backup og meta

အိပ်ဟောက်တတ်တဲ့ကလေးတွေမှာ အပြုအမူပိုင်းဆိုင်ရာ ပြဿနာတွေရှိလာနိုင်ပါတယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Wathun Myat Chal မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အိပ်ဟောက်တတ်တဲ့ကလေးတွေမှာ အပြုအမူပိုင်းဆိုင်ရာ ပြဿနာတွေရှိလာနိုင်ပါတယ်

    အိပ်ဟောက်ခြင်းဟာ လူတိုင်းမှာဖြစ်နိုင်တဲ့ အခြေအနေတစ်ခုပါပဲ။ အမျိုးသားတွေနဲ့ အဝလွန်တဲ့သူတွေမှာ တွေ့ရတာများပေမယ့်လည်းပေါ့လေ။ သာမန်အားဖြင့်တော့ ဟောက်ခြင်းဟာ ပြင်းထန်တဲ့ အခြေအနေတစ်ခုမဟုတ်ဘဲ သင်နဲ့အတူအိပ်စက်သူကိုသာ အများဆုံးအနှောက်အယှက်ပေးနိုင်တာပါ။ ဒါပေမဲ့ သင်က ဟောက်တာကို အကျင့်ဖြစ်နေတဲ့သူတစ်ယောက်ဆိုရင် သင့်အနားမှာရှိသူတွေရဲ့ အိပ်စက်ခြင်းကို အနှောက်အယှက်ပေးနိုင်တဲ့အပြင် သင့်ကိုလည်း အိပ်စက်ရာမှာ အနှောက်အယှက်ဖြစ်စေပါတယ်။ အိပ်ဟောက်ခြင်းဟာ အရွယ်ရလာလေ ပိုဆိုးလေပါပဲ။

    ညဘက်မှာကောင်းကောင်းအိပ်ပျော်စေဖို့အတွက် အိပ်ဟောက်တတ်သူတွေအဖို့ တစ်ခါတလေမှာ ဆေးဝါးအကူအညီတွေ လိုအပ်ကောင်းလိုအပ်ပါလိမ့်မယ်။

    အိပ်ဟောက်တဲ့ကလေးတွေမှာ အပြုအမူပိုင်းဆိုင်ရာ ပြဿနာတွေ ရှိနေနိုင်ပါတယ်။

    အကျယ်ကြီးအိပ်ဟောက်တတ်တဲ့ မူကြိုအရွယ်ကလေးတွေမှာ အပြုအမူဆိုင်ရာ ပြဿနာတွေ ဖြစ်နိုင်ချေ ပိုမြင့်ပါတယ်။ ဘယ်လိုအပြုအမူတွေလဲဆိုခဲ့ရင် တက်ကြွလွန်နေတာမျိုး၊ အာရုံစိုက်နိုင်စွမ်းပြဿနာတွေနဲ့ စိတ်ဓါတ်ကျခြင်းတွေပါ။

    ကလေးအထူးကုတွေက လေ့လာမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။ ဒီလေ့လာမှုမှာဆိုရင် အသက် ၂နှစ်မှ ၃နှစ်ကြား ကလေးငယ် ၂၄၉ယောက်ထဲက ၉%ဟာ တစ်ပတ်မှာ ၂ကြိမ်လောက် ဒါမှမဟုတ် ဒီထက်ပိုပြီး အကျယ်ကြီး ဟောက်တတ်ကြပါတယ်။ ဒီကလေးတွေထဲကမှ ၃နှစ်အရွယ် ဟောက်တတ်တဲ့ကလေးတွေဟာ အခြားသော ၂နှစ်နဲ့ ၃နှစ်ကြား ကလေးငယ်တွေ (ဟောက်သည်ဖြစ်စေ၊ မဟောက်သည်ဖြစ်စေ) နဲ့စာရင် အပြုအမူဆိုင်ရာ ပြဿနာတွေ ဖြစ်လွယ်တာကို တွေ့ရပါတယ်။

    မိခင်နို့တိုက်ကျွေးခြင်းဟာ ကလေးတွေကို ဟောက်ခြင်းကနေဝေးကွာစေပြီး သူ့ကြောင့်ဖြစ်နိုင်တဲ့ အပြုအမူဆိုင်ရာ မကောင်းချက်တွေကိုလည်း ရှောင်လွှဲစေနိုင်ပါတယ်။ ဒီသက်ရောက်မှုတွေဟာ အသက် ၂နှစ်မှ ၃နှစ်ကြားကလေးတွေမှာ တွေ့ရသလို ဒီထက်ပိုကြီးတဲ့ကလေးတွေမှာလည်း တွေ့ရနိုင်ပါတယ်။ ဒါဟာ မိဘတွေ ဒါမှမဟုတ် ကလေးအထူးကုတွေ အာရုံထားမိတဲ့ ကိစ္စလည်း မဟုတ်ပါဘူး။

    လေ့လာသူတွေဟာ အသက်၂နှစ်နဲ့ ၃နှစ်မှာ ဟောက်ခြင်းက အပြုအမူဆိုင်ရာ ပြဿနာတွေနဲ့ ဘယ်လိုဆက်စပ်နေတယ်ဆိုတာလည်း သေချာမသိကြသေးပါဘူး။ ဒါပေမဲ့ အနည်းဆုံးတော့ အိပ်ရေးမဝခြင်းဟာ ဒီလိုဖြစ်ရတဲ့အကြောင်းရင်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်နိုင်ပါတယ်။ အချို့သော အိပ်ဟောက်ခြင်းတွေဟာ ပုံမှန်ပါပဲ။ ဥပမာ ကလေးအအေးမိနေတဲ့ အခါမျိုးတွေမှာပေါ့။ ဒါပေမဲ့ သင်စိတ်ပူနေတယ်ဆိုရင်တော့ ကလေးအထူးကုနဲ့ တိုင်ပင်ကြည့်ပါ။

    သားဦးမိခင်တွေဟာ မိခင်နို့ကိုပဲ ကြာနိုင်သမျှကြာအောင် တိုက်ကျွေးသင့်ပါတယ်။ ဘာလို့လဲဆိုတော့ ဒါဟာ အိပ်ဟောက်ခြင်းကိုခုခံနိုင်တဲ့ ကောင်းကျိုးတွေ သက်ရောက်စေနိုင်လို့ပါ။

    ဆင်းရဲတဲ့ မိသားစုကကလေးတွေနဲ့ မိခင်နို့ကို ကာလတိုပဲ တိုက်ကျွေးခံရတဲ့ကလေးတွေဟာ အိပ်ဟောက်သူတွေဖြစ်လာနိုင်ဖို့ ရာနှုန်းများပါတယ်။

    မိဘများအတွက် အကြံပြုလွှာ

    မိဘတွေဟာကလေးတွေ အိပ်ဟောက်တာကို လျစ်လျူရှုမထားသင့်ပါဘူးလို့ဆိုပါတယ်။ တကယ်လို့ သင့်ကလေးက အိပ်ဟောက်နေရင် သင်က ပိုပြီးလေ့လာရမှာပါ။ ကလေးက အိပ်ဟောက်ပြီဆိုတာနဲ့ သင့်မိသားစုထဲကလူတွေအားလုံးဆီက အကူအညီတွေ လိုက်တောင်းနေလို့မရပါဘူး။ ကလေးအထူးကုရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာရမှာပါ။

    ကျွမ်းကျင်သူတွေဟာ အိပ်ဟောက်ခြင်းနဲ့ အပြုအမူပြဿနာတွေကြားမှာ ဆက်သွယ်ချက်တစ်ခုရှိကိုရှိတယ်လို့ ယူဆပါတယ်။ အိပ်ဟောက်တာကိုပဲ အကျင့်ဖြစ်နေတဲ့ကလေးတွေမှာ အပြုအမူဆိုင်ရာပြဿနာတွေ ဖြစ်နိုင်ချေ ပိုများပါတယ်။ ဒါပေမဲ့ ဒါဟာ ဟောက်တတ်တဲ့ကလေးတွေအားလုံးဒီလိုပြဿနာတွေရှိတတ်တယ်၊ ဒါမှမဟုတ် အပြုအမူဆိုင်ရာ ပြဿနာတွေရှိတဲ့ကလေးတွေဟာ အိပ်ဟောက်သူတွေဖြစ်တယ်လို့ ဆိုလို့မရပါဘူး။

    ဒါပေမဲ့ ကလေးတွေအတွက်တော့ အိပ်ဟောက်တယ်ဆိုတာ ပုံမှန်မဟုတ်ပါဘူး။ အချို့ကလေးတွေဟာ သူတို့ရဲ့ tonsils တေကို ဖယ်ရှားပစ်ဖို့ ခွဲစိတ်ကုသမှုလုပ်စရာ လိုတတ်ပါတယ်။ ဒီလို အိပ်ဟောက်ခြင်းဟာ ပုံမှန်ပဲလား ဒါမှမဟုတ် အိပ်ဟောက်ခြင်းနဲ့ အပြုအမူဆိုင်ရာ ပြဿနာတွေကို တိုးတက်လာစေဖို့အတွက်နဲ့ ပတ်သက်ပြီး စစ်ဆေးမှုလုပ်ဖို့လိုပါတယ်။

    ဒါဟာ ဆိုးရွားတဲ့ စက်ဝန်းတစ်ခုလည်းဖြစ်နေနိုင်ပါတယ်။ ကောင်းကောင်းအိပ်မရတဲ့ကလေးတွေဟာ ပင်ပန်းပြီး ဒေါသထွက်လွယ်ကာ ကောင်းကောင်းလည်း မစားကြပါဘူး။ ဟောက်တဲ့အသံဟာ လေပြွန်ရဲ့ တစ်စိတ်တစ်ပိုင်းကို ပိတ်ဆို့ခံထားရတယ်လို့ ဆိုလိုနေတာဖြစ်ပြီး ဒါဟာ ဓါတ်တိုးမှုနည်းပါးစေပြီး အနားယူမရတဲ့ အိပ်စက်ခြင်းကိုပဲ ဖြစ်ပေါ်စေတာပါ။

    တကယ်လို့ဒါဟာ ရာသီကြောင့်ဖြစ်ရတာ ဒါမှမဟုတ် အအေးမိလို့ဖြစ်ရတာဆိုရင်တော့ ကြီးကျယ်တဲ့ ကိစ္စတစ်ခုမဟုတ်တော့ပါဘူး။ ဒါပေမဲ့ ဟောက်ခြင်းက ပြင်းထန်ပြီး အိပ်စက်ရာမှာ ပြဿနာတွေဖြစ်လာနိုင်ပြီဆိုရင်တော့ စမ်းသပ်စစ်ဆေးမှု လုပ်သင့်ပါပြီ။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Wathun Myat Chal မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement