backup og meta

ကလေးငယ်များ၏အညစ်အကြေးများ(အကောင်းဆုံးသောလမ်းညွှန်တစ်ခု)


Dr. Kaung Thar မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးငယ်များ၏အညစ်အကြေးများ(အကောင်းဆုံးသောလမ်းညွှန်တစ်ခု)

    ကလေးများ၏အညစ်အကြေးများသည်ကလေးငယ်၏ကျန်းမာရေးနှင့်ပက်သက်ပြီးအချက်အလက်များစွာပေးပါသည်။၎င်းသည် သင့်ကလေးငယ်ကြီးထွားရာ၌ ဘယ်အရာသည် ပုံမှန်ဖြစ်၍ ဘယ်အရာသည် ပုံမမှန်ဖြစ်သည်ကို လေ့လာဆုံးဖြတ်ရန်အဓိက လမ်းညွှန်ပင်ဖြစ်ပါသည်။

    အညစ်အကြေးစွန့်သောအကြိမ်အရေအတွက်

    အကယ်၍သင်၏ကလေးသည်တစ်ပတ်လျှင်တစ်ကြိမ်သို့မဟုတ်နှစ်ကြိမ်သာအလေးသွားသည်ဆိုလျှင်မကြောက်သွားပါနှင့်။ အဘယ်ကြောင့်ဆိုသော်တစ်ပတ်လျှင်တစ်ကြိမ်နှစ်ကြိမ်လောက်သာအလေးသွားခြင်းအလေ့အကျင့်သည်ကလေးငယ်များအကြားပုံမှန်နီးပါးလောက်သာဖြစ်သည်။ သင်အဓိကဂရုစိုက်ရမည့်အရာသည်သူတို့၏အလေးသည်ဘယ်လိုအခြေအနေရှိသလဲဆိုတာပင်ဖြစ်ပါသည်။ အကယ်၍၎င်းသည်ပုံမှန်လိုပျော့ပျော့ပျောင်းပျောင်းထွက်လာသည်ဆိုပါကသင်စိတ်ပူစရာမလိုပါ။ သို့သော်လည်းအလေးသည်မာပြီးခြောက်သွေ့နေသည်ဆိုပါကသင့်ကလေးဝမ်းချုပ်နေခြင်းဖြစ်ပါသည်။ မိခင်နို့တိုက်သောကလေးများသည်နို့စို့ပြီးသည့်အခါတိုင်းလိုလိုအလေးသွားလေ့ရှိကြသည်။ သို့သော်အသက်သုံးပတ်မှခြောက်ပတ်ကြာပြီးနောက်တွင်အလေးသွားနှုန်းလျော့ကျသွားလေ့ရှိပါသည်။

    မွေးပြီးပြီးချင်းစွန့်သောအလေး(ငယ်ချေးပါခြင်း)

    ငယ်ချေးသည်သင့်ကလေးမွေးပြီးပြီးချင်းနှစ်ဆယ့်လေးနာရီအတွင်းပထမဆုံးပါသောအလေးဖြစ်သည်။ အရောင်အားဖြင့်အစိမ်းပုပ်ရောင်၊အနက်ရောင်၊ကတ္တရာလိုစေးပျစ်သည်။ ကားဆီဂျီးလိုစေးပျစ်သည်။ ထို့အပြင်အနံ့တော့သိပ်မနံပါ။ ပထမနှစ်ရက်မှလေးရက်ပြီးနောက်တွင်ကလေး၏အလေးသည်အစိမ်းရောင်ဘက်ပိုသန်းလာပြီးစေးပျစ်မှုလည်းလျော့လာသည်။ဤလက္ခဏာသည်သင်၏ကလေးသည်မိခင်နို့ကိုအစာခြေနိုင်ကြောင်းညွှန်ပြနေသည်။

    မိခင်နို့ကောင်းမွန်စွာတိုက်ကျွေးထားသောကလေး၏အလေး

    မိခင်နို့ကောင်းမွန်စွာတိုက်ကျွေးထားသောကလေး၏အလေးသည်အဝါရောင်သို့မဟုတ်အစိမ်းရောင်ဖျော့ဖျော့သာရှိသင့်သည်။ အမာအပျော့ကိုကြည့်လျှင်ခရင်မ်ကဲ့သို့ဖြစ်သည်။ တစ်ခါတစ်လေတွင်ဝမ်းသွားသကဲ့သို့အရည်ကျဲမည်။ အကယ်၍တစ်နေ့နှင့်တစ်နေ့စားသောက်သောအစားအစာချင်းမတူလျှင်ကလေး၏အလေးသည်လည်းအစိမ်းရောင်ဘက်ပိုဆန်လာမည်။ ထို့ကြောင့်စိတ်မပူပါနှင့်။ သို့သော်လည်းဤအခြေအနေသည်အခြားရောဂါလက္ခဏာများနှင့်တွဲပြီးဖြစ်ပေါ်ပါကဆရာဝန်နှုင့်တိုင်ပင်ပြသသင့်ပါသည်။

    ကယ်လိုရီနည်းသောမိခင်နို့စို့ရသောကလေး၏အလေး

    အစိမ်းတောက်တောက်အရောင်ရှိပြီးအမြှုပ်ထသောအလေးသည်ကယ်လိုရီနည်းသောနို့သောက်ရခြင်း၏လက္ခဏာဖြစ်သည်။ဤသည်မှာသင့်ကလေးသည်ကယ်လိုရီအနည်းငယ်သာပါဝင်သောစစို့စို့ခြင်းနို့ကိုအပြည့်အဝစို့ပြီးအဆီပါဝင်မှုများသောကုန်ခါနီးနို့ကိုလုံလုံလောက်လောက်မစို့သောကြောင့်ဖြစ်သည်။ဤအရာကိုသင်ဘယ်လိုပြင်ဆင်နိုင်သလဲဆိုတော့သင့်ကလေးနောက်တစ်ကြိမ်နို့ဆာလျှင်ပထမတိုက်ထားသောနို့မှပြန်စတိုက်ခြင်းဖြင့်ပြင်ဆင်နိုင်သည်။

    ကျန်းမာရေးနှင့်ညီညွတ်သောနို့ဘူးတိုက်ထားသောကလေး၏အလေး

    ကျန်းမာရေးနှင့်ညီညွတ်သောနို့ဘူးတိုက်ထားသောကလေးများ၏အလေးသည်ကော်ကဲ့သို့စေးပျစ်ပြီးပဲထောပတ်နှင့်တူသောအလေးကိုသွားနိုင်သည်။ ဝါညိုရောင်လည်းဖြစ်နိင်သည်။ စိမ်းညိုရောင်လည်းဖြစ်နိုင်သည်။ ရိုးရိုးအညိုရောင်လည်းဖြစ်နိုင်သည်။

    သံဓါတ်ပါသောအလေးများ

    သံဓါတ်အားဖြည့်ဆေးများသည်သင့်ကလေး၏အလေးကိုအစိမ်းခပ်မှောင်မှောင်အရောင်သို့မဟုတ်အနက်ရောင်နီးပါး ပြောင်းလဲနိင်သည်။ သို့သော်လည်း သံဓါတ်အားဖြည့်ဆေး မတိုက်ထားဘဲ ဤကဲ့သို့ အလေးများသွားပါက ဆရာဝန်နှင့်ပြသရန် လိုအပ်ပါသည်။

    အစာမာကျွေးသောကလေး၏အလေး

    ကလေးကိုစီရီယယ်များငှက်ပျောသီးများစသည်ဖြင့်အစာမာများကျွေးသောအခါတွင်ကလေး၏အလေးသည်အညိုရောင်သို့မဟုတ်အညိုရင့်ရောင်နှင့်ပို၍စေးပျစ်လာနိုင်ပါသည်။ သို့သော်ပျော့ပြဲပြီးအနံ့အနည်းငယ်နံနိုင်ပါသည်။

    တစ်ဝက်တစ်ပျက်ခြေဖြတ်ထားသောအစာကြောင့်သွားသည့်အလေး

    သင့်ကလေး၏အလေးထဲတွင်အစာအတုံးများတွေ့ခဲ့သည်ရှိသော်ထို့အတူကလေး၏အလေးသည်သက်တန့်ရောင်ကဲ့သို့အရောင်ပါဝင်နေသည်ကိုတွေ့ခဲ့သည်ရှိသော်စိတ်မပူပါနှင့်။ အဘယ်ကြောင့်ဆိုသော်ထိုအချင်းအရာသည်အချို့သောအစားအစာများသည်အစာအိမ်နှင့်အူလမ်းကြောင်းထဲတွင်အပြီးအပိုင်ခြေဖျက်ချင်းမတိုင်မီလျင်မြန်စွာဝမ်းသွားလိုက်သောကြောင့်ပါလာသောအစားအစာများဖြစ်သည်။

    ဝမ်းသွားခြင်း

    ကလေးများတွင်ဝမ်းသွားလျှင်အရည်ကျဲကျဲသွားနိုင်ပါသည်။ ထို့အပြင်ဝမ်းသွားခြင်းသည်အဝါရောင်၊အစိမ်းရောင်၊အညိုရောင်ဖြစ်နိုင်ပါသည်။ ထိုအရာသည်ပိုးဝင်ခြင်းသို့မဟုတ်ဓါတ်မတည့်ခြင်းလက္ခဏာရပ်ဖြစ်နိုင်ပါသည်။ ကုသမှုမပေးဘူးဆိုလျှင်သင့်ကလေးရေဓါတ်ခန်းခြောက်ခြင်းဖြစ်သွားနိုင်ပါသည်။ အကယ်၍သင့်ကလေးသည်တစ်ရက်သို့မဟုတ်နှစ်ရက်ခန့်ဝမ်းသွားနေမည်ဆိုပါကဆရာဝန်ကိုပြပါ။ သို့မဟုတ်သင့်ကလေး၏အလေးတွင်သွေးသို့မဟုတ်အချွဲများပါနေသည်ဆိုပါကဆရာဝန်နှင့်ပြသပါ။

    ဝမ်းချုပ်ခြင်း

    ကလေးငယ်များဝမ်းချုပ်လျှင်မာကြောပြီးကျောက်စရစ်ခဲနှင့်တူသောအလေးများပါတတ်သည်။ ကလေးများကိုအစာအမာများစတင်ကျွေးသောအခါတွင်သို့မဟုတ်နို့နှင့်ဓါတ်မတည့်သောအခါတွင်ထိုကဲ့သို့အခြေအနေဖြစ်ပွားနိုင်သည်။ ကလေးငယ်၏သေးစိုခံတွင်ကျောက်စရစ်ခဲနှင့်တူသောအလေးများနှစ်ကြိမ်ထက်ပိုပြီးတွေ့သည်သို့မဟုတ်ကလေးငယ်၏အလေးထဲတွင်သွေးတွေ့သောအခါတွင်ဆရာဝန်ပြသင့်ပါသည်။

    အချွဲများပါသောအလေး

    တောက်ပပြီးတလက်လက်ထနေသောအမျှင်များပါဝင်သည့်အစိမ်းရောင်အလေးများသည်အချွဲများပါဝင်နေသည့်လက္ခဏာဖြစ်သည်။ သင့်ကလေးသွားရည်ကျနေချိန်တွင်ထိုအခြေအနေသည်ပုံမှန်ဖြစ်သော်လည်းထိုအခြေအနေသည်အခြားသောရောဂါလက္ခဏာများနှင့်တွဲလာပါကသင့်ကလေးသည်ပိုးဝင်ခြင်းသို့မဟုတ်ဓါတ်မတည့်ခြင်းဖြစ်နေသည်ဟုယူဆရသည်။

    သွေးပါသောအလေး

    အလေးများထဲတွင်အနီရောင်ရဲရဲများပါနေပြီဆိုပါကနို့ထဲတွင်ပါသောပရိုတင်းကိုဓါတ်မတည့်ခြင်း၊စအိုတွင်သွေးထွက်ခြင်း၊လိပ်ခေါင်းအသေးစားများနှင့်အခြားဘက်တီးရီးယားပိုးဝင်မှုများကြောင့်ဖြစ်နိုင်ပါသည်။ အနက်ရောင်သွေးစများပါသောအလေးသည်သင့်ကလေးကိုမိခင်နို့တိုက်သောအခါနှင့်သွေးထွက်နေသောမိခင်နို့သီးခေါင်းမှသွေးများကိုမြိုချမိသောအခါများတွင်ဖြစ်ပွားတတ်ပါသည်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Kaung Thar မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement