backup og meta

ကိုယ့်ကလေးမှာ ဒီလက္ခဏာတွေတွေ့ရင် မပေါ့ဆနဲ့နော်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 13/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ့်ကလေးမှာ ဒီလက္ခဏာတွေတွေ့ရင် မပေါ့ဆနဲ့နော်
    ငါ့ကလေးများ တစ်ခုခုဆို ရင်ကျိုးရချည်ရဲ့လို့ မေမေတို့ပြောလေ့ရှိတယ်။ ရင်မကျိုးရဖို့က ကလေးရဲ့ ကျန်းမာရေးကို မျက်ခြေမပြတ်ဖို့တော့ လိုပါတယ်နော်။ သားသမီးကို အရမ်းချစ်ပေမယ့် လိုချင်တာအကုန်ပေးထားရုံနဲ့ မလုံလောက်ပါဘူး။ နွေးထွေးမှုနဲ့ဂရုစိုက်မှုတွေ ပေးဖို့၊ ကလေးရဲ့ အပြုအမူ၊ အနေအထိုင်၊ အပြောင်းအလဲမှန်သမျှ မိဘကသိနေဖို့ အရေးကြီးပါတယ်။ ကလေးတွေမှာ ဘာတွေဖြစ်နေလဲဆိုတာ စောစောသိရင် စောစောကာကွယ်လို့ ကုသလို့ရနိုင်ပါတယ်။ ဒါကြောင့် ပြောချင်တာက ကိုယ့်ကလေးမှာ ဒီလက္ခဏာတွေတွေ့ရင် မပေါ့ဆနဲ့နော် ဆိုတာပါ။

    ကိုယ့်ကလေးမှာ ဒီလက္ခဏာတွေတွေ့ရင် မပေါ့ဆနဲ့နော်

    ကလေးတွေမှာ ဝေဒနာတစ်ခုခုဖြစ်ရင် လူကြီးတွေလို သေချာမပြောပြတတ်တော့ အမူအရာလေးတွေပဲ ပြောင်းလဲနေတတ်ပါတယ်။ ဒါကို လူကြီးတွေက သတိထားမိမှ မဖြစ်သင့်တာမဖြစ်အောင် ကာကွယ်စောင့်ရှောက်နိုင်မှာပါ။ ကလေးနေမကောင်းလည်း သေးသေးမွှားမွှားဝေဒနာလေးပါဆိုပြီး ဆေးမြီးတိုလောက်နဲ့ ကိုယ့်သဘောအတိုင်းကုနေုလို့မရပါဘူးနော်။ လိုအပ်တဲ့ ကုသမှုတွေလုပ်နိုင်ဖို့ ဆရာဝန်ပြသင့်တဲ့ လက္ခဏာတွေဖြစ်နေသလားဆိုတာ မေမေတို့ ဘယ်လိုသိနိုင်မလဲ။ ဘယ်အရွယ်ဖြစ်ဖြစ် ကိုယ့်ကလေးမှာ ဒါတွေဖြစ်လာရင် မပေါ့ဆပါနဲ့တော့။
    ကိုယ့်ကလေးမှာ ဒီလက္ခဏာတွေတွေ့ရင် မပေါ့ဆနဲ့နော် –

    အသံတွေကို တုံ့ပြန်မှုမရှိဘူး

    မွေးစ ကလေးတွေဆိုရင် သူ့နားထဲမကြားရတဲ့အကြောင်းဖော်ပြနိုင်တဲ့ လက္ခဏာကတော့ အသံတွေကို မတုံ့ပြန်တာပါပဲ။ ကိုယ်တွေကခေါ်ပေမယ့် ဘာသံကြားကြား အသံကျယ်ကျယ်တွေကြားရတာတောင် သူ့ဘက်က တုံ့ပြန်မှုအမူအရာတစ်ခုခုမရှိဘူးဆိုရင် ကလေးကို နားကြားမကြားစစ်ဆေးမှုတွေခံယူသင့်ပါတယ်။

    အာရုံမစူးစိုက်နိုင်ဘူး

    လေ့လာသင်ယူနေဆဲ ကလေးတွေက သူတို့အမြင်အာရုံတွေ မကြည်တာ၊ မျက်စိ အာရုံစူးစိုက်မရတာတွေကို မပြောပြတတ်သေးပါဘူး။ ကိုယ့်အနီးတဝိုက်က အရာဝတ္ထုတွေကိုတောင် ကလေးက မမြင်တာ၊ မရှာနိုင်တာမျိုးတွေ့ရရင် ဆရာဝန်ပြပါ။ စာအုပ်ဖတ်တာ၊ ပုံပြစာအုပ်တွေ ကြည့်တာတွေမှာ အခက်အခဲဖြစ်နေပုံတွေ့ရင် ဒါမှမဟုတ် တီဗီနဲ့အရမ်းနီးကပ်ပြီးရှေ့တိုးကြည့်တာမြင်ရင် ကလေးရဲ့မျက်စိကျန်းမာရေးကိုစစ်ဆေးသင့်ပါတယ်။

    အဖျားတက်ပြီး ခေါင်းကိုက်နေမယ်

    ကလေးတွေမှာ အစာအိမ်ဗိုင်းရပ်စ်တွေနဲ့တခြားရောဂါပိုးတွေကြောင့် မကြာခဏဖျားတတ်ပါတယ်။ ရိုးရိုးဖျားတာထက် အဖျားလည်းတက်နေရင်း ကလေးက တော်တော်လေးခေါင်းကိုက်နေတဲ့ အမူအရာဖြစ်နေတာ၊ မျက်လုံးတောင်မဖွင့်နိုင်တာဆိုရင်  တော်ရုံအဖျားကျဆေးနဲ့ ငြိမ်မနေပါနဲ့။ ဟိုမေးဒီမေးလုပ်နေမယ့်အစား ဆေးခန်းအမြန်ပြေးတာ ကလေးမြန်မြန်သက်သာနိုင်ပါလိမ့်မယ်။ ဦးနှောက်အမြှေးရောင်ရောဂါလို အန္တရာယ်ရှိတဲ့ရောဂါတွေရဲ့ လက္ခဏာဖြစ်နေနိုင်လို့ တတ်နိုင်သလောက်စောစောကုသတာကောင်းပါတယ်။

  • ဝမ်းဗိုက် ညာဘက်အောက်နားကအောင့်တာ
  • အန်တာ
  • ဝမ်းပျက်တာ
  • ဗိုက်ကို အထိမခံနိုင်တာ။
  • အစာအိမ်လေနာကြောင့် ဗိုက်အောင့်တာနဲ့ နောက်ထပ်ကွာခြားတဲ့အချက်က အူအတက်ကြောင့်ဆိုရင် ဗိုက်အောင့်တဲ့အချိန်ပိုကြာပြီး နာကျင်မှုက အချိန်နဲ့အမျှ ပိုတိုးလာတတ်ပါတယ်။

    အရမ်းမောပန်းလွယ်တယ်

    ကလေးကနည်းနည်းတောင် အမောမခံနိုင်ဘူး၊ ပုံမှန်လှုပ်ရှားနေကျအလုပ်တွေတောင် အားမရှိသလိုဖြစ်နေတယ်ဆိုရင် ပြဿနာရှိနေပါပြီ။မောပန်းအားကုန်လွယ်စေတဲ့အကြောင်းရင်းအများကြီးရှိနိုင်ပါတယ်။ ကလေးကသွေးအားနည်းနေတာလား၊ အာဟာရဓါတ်တခုခု ချို့တဲ့နေတာလားဆိုတာ ဆရာဝန်က စစ်ဆေးကုသပေးပါလိမ့်မယ်။

    အသက်ရှူရတာပြဿနာရှိနေတယ်

    ကလေးတွေမှာ ပန်းနာရင်ကျပ်က အဖြစ်များပါတယ်။ ပန်းနာရင်ကျပ်ရှိနေရင် ကစားတဲ့အချိန်၊ လှုပ်ရှားတဲ့အချိန်မှာ အသက်ရှူရတာအဆင်မပြေ၊ တရွှီရွှီသံမြည်တတ်တယ်၊ မောတယ်၊ ကျပ်တယ် စတာတွေဖြစ်တတ်ပါတယ်။ ပန်းနာရင်ကျပ်ဆိုတာ သေချာမကုသရင် ပေါ်လာတဲ့အခါတိုင်း အသက်ရှူရပြဿနာရှိနိုင်တာမို့ ဒီလက္ခဏာတွေကို သတိထားကြည့်ပါ။ ကုသမှုခံယူပါ။

    ကိုယ်အလေးချိန်ကျလာတယ်

    အကြောင်းရင်းမသိဘဲ ကိုယ်အလေးချိန်ကျတာဟာ စိုးရိမ်စရာကောင်းပါတယ်။ နည်းနည်းပါးပါးအတက်အကျရှိတာ ပုံမှန်ဆိုပေမယ့် သိသိသာသာကြီး အကြောင်းရင်း မသိရဘဲ ပိန်လာတာက ရောဂါလက္ခဏာတစ်ခုဖြစ်နေနိုင်ပါတယ်။ ဆရာဝန်ပြပြီး အကြောင်းရင်းကိုရှာဖွေပါ၊ အကြံဉာဏ်ရယူပါ။ တခြားလက္ခဏာတွေ ပေါ်လာချိန်ထိ မစောင့်ပါနဲ့။

    ရေအရမ်းငတ်တယ်

    ပြေးလွှား၊ ဆော့ကစားတာ ကြာလာရင် ရေဆာတာတော့ သဘာဝပေါ့။ ဒါပေမယ့် နေရင်းထိုင်ရင်း အမြဲလိုလို ရေပဲတောင်းနေတာ၊ မကြာခဏ ရေအရမ်းငတ်နေတဲ့ လက္ခဏာ ဆိုရင်တော့ တခုခုပါပဲ။ ဆီးချိုသွေးချိုအန္တရာယ်ကိုလည်း မေ့ထားလို့မရပါဘူး။ ဆရာဝန်ပြပြီး ကျန်းမာရေးစစ်ဆေးပါ။ ဆီး အရမ်း သွားသလား၊ အရမ်း ဆာသလား၊ ကိုယ်အလေးချိန် ကျသလား၊ မောပန်းနေလား စတဲ့ လက္ခဏာတွေ ရှိနေလား ဆိုတာလည်း သတိထားရပါမယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 13/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement