ ဘက်တီးရီးယားတွေကြောင့်ဖြစ်တဲ့ အူလမ်းကြောင်းရောဂါတစ်မျိုးဖြစ်ပါတယ်။ ဒီရောဂါပိုးဟာရောဂါးပိုးရှိနေတဲ့ မစင်နဲ့ တိုက်ရိုက်ထိတွေ့မိရာကနေ ကူးစက်နိုင်ပါတယ်။ ထို့အပြင် မသန့်ရှင်းတဲ့ အစားအသောက်တွေ စားသောက်မိခြင်း, မသန့်ရှင်းတဲ့ရေထဲမှာရေကူးမိခြင်းတို့ကနေလဲဖြစ်နိုင်ပါတယ်။

    အသက် ၂ နှစ်ကနေ ၄ နှစ်ကလေးတွေ မှာ အဖြစ်များနိုင်ပါတယ်။ဆောင်းရာသီထက်နွေရာသီလို အချိန်အခါမျိုးမှာ ပိုအဖြစ်များနိုင်ပါတယ်။

    ရောဂါလက္ခဏာတွေက ဘာတွေလဲ။

    လက္ခဏာတွေကတော့ရောဂါပိုးဝင်ပြီးချိန်ကစပြီး တစ်ရက်၊ နှစ်ရက်လောက် အကြာမှာ ဝမ်းလျှောခြင်း၊အန်ခြင်း၊ဖျားခြင်းနှင့် ဗိုက်အောင့်ခြင်းတွေ စဖြစ်လာပါမယ်။ ဝမ်းလျှောတာက ၅ ရက်ကနေ ၇ ရက်လောက်ထိ ဆက်တိုက်ဖြစ်နိုင်တာကြောင့် ကလေးငယ်လေးတွေအတွက်ဆေးရုံမှာ တက်ရောက်ကုသမှုခံယူတာ အကောင်းဆုံးပါပဲ။ ကလေးက ဝမ်းလျှောပြီး အဖျား ၁၀ဝံFလောက်ဖြစ်နေတယ်ဆိုရင် အမြန်ဆုံးဆရာဝန်သွားပြသင့်ပါတယ်။

    ဘာတွေက ဝမ်းကိုက်ရောဂါကိုဖြစ်စေတာလဲ။

    ဝမ်းကိုက်ရောဂါကို အဓိကဖြစ်စေတာကတော့ ဘက်တီးရီးယားပိုးတွေပဲဖြစ်ပါတယ်။ Salmonella(စဲလ်မိုနဲလား)၊ Shigella(ရှီဂဲလ်လား)၊ E.coli(အီးကိုလိုင်း)၊Campylobacter (ကမ်ပိုင်လိုဘက်တာ) အစရှိတဲ့ ဘက်တီးရီးယားတွေက ဝမ်းကိုက်ခြင်းကိုဖြစ်စေနိုင်ပါတယ်။

    ကလေးများဟာ ဝမ်းကိုက်ပိုးရှိနေတဲ့ မစင်နှင့် တိုက်ရိုက်ထိတွေ့မိခြင်း သို့မဟုတ် ဝမ်းကိုက်ပိုးရှိတဲ့မြေကြီးကို လက်နှင့်ကိုင်မိထားပြီး ပါးစပ်ကို ကိုင်မိခြင်း၊ လက်မဆေးပဲ အစာစားမိခြင်း၊ မသန့်ရှင်းတဲ့ လမ်းဘေးစာများ စားမိခြင်းကနေ ဝမ်းကိုက်ပိုးကူးစက်မိနိုင်ပါတယ်။

    တစ်ခါတစ်လေနေ့ကလေးထိန်းကျောင်း၊ ကလေးကစားကွင်းတွေလိုမျိုး လူများတဲ့နေရာတွေမှာရောဂါပိုးရှိနေတတ်တာကြောင့် မိဘတွေအနေနဲ့ အထူးသတိပြုသင့်ပါတယ်။

    ဘယ်လိုကုသလို့ရလဲ။

    ကလေး ဝမ်းကိုက်ရောဂါကို ကုသရာမှာရေဓါတ်ပြည့်ဝအောင်ဖြည့်စွက်ပေးခြင်းက အလွန်အရေးကြီးပါတယ်။ ခန္ဓါကိုယ်ကရေဓါတ်၊ဆားဓါတ်ပြည့်ဝနေမှရောဂါပိုးကိုလဲ ခံနိုင်ရည်ရှိမှာဖြစ်ပါတယ်။ ဒါက ဝမ်းကိုက်ရောဂါအခြေအနေမဆိုးရင် အရည်များများတိုက်ကျွေးပေးရုံနဲ့ လုံလောက်ပါတယ်။ ဒါ့အပြင် ကလေးကို အကျိုးပြုဘက်တီးရီးယားဆေးဝါးတွေလဲ တိုက်နိုင်ပါတယ်။ အကျိုးပြုဘက်တီးရီးယားတွေက ကလေးအူလမ်းကြောင်းထဲကရောဂါဖြစ်စေတဲ့ ပိုးမွှားတွေကို တိုက်ဖျက်ပေးပါတယ်။ ရေဓါတ်ခမ်းခြောက်မှုလွန်ကဲနေတဲ့ ကလေးတွေကိုကျတော့ဆေးရုံမှာ အကြောဆေးသွင်းကုသမှ ရမှာဖြစ်ပါတယ်။ ဓါတ်ဆားရည်ကို ပါးစပ်ကသောက်တာထက်သွေးကြောမှ သွင်းလိုက်ခြင်းက ခန္ဓါကိုယ်တွင်းသို့ အရည်ဓါတ်နှင့်ဆားဓါတ်မြန်မြန်ပိုရောက်စေပါတယ်။

    ကလေးတွေမှာ ဝမ်းကိုက်ရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ။

    • ကလေးရဲ့ လက်ကို အစာမစားမီနဲ့ အစာစားပြီးတိုင်း ဆပ်ပြာနဲ့သေချာစင်အောင်ဆေးပေးပါ။
    • လမ်းဘေးစာတွေ မစားခိုင်းပါနဲ့။
    • ဝမ်းကိုက်ရောဂါပိုးရှိသူကို အစားအသောက် ချက်ပြုတ်ခြင်း၊ပြင်ဆင်ခြင်း မပြူလုပ်ခိုင်းပါနဲ့။
    • ရေသန့် သို့ ကြိုချက်ထားသောရေကိုသာ တိုက်ပါ။
    • ကျက်အောင်ချက်ထားသော အစားအစာတွေကိုသာ ကလေးကိုကျွေးပါ။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Kaung Thar မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement