backup og meta

သင့်ကလေး နှာခေါင်းထဲ တစ်ခုခုဝင်သွားတဲ့အခါ ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ကလေး နှာခေါင်းထဲ တစ်ခုခုဝင်သွားတဲ့အခါ ။  ။

    တောက်တောက် တောက်တောက် လျှောက်သွားတတ်တဲ့ ကလေးအရွယ်တွေဆိုတာ တကယ်ကို ထိန်းရခက်ပြီး သေချာ ဂရုစိုက်ရမယ့် အရွယ်တွေပါ။ လမ်းကလည်း လျှောက်တတ်ခါစဆိုတော့ ဟိုသွားဒီသွား၊ အစားကလည်းစားတတ်ခါစဆိုတော့ လျှောက်စား၊ စူးစမ်းချင်စိတ်ရှိပေမယ့် သေချာလည်း မဝေခွဲတတ်သေးတဲ့ အရွယ်ဆိုတော့ တွေ့ကရာ အကုန်လျှောက်လုပ်တတ်ကြပါတယ်။ ဒီအရွယ်ကလေးတွေမှာ အဖြစ်အများဆုံကတော့ နှာခေါင်းထဲ တွေ့ကရာ သေးသေးကွေးကွေး ပစ္စည်းလေးတွေ လျှောက်ထည့်တာပဲဖြစ်ပါတယ်။

    ဘာပစ္စည်းတွေ ထည့်လေ့ရှိလဲ ။ ။

    • ခဲဖျက်အပိုင်းအစလေးတွေ၊
    • ပဲစေ့
    • မန်ကျည်းစေ့၊
    • ကြယ်သီး၊
    • တစ်ရှူးကိုလိပ်ထားတဲ့ အလုံးလေးတွေက နှာခေါင်းထဲကို ကလေးတွေအထည့်များတဲ့ ပစ္စည်းတွေပါ ။

    ဘယ်လို လက္ခဏာတွေတွေ့ရမှာလဲ ။ ။

    ကိုယ်သတိမထားမိတဲ့အချိန် ကလေးက အပေါ်မှာပြောထားတာတွေ နှာခေါင်းထဲထည့်လိုက်တဲ့အခါ ကိုယ်ကလည်း မသိ။ ကလေးကလည်း မပြောနဲ့ အချိန်ကြာသွားမယ်ဆိုရင်

    • ကလေးနှာခေါင်းထဲကနေ အနံ့အသက်မကောင်းတာ တစ်ခုခုထွက်နေမယ်
    • နှာရည်တွေလည်း ယိုနေမယ်
    • အသက်ရှူတဲ့အခါ အသံတွေမြည်နေ တတ်ပါတယ်။

    ကလေးနှာခေါင်းထဲ တစ်ခုခုရောက်နေပြီဆို သင်ဘာလုပ်မလဲ ။ ။

    သိသိချင်း ပြာယာခတ်သွားပြီး ဘာလုပ်ရမလဲ မသိကြတော့တာ မိဘတိုင်းပါ။ စိတ်ထဲမှာလည်း ကလေးအသက်ရှူလို့ မရတော့မှာကို အရမ်းစိတ်ပူသွားကြပါတယ်။ အရမ်းကြီးလည်း မစိုးရိမ်ပါနဲ့။ နှာခေါင်းက နှစ်ဖက်ရှိတဲ့အတွက် အသက်ရှူဖို့ အခြားတစ်ဖက်ရှိပါတယ်။ ဒါကြောင့် စိတ်ကို ငြိမ်ငြိမ်ထားပြီး ဘာလုပ်ရမလဲဆိုတာကို စဉ်းစားပါ။

    အကောင်းဆုံးနဲ့ ဘေးအကင်းဆုံးကတော့ ကျွမ်းကျင်တဲ့ ကျန်းမာရေးဝန်ထမ်းဆီ ကလေးကို ခေါ်သွားတာပဲဖြစ်ပါတယ်။ အိမ်မှာ ကလေးကို အတင်းညှစ်ထုတ်ခိုင်းတာတို့ ၊ ကိုယ့်လက်နဲ့ အတင်း ကလော်ထုတ်တာမျိုးတွေက အပေါက်ဝနားလေးက အလွယ်တကူထုတ်လို့ရမယ့် ပစ္စည်းလေးကို အတွင်းထဲအရမ်းရောက်သွားစေနိုင်ပြီး ခွဲစိတ်ရတာတွေ လုပ်ရတတ်ပါတယ်။

    ဆရာဝန်ဆီသွားရင်တော့အထဲဝင်သွားတဲ့ ပစ္စည်းတွေကို စုပ်ထုတ်ဖို့ ကိရိယာတွေ ဆရာဝန်ဆီမှာ အစုံအလင်ရှိပြီးသားပါ။ နှာခေါင်းထဲဝင်နေတဲ့ ပစ္စည်းတွေကို ထုတ်ပြီးသွားရင်တော့ ဆရာဝန်က သင့်ကလေးအတွက် နှာခေါင်းထဲထည့်ဖို့ အစက်ချဆေးရည်တွေ၊ လိမ်းဆေးတွေ၊ နဲ့ ပိုးဝင်တဲ့ လက္ခဏာ တွေရှိရင်တော့ ပိုးသတ်ဆေးတွေ ပေးမှာဖြစ်ပါတယ်။

    ဒါကြောင့် ကလေး လက်လှမ်းမှီတဲ့နေရာမှာ ပစ္စည်းတွေ မထားပါနဲ့။ ကလေးကိုလည်း သေချာအချိန်ပေးပြီး ဂရုစိုက်ပေးပါ။ ဖြစ်မှ ကုသတာထက်စာရင် မဖြစ်ခင်တည်းက ကြိုတင်ကာကွယ်တာကောင်းပါတယ်။ ဖြစ်သွားခဲ့ရင်လည်း အိမ်မှာ အတင်းမရမက ထုတ်တာမျိုးမလုပ်ပါနဲ့။ ဆရာဝန်ဆီသွားပါ။ ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement