backup og meta

ထူးခြားကလေးတွေအတွက် လူမှုပေါင်းသင်းဆက်ဆံရေးပညာ


Wathun Myat Chal မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ထူးခြားကလေးတွေအတွက် လူမှုပေါင်းသင်းဆက်ဆံရေးပညာ

    ထူးခြားကလေး( မသန်စွမ်းကလေး သို့မဟုတ် အာရုံစူးစိုက်မရသော ကလေးတွေ)အများစုဟာ လူတစ်ဦးနဲ့တစ်ဦး ပေါင်းသင်းဆက်ဆံရေးမှာ မရှိမဖြစ်လိုအပ်တဲ့ လူမှုဆက်ဆံရေးနည်းပညာတွေ ချို့တဲ့နေတတ်ပါတယ်။ ီကလေးတွေဟာ သူတို့ရဲ့ အတန်းဖော်တွေနဲ့ ဆက်သွယ်ရာမှာ၊ ရင်းနှီးခင်မင်မှုကို တည်ဆောင်ရာမှာနဲ့ ဆရာ၊ ဆရာမတွေနဲ့ အဆင်ပြေအောင် နေထိုင်တဲ့နေရာတွေမှာ အခက်အခဲတွေဖြစ်တတ်ပါတယ်။

    သူတို့တွေဟာ များသောအားဖြင့် လူမှုရေးတွေကို နားမလည်တတ်တာမျိုး၊ ရမ်းကားတဲ့အပြုအမူတွေကို မထိန်းချုပ်နိုင်တာမျိုးနဲ့ သူတို့အပြုအမူတွေကြောင့်ဖြစ်သွားတဲ့ နောက်ဆက်တွဲပြဿနာတွေကို မရှင်းနိုင်တာမျိုး စတာတွေ ဖြစ်ေလေ့ရှိပါတယ်။ ကိုယ့်ကိုယ်ကိုယ်မထိန်းချုပ်နိုင်တဲ့ ကလေးတွေဟာ ကျောင်းတွေမှာတော့ အပြုအမူဆိုင်ရာပြဿနာတွေရှိနေတယ်လို့ ယူဆခံရပါတယ်။

    သူတို့တွေကိုတော့ ဒီလိုကလေးတွေအတွက် သီးသန့်ရှိနေတဲ့ အထူးအစီအစဉ်တွေကို ဆက်သွယ်ပါဝင်ဖို့ အကြံပေးတတ်ကြပါတယ်။ ဒီနေရာတွေမှာတော့ သူတို့တွေဟာ ပုံမှန်ကျောင်းတွေကနေ ထုတ်ပယ်ခွဲခြားခံရတဲ့ အခြားသော လူငယ်လေးတွေပါရှိနေတတ်ကြပါတယ်။

    ဆရာ၊ ဆရာမများနဲ့ ပေါင်းသင်းဆက်ဆံရေး

    အခြေခံအားဖြင့်တော့ ဒီကလေးတွေဟာ အခြားကလေးတွေနဲ့ အတူတူပဲလို့ ထင်ရပါတယ်။ ဒါကြောင့်လည်း သူတို့ရဲ့မှားယွင်းနေတဲ့ အပြုအမူတွေဟာ တမင်လုပ်တာလို့ အထင်ခံရလေ့ရှိပါတယ်။ သူတို့တေဟာ လူရှုပ်လေးတွေ၊ ကန့်လန့်တိုက်တတ်သူလေတွေ ဒါမှမဟုတ် လူဆိုးတွေလို့ သတ်မှတ်ခံထားရပါတယ်။ ကျောင်းသားတွေကို သူတို့ရဲ့အပြုအမူတွေကို ထိန်းချုပ်နိုင်စေဖို့အတွက်နဲ့ အခြားသူတွေနဲ့ ပေါင်းသင်းဆက်ဆံနိုင်ဖို့ လေ့ကျင့်ပေးနိုင်တဲ့ အစီအစဉ်တွေအများကြီးရှိပါတယ်။

    အစီအစဉ်တွေရွေးချယ်တဲ့အခါမှာ ဆရာတွေကလည်း အချို့သော အရေးကြီးတဲ့ မေးခွန်းတွေနဲ့ ပြန်လည်စစ်ဆေးသင့်ပါတယ်။ ဒီအစီအစဉ်ဟာ ထူးခြားတဲ့ကျောင်းသားတွေ၊ အချို့သောကျောင်းသားတွေအတွက်ပဲ ရည်ရွယ်တာလား ဒါမှမဟုတ် ပုံမှန်အတန်းသားတွေရော အားလုံးတက်လို့ရတဲ့ အစီအစဉ်လား။ ဒီပရိုဂရမ်ဟာ သီးခြားလျှောက်ရမယ့် အစီအစဉ်လား ဒါမှမဟုတ် အခြားသောဘာသာရပ်တွေနဲ့အတူ ပူးပေါင်းသင်ကြားလို့ရနိုင်မှာလား။ ပရိုဂရမ်ထဲမှာ သင်ကြားပေးမယ့် စွမ်းရည်တွေဟာ ဒီအစီအစဉ်ရဲ့ ပြင်ပမှာရော တကယ်ပဲ အသုံးဝင်နိုင်မှာလား။

    ဆရာတွေဟာ အတန်းတစ်ခုလုံးအတွက်ရော ထူးခြားကလေးတွေအတွက်ပါ ဒီပရိုဂရမ်က အကျိုးဖြစ်နိုင်မယ့် ရိုးရှင်းတြ့ အရာလေးတွေကို စတင်လုပ်ဆောင်ရပါမယ်။ ပထမဆုံး ကလေးတွေရဲ့ လူမှုပတ်ဝန်းကျင်နဲ့ ခံစားချက်တွေကို နားလည်အောင်လုပ်ဖို့ အရေးကြီးပါတယ်။ ဒါကပဲ ကလေးတွေကို ပိုပြီးနားလည်လာနိုင်လာမှာဖြစ်သလို ကလေးတွေနဲ့ ပိုပြီးရင်းနှီးစေနိုင်မယ့် နည်းဗျူဟာတွေ ထုတ်ဖော်နိုင်မှာပါ။

    ဒုတိယအားဖြင့်တော့ ကလေးတွေရဲ့ အပြုအမူတွေကို ဂရုစိုက်ပါ။ ပုံမှန်မဟုတ်တဲ့ အပြုအမူတွေကို ဘာကဖြစ်စေတာလဲဆိုတာကို ရှာဖွေပါ။ စည်းကမ်းတင်းကြပ်ထားတာမျိုးမဟုတ်တဲ့ စကားပြောတိုင်ပင်ဆွေးနွေးတဲ့ ပုံစံမျိုးဖန်တီးပါ။ ပုံမှန်မဟုတ်တဲ့ အပြုအမူတွေကိုလုပ်တဲ့ကလေးတေအတွက် သတိပေးနိုင်ဖို့ အချက်ပြစနစ်ကို ဖော်ဆောင်ပါ။ နောက်ဆုံးမှာတော့ ပိုပြီးကောင်းမွန်တဲ့ အပြုအမူတွေကို နမူနာပြပါ။

    အခက်အခဲဖြစ်နေတဲ့ ကလေးတွေကို မြှင့်တင်ပေးနိုင်မယ့် အခွင့်အလမ်းမျိုးကိုရှာပါ။ ဒီလိုခက်ခဲနေတဲ့ကလေးတွေအတွက် ကောင်းမွန်စေရုံသာမက ကျန်တစ်တန်းလုံးကကလေးတွေကိုလည်း ဒီကလေးငယ်ဟာ သူတို့အတန်းထဲမှာပါဝင်နေတဲ့ သူလိုကိုယ်လို ဘာမှ ထူးခြားမနေတဲ့ ကလေးတစ်ယောက်ဖြစ်ကြောင်း နားလည်အောင်လုပ်ပါ။ ကျောင်းသားတွေဟာ သူတို့အတန်းတွေ၊ ကျောင်းတွေအကြောင်း နားလည်လာပြီဆိုရင်တော့ သူတို့လည်း ကောင်းမွန်လာဖို့ ရာနှုန်းများလာပါပြီ။

    မိဘများနဲ့ ပေါင်းသင်းဆက်ဆံရေးပညာ

    မိဘတွေဟာ ကလေးတွေကို အိမ်မှာ ကူညီပေးလို့ရပါတယ။် သူတို့တွေမှာလည်း ဆရာဆရာမတွေနည်းတူ ပြည့်စုံလုံလောက်တဲ့ ဗဟုသုတရှိနေရပါမယ။် ဥပမာ မိဘတွေဟာ ကလေးတွေက ပတ်ဝန်းကျင်ကနေ လူမှုဆက်ဆံရေးပညာကို သင်ယူနိုင်ဖို့ အဖွဲ့အစည်းတွေကို ဘယ်လိုအသုံးပြုရမလဲဆိုတာ သင်ယူနိုင်ပါတယ်။ ကလေးတွေရဲ့ လူမှုပတ်ဝန်းကျင်အပေါ် တုံ့ပြန်မှုတွေကို တိုးတက်လာစေဖို့ ပတ်ဝန်းကျင်နဲ့ ပေါင်းစည်းပေးလိုက်ခြင်းကို အိမ်မှာလည်း လုပ်လို့ရပါတယ်။

    မိဘတွေဟာ ဒီလိုပေါင်းစည်းမှုမျိုးကို ဖန်တီးပေးရပါမယ်။ အချိန်တွေကန့်သတ်တာမျိုး၊ အပြန်အလှန် ဆက်နွယ်မှုမရှိတဲ့ အပြုအမူနဲ့ ဂိမ်းတွေကို လျှော့ချလိုက်တာမျိုးပေါ့။ ကစားချိန် ဘယ်လောက်သုံးမယ်ဆိုတာကို ဂရုစိုက်ပါ။ ကစားဖော် ၁ယောက်ဖြစ်စေ၊ ၂ယောက်ဖြစ်စေ ရှာထားပေးပြီး ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုရအောင် လမ်းပြဖော်ေဆောင်ပါ။ ကလေးတွေဟာ သူတို့ရဲ့ ချို့ယွင်းချက်တွေကို နားလည်လာပြီး သူတို့ဘဝအတွက် ဆုံးဖြတ်ချက်တွေကို ဘယ်လိုချမှတ်ရမယ်၊ ဘယ်လိုလျှောက်လှမ်းရမယ်ဆိုတာလည်း နားလည်လာပါလိမ့်မယ်။

    သူတို့တွေဟာ သူတို့ဘဝမှာ ကောင်းမွန်တဲ့ ပြောင်းလဲခြင်းတွေကို သူတို့ကိုယ်တိုင်လုပ်နိုင်မယ်လို့လည်း ယုံကြည်ကြပါတယ်။ သူတို့တွေဟာ အခြားသော လှုပ်ရှားမှုတွေမှာ ပိုပြီးပါဝင်လာတဲ့အပြင် အခက်အခဲတွေကို ရင်ဆိုင်ရတဲ့အခါမှာလည်း ပိုပြီး ကြံ့ခိုင်လာပါလိမ့်မယ်။ ကောင်းမွန်တဲ့ မိသားစုနဲ့ ပတ်ဝန်းကျင်ကောင်းရှိတဲ့ကလေးတွေဟာ ဒီလို စိတ်အားတက်ကြွဖွယ် ပတ်ဝန်းကျင်မျိုးမရှိသူတွေထက် ဘဝကို ပိုပြီး ကောင်းမွန်အောင် ဖန်တီးနိုင်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Wathun Myat Chal မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement