backup og meta

ကလေးတွေမှာ ဖြစ်တဲ့ လိပ်ခေါင်းရောဂါကို ဘယ်လိုကုသမလဲ


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးတွေမှာ ဖြစ်တဲ့ လိပ်ခေါင်းရောဂါကို ဘယ်လိုကုသမလဲ

    လူသန်းပေါင်းများစွာဟာလိပ်ခေါင်းရောဂါကိုနေ့နေ့ညညခံစားနေရပါတယ်။ လိပ်ခေါင်းရောဂါဆိုတာဟာယေဘုယျအနေနဲ့အသက်၃၀အထက်တွေမှာသာ ဖြစ်လေ့ရှိတာမှန်ပေမယ့်ကလေးတွေမှာလည်းလိပ်ခေါင်းဖြစ်နိုင်ချေကရှိနေပြန်ပါတယ်။

    လိပ်ခေါင်းဆိုတာဘာလဲ။

    စအိုနဲ့အူမကြီးအဆုံးပိုင်းတဝိုက်မှာရှိတဲ့သွေးပြန်ကြောတွေဖောင်းကားရောင်ရမ်းတာကိုလိပ်ခေါင်းလို့ခေါ်ပါတယ်။ လိပ်ခေါင်းဟာစအိုတဝိုက်ယားယံတာ၊အထိမခံနိုင်တာ၊နာကျင်တာတို့ကို ဖြစ်စေနိုင်သလိုဝမ်းသွားရင်သွေးပါတာကိုလည်းဖြစ်စေနိုင်ပါတယ်။ ကလေးတွေမှာလိပ်ခေါင်းဖြစ်နေပြီဆိုရင်သူတို့အိမ်သာတက်ပြီးလို့သန့်ရှင်းရေးလုပ်တဲ့တစ်ရှူးစက္ကူမှာသွေးစလေးတွေပေနေတာကိုတွေ့ရမှာ ဖြစ်ပါတယ်။ ပြင်းထန်တဲ့လိပ်ခေါင်းရောဂါတွေကိုဆေးရုံဆေးခန်းစတာတွေမှာတက်ရောက်ကုသမှုခံယူဖို့လိုပေမယ့်သိပ်မဆိုးတဲ့လိပ်ခေါင်းမျိုးဆိုရင်တော့အိမ်မှာပဲသဘာဝနည်းလေးတွေနဲ့ကုသလို့ရနိုင်ပါတယ်။

    ကလေးတွေမှာလိပ်ခေါင်းကိုဘယ်လိုကုမလဲ။

    ဘာတွေပြင်ဆင်ထားရမလဲ။

    • ကြက်သီးနွေးရေ။
    • ဆံပင်မှုတ် dryer။
    • အဝတ်ပျော့ပျော့ဒါမှမဟုတ်ရေစွတ်ထားတဲ့တစ်ရှူးစက္ကူ။
    • ရေခဲအိတ်။
    • အကိုက်အခဲပျောက်ဆေး (Acetaminophen)။
    • လိပ်ခေါင်းလိမ်းခရင်မ်။

    ကလေးလိပ်ခေါင်းကိုကုဖို့လုပ်ဆောင်ရမယ့်အချက်တွေ

    • သင့်ကလေးကိုကြက်သီးနွေးရေလေးနဲ့နေ့တိုင်းရေချိုးပေးပါ။ အဓိကကတော့စအိုနားတဝိုက်ပေါ့။ ဆပ်ပြာပျော့ပျော့ကိုသုံးပါ(ဆပ်ပြာတွေကလိပ်ခေါင်းကိုပိုဆိုးနိုင်စေလို့ ဖြစ်နိုင်ရင်ဆပ်ပြာမသုံးစေချင်ပါဖူး)။ ပြီးရင်ဆံပင်မှုတ် dryer နဲ့ခြောက်အောင်သေချာမှုတ်ပေးပါ။
    • လိပ်ခေါင်းနေရာလေးကိုပဲရေနွေးသန့်သန့်ထဲမှာ၁၀မိနစ်-၁၅မိနစ်လောက်စိမ်တာကိုတနေ့ကိုနှစ်ခါသုံးခါလောက်လုပ်ပေးပါ။
    • အိမ်သာတက်ပြီးတိုင်းမှာရေစွတ်ထားတဲ့တစ်ရှူးစက္ကူသန့်သန့်နဲ့စင်ကြယ်အောင်အသာအယာဆေးပါစေ။ လိပ်ခေါင်းနေရာတဝိုက်ကိုကိုင်တွယ်ရင်ညင်ညင်သာသာကိုင်ဖို့နဲ့အနံ့စူးစူးပစ္စည်းတွေကိုခပ်ဝေးဝေးကရှောင်ဖို့သင်ပေးထားရပါမယ်။
    • စအိုဝနားကိုရေခဲအိတ်ကပ်ပါ။ တကယ်လို့ကလေးကနာတယ်လို့ပြောရင်အကိုက်အခဲပျောက်ဆေးဖြစ်တဲ့ acetaminophen ကိုပေးနိုင်ပါတယ်။ ဒါပေမယ့်ဆရာဝန်ညွှန်ကြားချက်ရှိမှသောက်ရပါမယ်။
    • လိပ်ခေါင်းလိမ်းခရင်မ်တွေကိုဝယ်ဖို့အတွက်ဆရာဝန်ကိုမေးမြန်းပါ။ ညွှန်ကြားတဲ့အတိုင်းအတိအကျလိုက်နာပါ။

    အရေးကြီးတဲ့အချက်ကအိမ်မှာသဘာဝနည်းတွေနဲ့ကုလို့၂ပတ်ကျော်ကြာတဲ့အထိမသက်သာတာဒါမှမဟုတ်သွေးတွေအရမ်းထွက်လာတာမျိုးရှိတယ်ဆိုရင်ဆေးရုံဆေးခန်းကိုအမြန်ဆုံးသွားပြပါ။

    လိပ်ခေါင်းရောဂါသက်သာပျောက်ကင်းဖို့ပြောင်းလဲပစ်ရမယ့်နေထိုင်သွားလာမှုပုံစံတွေ

  • ကလေးရဲ့အစားအသောက်ပုံစံနဲ့ပတ်သက်လို့ဂရုစိုက်ပေးပါ။ ဘာလို့လဲဆိုတော့အမျှင်ဓါတ်အစားနည်းရင်ဝမ်းချုပ်ပြီးလိပ်ခေါင်းဖြစ်လာနိုင်လို့ပါ။ လိပ်ခေါင်းရဲ့အစောပိုင်းလက္ခဏာတွေကဝမ်းပုံမှန်ချုပ်နေတာ၊ဝမ်းသွားရခက်တာနဲ့အိမ်သာတခါတက်ရင်အကြာကြီးတက်ရတာစတာတွေပဲ ဖြစ်ပါတယ်။
  • တမိသားစုလုံးစားတဲ့အစားအစာပုံစံထဲမှာသစ်သီးတွေ၊ဟင်းသီးဟင်းရွက်တွေပိုပြီးများများထည့်ပေးပါ။ အစေ့အဆံတွေ၊ဂျုံတွေများများစားပေးပါ။
  • ကလေးကိုရေများများသောက်ခိုင်းပါ။ တနေ့ကိုအနည်းဆုံးရေတလီတာခွဲလောက်တော့သောက်ရပါမယ်။
  • အိမ်သာတက်ချင်ရင်မအောင့်ထားဖို့ကလေးတွေကိုသေချာမှာပါ။ အောင့်ထားရင်လိပ်ခေါင်းကိုပိုဆိုးစေပါလိမ့်မယ်
  • Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement