backup og meta

အော်တစ်ဇင်ကလေးကို ပေါင်းသင်းဆက်ဆံရေးနဲ့ပတ်သက်ပြီး ဘယ်လိုအကူအညီပေးမလဲ


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အော်တစ်ဇင်ကလေးကို ပေါင်းသင်းဆက်ဆံရေးနဲ့ပတ်သက်ပြီး ဘယ်လိုအကူအညီပေးမလဲ

    အော်တစ်ဇင်ဝေဒနာရှင်ကလေးတွေဟာတခြားလူတွေနဲ့ဆက်ဆံပြောဆိုဖို့အရမ်းကိုခက်ခဲပါတယ်။ အော်တစ်ဇင်ကိုအရှင်းပျောက်သွားအောင်မကုသပေးနိုင်ပေမယ့်သူတို့လေးတွေရဲ့ပေါင်းသင်းဆက်ဆံရေးပိုပြီးလွယ်ကူအဆင်ပြေလာအောင်တော့ကူညီပေးလို့ရနိုင်ပါတယ်။ တကယ်လို့သင့်မှာအော်တစ်ဇင်ကလေးရှိတယ်ဆိုရင်ဒါမှမဟုတ်ဒီကိစ္စကိုစိတ်ဝင်စားတယ်ဆိုရင်အခုဆောင်းပါးလေးကိုဖတ်ကြည့်သင့်ပါတယ်။

    အော်တစ်ဇင်ကလေးတွေမှာကြုံတွေ့ရလေ့ရှိတဲ့ပေါင်းသင်းဆက်ဆံရေးဆိုင်ရာ ပြဿနာတွေကဘာတွေလဲ။

    အော်တစ်ဇင်ကလေးတွေဟာသူတို့ရဲ့ကိုယ်ပိုင်ကမ္ဘာလေးထဲမှာပဲနေလေ့ရှိပြီးတခြားသူတွေနဲ့ဆက်သွယ်နိုင်လေ့မရှိပါဖူး။ သူတို့ဟာဘာသာစကားနဲ့ပေါင်းသင်းဆက်ဆံရေးဆိုင်ရာ ပြဿနာတွေကိုရင်ဆိုင်ရလေ့ရှိပါတယ်။ တခြားသူတွေသူတို့ကိုဘာပြောတယ်ဆိုတာသူတို့နားမလည်သလိုသူတို့လေးတွေရဲ့စိတ်ထဲမှာရှိတာတွေကိုလည်းတခြားသူတွေနားလည်အောင်ပြောပြနိုင်စွမ်းမရှိကြပါဖူး။ ဒါ့အပြင်ခြေဟန်လက်ဟန်အမူအရာ၊မျက်လုံးချင်းဆုံတာ၊မျက်နှာအမူအရာစတဲ့ body language(ကိုယ်ဟန်အမူအရာနဲ့ဆက်သွယ်တာ) နဲ့ဆက်သွယ်နိုင်ခြင်းလည်းမရှိပါဖူး။body language ဆိုတာဘာမှန်းတောင်သူတို့လေးတွေနားလည်ဟန်မတူပါဖူး။ ဒါပေမယ့်အော်တစ်ဇင်ကလေးတွေအားလုံးကတော့ဒီလိုမျိုးပေါင်းသင်းဆက်ဆံရေးပြဿနာတွေရှိတာမဟုတ်ပါဖူး။ ပေါင်းသင်းဆက်သွယ်နိုင်စွမ်းမှာအော်တစ်ဇင်ဝေဒနာရှင်ကလေးတွေအနေနဲ့တယောက်နဲ့တယောက်ကွာခြားမှုတွေရှိနေပါတယ်။ တချို့ကလေးတွေဟာနည်းနည်းစကားပြောနိုင်၊နားလည်နိုင်စွမ်းရှိပါတယ်။ တချို့တွေကျပြန်တော့စကားပြောတာ (စာလုံးတွေကိုအသံထွက်ဖတ်တာမျိုး) မလုပ်နိုင်ပါဖူး။ တချို့ကလေးတွေကသူတို့ခံစားရတာ၊ပြောချင်တာကိုထုတ်ပြောနိုင်စွမ်းမရှိသလိုတချို့များဆိုရင်ပညာရပ်ဆိုင်ရာ၊ဘာသာရပ်ဆိုင်ရာတွေကိုတကယ့်ပညာရှင်ကြီးတယောက်လိုပြောတတ်နေပြန်ရော။

    အော်တစ်ဇင်ကလေးတွေရင်ဆိုင်ရလေ့ရှိတဲ့ ပြဿနာတွေ

    ထပ်ခါတလဲလဲပြောတာ

    အော်တစ်ဇင်ကလေးတွေဟာသူတို့တီဗီမှာကြားလိုက်ရတဲ့စကားလုံးကိုပဲဖြစ်ဖြစ်၊တယောက်ယောက်ဆီကကြားလိုက်ရတာကိုပဲဖြစ်ဖြစ်ထပ်ခါတလဲလဲရေရွတ်နေလေ့ရှိပါတယ်။ သူတို့ထပ်ခါတလဲလဲပြောနေတဲ့စကားတွေဟာအဓိပ္ပါယ်ရှိချင်မှလည်းရှိမယ်၊ဒါမှမဟုတ်ပြောနေတဲ့စကားနဲ့မဆိုင်ဘဲထင်ရာတွေပြောနေတာလည်းဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ သင်ကမေးခွန်းမေးလိုက်ရင်လည်းအော်တစ်ဇင်ကလေးဟာအဖြေအဖြစ်သင့်ကိုအဲ့ဒီမေးခွန်းပဲ ပြန်ရွတ်ပြကောင်းရွတ်ပြပါလိမ့်မယ် (မခက်လား)။ သူတို့စကားပြောရင်အသံကထူးခြားကောင်းထူးခြားနေလိမ့်မယ်။ ပြီးတော့သူတို့ရဲ့နာမည်ကိုအရင်မိတ်ဆတ်ပြီးစကားစပြောကောင်းပြောပါလိမ့်မယ်။

    တခြားလူနဲ့စကားပြောရခက်တာ

    အော်တစ်ဇင်ကလေးတွေဟာပုံဆွဲတာ၊ဂဏန်းတွေရေတွက်တာစတဲ့ကိစ္စတွေမှာထူးချွန်ကောင်းထူးချွန်နေပါလိမ့်မယ်။ သူတို့စိတ်ဝင်စားတဲ့အကြောင်းကိုတယောက်ထဲတနေကုန်ထိုင်ပြောနိုင်ပေမယ့်တခြားလူတယောက်နဲ့စကားအပြန်အလှန်ပြောရတော့မယ်ဆိုရင်ဘယ်လိုမှပြောမထွက်တော့ပါဖူး။

    ဘာသာစကားလေ့လာတတ်မြောက်မှုမူမမှန်တာ

    ဘာသာစကားနဲ့ပတ်သက်လို့အော်တစ်ဇင်ကလေးဟာလည်းတတ်မြောက်နိုင်စွမ်းရှိပါတယ်။ ဒါပေမယ့်သူတို့အသက်ကြီးလာတာနဲ့အမျှတတ်မြောက်မှုဟာမူမမှန်ဖြစ်လာပါလိမ့်မယ်။ဥပမာပြောရရင်တချို့အော်တစ်ဇင်ကလေးတွေဟာအသက်ငါးနှစ်လောက်ကတည်းကသတင်းစာတွေစာအုပ်တွေကိုဖတ်နိုင်ပါတယ်။ ပြဿနာကသူတို့ဖတ်လိုက်တဲ့စာတွေကဘာအဓိပ္ပါယ်တွေကိုဆိုလိုတယ်ဆိုတာသူတို့နားမလည်နိုင်ပါဖူး(ထူးဆန်းပါတယ်)။ တချို့ဝေဒနာရှင်လေးတွေကျပြန်တော့လည်းသူတို့နာမည်ကိုခေါ်ရင် ပြန်မထူးပါဖူး(ဘာမှမတုန့်ပြန်ပါဖူး)။

    ဘယ်လိုဆက်သွယ်ရေးနည်းကိုမှအသုံးမပြုနိုင်တာ

    အော်တစ်ဇင်ကလေးတွေဟာသူတို့ရဲ့ခံစားမှုဒါမှမဟုတ်တခုခုလိုချင်တာဖြစ်ချင်တာကိုမျက်နှာအမူအရာတွေကနေတဆင့် ပြနိုင်စွမ်းလည်းမရှိကြရှာပါဖူး။ လူတယောက်နဲ့စကားပြောတဲ့အခါမှာမျက်စိချင်းဆုံပြီးမပြောတတ်သလိုသူတို့စိတ်မဝင်စားတဲ့အရာတွေဆိုရင်လည်းလုံးဝမကြည့်ပါဖူး။

    သူတို့လေးတွေကိုဘယ်လိုများကူညီနိုင်မလဲ။

    တခြားကလေးတွေနဲ့မတူနိုင်ဖူးဆိုပေမယ့်သူတို့လေးတွေကိုလည်းပေါင်းသင်းဆက်ဆံရေး၊တဦးနဲ့တဦးဆက်သွယ်ရေးတွေမှာအဆင်ပြေလာစေဖို့စိတ်ရှည်ရှည်နဲ့ကူညီပေးနိုင်ပါတယ်။

    • စာကြောင်းအတိုလေးတွေနဲ့စပါ။ အော်တစ်ဇင်ကလေးကိုရှုပ်ထွေးရှည်လျားတဲ့စကားအရှည်ကြီးတွေသွားမပြောပါနဲ့။ သူတို့နားလည်နိုင်မှာမဟုတ်ပါဖူး။ တဖြည်းဖြည်းအခြေအနေတိုးတက်လာပြီဆိုတော့မှစကားလုံးလေးတွေထပ်ထပ်ထည့်ပြီးနည်းနည်းရှည်တဲ့စာကြောင်းလေးတွေကိုပြောပါ။
    • ကလေးတွေပြောတဲ့စကားလုံးလေးတွေနဲ့ပြောပါ(မန်မန်း၊အော်အော့ကြီးစသဖြင့်ပေါ့)။ ဒီလိုစကားလေးတွေဟာကလေးတွေအတွက်ရင်းနှီးနွေးထွေးမှုကိုပိုခံစားရစေပါတယ်။=အော်တစ်ဇင်ကလေးနဲ့စကားပြောတာကိုယ်ကပါအသံသေကြီးနဲ့ပြောမနေပါနဲ့။ အသံကိုအနိမ့်အမြင့်အဖိအဖော့စသဖြင့်ကလေးစိတ်ဝင်စားအောင်ပြောပါ။
    • ကလေးလေးတွေကိုမေးခွန်းတွေမေးပါ။ သူတို့ပြန်ဖြေပါစေ။
    • စကားပြောရင်မျက်စိတည့်တည့်ကိုကြည့်ပြီးပြောဖို့မျက်နှာအမူအရာနဲ့ပြောတတ်ဖို့ကိုတတ်နိုင်သမျှသင်ပေးပါ။ သူတို့စိတ်ဝင်စားမယ်ထင်တာလေးတွေ(လည်နေတာလေးတွေ-ဥပမာဒီခေတ်ဆိုရင် fidget spinner လိုမျိုးပေါ့)ကိုကြည့်ခိုင်းပါ။

    အော်တစ်ဇင်ကလေးတွေမှာ ဖြစ်တတ်တဲ့ပေါင်းသင်းဆက်သွယ်ရေးဆိုင်ရာပြဿနာတွေကြောင့်ကလေးတွေဟာဘာသာစကားအသုံးပြုရာမှာ၊တခြားသူတွေပြောတာကိုနားလည်ဖို့ကြိုးစားတဲ့နေရာမှာဒါမှမဟုတ်အကြည့်ချင်းဆုံပြီးစကားပြောဖို့ကြိုးစားရာမှာနဲ့မျက်နှာအမူအရာပြဖို့ကြိုးစားရာမှာအခက်အခဲတွေအများကြီးရင်ဆိုင်ကြရရှာပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်သင့်အနေနဲ့အော်တစ်ဇင်ကလေးတွေကိုနားလည်ပေးမှုအပြည့်နဲ့ကူညီပေးမယ်ဆိုရင်ကလေးတွေရဲ့ပေါင်းသင်းဆက်သွယ်နိုင်စွမ်းတိုးတက်လာမှာပါ။ တခြားပုံမှန်ကလေးတွေလိုတော့မဟုတ်ဖူးပေါ့။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement