backup og meta

အော်တစ်ဇင်ကလေးကို စကားပြောဖို့ ဘယ်လိုသင်ပေးကြမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အော်တစ်ဇင်ကလေးကို စကားပြောဖို့ ဘယ်လိုသင်ပေးကြမလဲ

    အော်တစ်ဇင်ဆိုတာဘာလဲ။

    အော်တစ်ဇင်(Autism Spectrum Disorder လို့လည်းခေါ်ကြတယ်)ဆိုတာ ပြင်းထန်ဆိုးရွားတဲ့ဦးနှောက်နဲ့အာရုံကြောဆိုင်ရာရောဂါတမျိုးဖြစ်ပါတယ်။ ဒီရောဂါဟာဝေဒနာရှင်ကလေးရဲ့တခြားလူတွေနဲ့ပြောဆိုပေါင်းသင်းဆက်ဆံနိုင်စွမ်းကိုအဓိကထိခိုက်စေပါတယ်။ အရာတခုခုဒါမှမဟုတ်စိတ်ဝင်စားရာတခုခုကိုတချိန်လုံးထပ်ခါတလဲလဲလုပ်နေတတ်တဲ့အမူအကျင့်ဟာလည်းဒီရောဂါရဲ့လက္ခဏာတခုပဲ ဖြစ်ပါတယ်။ ဒါကြောင့်ဒီရောဂါဟာပေါင်းသင်းဆက်ဆံရေး၊ပညာရေးနဲ့နေ့စဉ်နေထိုင်သွားလာမှုတွေကိုဆိုးဆိုးရွားရွားကိုထိခိုက်စေတာပါ။

    ကိုယ့်ကလေးမှာအော်တစ်ဇင်ရောဂါဖြစ်နေပြီဆိုတာဘယ်လိုသိနိုင်မလဲ။

    အောက်မှာပြောပြထားတဲ့အချက်တွေကိုသတိထားမိပြီဆိုရင်ကလေးကိုဆရာဝန်ဆီခေါ်သွားပါ။

    • အသက်၆လမှာမပြုံးမရယ်တာ၊အရယ်အပြုံးကိုမတုန့်ပြန်တာ။
    • အသက်၉လမှာပတ်ဝန်းကျင်ကကြားရတဲ့အသံလေးတွေကိုလိုက်မတုပတာ၊ဘာမျက်နှာအမူအရာမှမဖော်ပြတာ။
    • အသက်၁၂လမှာဘာသံမှမပြုနိုင်သေးတာ။
    • အသက်၁၄လမှာလက်ဟန်ခြေဟန် (လက်ညှိုးထိုးတာ၊လက်ဝှေ့ယမ်းတာမျိုး) မလုပ်ပြနိုင်တာ။
    • အသက်၁၆လမှာစကားတလုံးတောင်စမပြောနိုင်သေးတာ။
    • အသက်၁၈လမှာတခုခုလုပ်တမ်းမဆော့တတ်တာ (ဥပမာ။ ကျားကြီးလုပ်မယ်၊သားသားလေးကဆင်ကြီးဖြစ်သွားပြီစသဖြင့်ပေါ့)။
    • အသက်၂၄လမှာစကားစုနှစ်စုမပြောနိုင်တာ။
    • အရင်ကတတ်ပြီးသားစကားတွေ၊လုပ်တတ်ပြီးသားအရာတွေ (ဘယ်အချိန်မှာမဆို)ပျောက်ကုန်တာ။

    အော်တစ်ဇင်ကလေးတွေစကားပြောတတ်လာအောင်ဘယ်လိုကူညီပေးမလဲ။

    အသုံးဝင်တဲ့နည်းစနစ်လေးတွေအောက်ပါဖော်ပြထားပါတယ်။

    ကလေးတွေဟာကစားရင်းနဲ့သင်ယူတာဖြစ်တာမို့ကစားနည်းလေးတွေများများဆော့ပေးပါ။ တခြားကလေးတွေနဲ့ပေါင်းသင်းဆက်ဆံခိုင်းပါ။ စကားသင်တဲ့အခါမှာလည်းဒီသဘောအတိုင်းပဲဖြစ်ပါတယ်။ အပြန်အလှန်ကစားရတဲ့ဂိမ်းကစားနည်းလေးတွေဟာသင်နဲ့သင့်ရင်သွေးလေးတို့အပြန်အလှန်နီးနီးကပ်ကပ်ဆက်ဆံနိုင်မယ့်အခွင့်အလမ်းကောင်းတခုဖြစ်ပါတယ်။ ကလေးသဘောကျနှစ်ခြိုက်တဲ့ကစားနည်းမရောက်မချင်းတမျိုးပြီးတမျိုးပြောင်းကစားပါ။ ပေါင်းသင်းဆက်ဆံရေးကိုတိုးတက်မြင့်မားစေတဲ့ကစားနည်းလေးတွေကိုလည်းရှာဖွေကစားပေးပါ။

    သင့်ကလေးရဲ့အသံနဲ့ကစားတဲ့ဟန်အမူအရာလေးတွေကိုတုပပြီးလုပ်ပြပါ။ ဒီလိုလုပ်ခြင်းဟာသင့်ကလေးနဲ့ဆက်ဆံရာမှာအထောက်အကူဖြစ်စေသလိုသူလေးကလည်းတပြန်တလှည့်သင့်ကို ပြန်ပြီးအတုခိုးပြပါလိမ့်မယ်။ ဒါပေမယ့်ဒီနေရာမှာတခုသတိထားရမှာကကလေးရဲ့မကောင်းတဲ့အမူအရာဟန်ပန်တွေ၊ဖျက်လို့ဖျက်ဆီးလုပ်တာတွေကိုတော့အားပေးအားမြှောက်နဲ့တုပမပြမိဖို့ပဲ ဖြစ်ပါတယ်။

    =သင့်ကလေးကိုစကားများများပြောဖို့အခွင့်အလမ်းလေးတွေဖန်တီးပေးပါ။ သင့်ကလေးကတော်တော်နဲ့စကားမပြောနိုင်တဲ့အခါသင့်အနေနဲ့အားမလိုအားမရဖြစ်ပြီးထောက်ပေးဖို့ကြိုးစားမိပါလိမ့်မယ်။ ဒီလိုမလုပ်ပါနဲ့။ ကလေးကစကားပြန်မပြောသည့်တိုင်သူလေးကိုတတ်နိုင်သမျှစကားပြောနိုင်ဖို့အခြေအနေလေးတွေကို ပြုလုပ်ပေးပါ။ တကယ်လို့သင်ကကလေးကိုမေးခွန်းတခုမေးချင်တဲ့အခါမျိုးဒါမှမဟုတ်ကလေးကသင့်ကိုတခုခုပြောပြဖို့ကြိုးစားနေတယ်လို့သတိထားမိတဲ့အခါမျိုးတွေမှာသူလေးရဲ့မျက်နှာကိုကြည့်ပြီး ငြိမ်ငြိမ်လေးနေကာစောင့်ကြည့်ပြီးကလေးကိုစကားပြောဖို့အခွင့်အရေးပေးပါ။ အသံလေးထွက်လာတာဒါမှမဟုတ်အမူအရာတခုခုပြတာမျိုးကိုအသေအချာစောင့်ကြည့်ပြီးချက်ချင်းတုန့်ပြန်ပေးပါ။

    လွယ်လွယ်နဲ့ရိုးရိုးရှင်းရှင်းပြောပါ။ ရိုးရှင်းပြီးလွယ်ကူတဲ့စကားလုံးလေးတွေရွေးချယ်ပြီးသုံးမယ်ဆိုရင်ကလေးငယ်အနေနဲ့သင်ဘာပြောလဲဆိုတာကိုပိုပြီးလွယ်လွယ်ကူကူနားလည်နိုင်စေမှာပါ။ ဒီလိုဆိုတော့သူတို့အတုခိုးပြီး ပြန်ပြောရင်လည်းပြောရလွယ်သွားမယ်လေ။ သင့်ကလေးဟာစကားလုံးဝမပြောဖူးဆိုရင်တော့စကားလုံးတလုံးထဲနဲ့ကလေးကိုဆက်သွယ်ပြောဆိုပါ (ဥပမာ။ ဘောလုံးနဲ့ဆော့နေတဲ့အချိန်ဆို “ကန်” “ဖမ်း” စသဖြင့်ပေါ့)။ စကားလုံးတလုံးထဲနဲ့စတင်ပြီးသင့်ကလေးစကားပြောလာပြီဆိုရင်တော့နောက်ထပ်တလုံးဆီတက်တက်ပြီးသင်ပေး၊ပြောပေးသွားဖို့အရေးကြီးပါတယ်။ အဆင့်မကျော်ပါစေနဲ့။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement