backup og meta

ချို့ယွင်းချက်ရှိနေသော ကလေးများကို အိမ်သာတက်နည်း သင်ပေးခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ချို့ယွင်းချက်ရှိနေသော ကလေးများကို အိမ်သာတက်နည်း သင်ပေးခြင်း

    ကလေးတစ်ယောက်ကို အိမ်သာအိုးထိုင်တတ်ဖို့ သင်ပေးရခြင်းသည် လုံးဝမလွယ်ကူပါ။ အထူးသဖြင့် သင့်ကလေးတွင် အထူးလိုအပ်ချက်၊ ချို့ယွင်းမှုများ ရှိနေသည်ဆိုလျှင်ပေါ့။ သင့်သင်ကြားမှုကို ဘယ်တော့မှ အလျင်စလိုမလုပ်ပါနဲ့။ သင့်ကလေး၏ စွမ်းဆောင်နိုင်စွမ်းကို အရင်ဆုံး နားလည်ဖို့ အချိန်လိုအပ်သည်။

    ဘယ်အချိန်ကစပြီး ကလေးတစ်ယောက် သည် အိမ်သာတက်နည်း သင်ပေးဖို့ အဆင်သင့်ဖြစ်ပြီလဲ။

    ဘယ်အချိန်မှာ သင့်ကလေးသည် အိမ်သာတက်နည်း သင်ပေးဖို့ အဆင့်သင့်ဖြစ်ပြီလဲဆိုတာကို အတိအကျပြောဖို့ ခက်ပါသည်။

    များသောအားဖြင့် ပုံမှန်ဖွံ့ဖြိုးမှုရှိသော ကလေးများသည် နှစ်နှစ်ကျော် သုံးနှစ်နီးပါးတွင် အဆင်သင့်ဖြစ်သည့် လက္ခဏာများ ပြသတတ်သည်။

    သို့သော် ချို့ယွင်းချက်ရှိနေသော ကလေးများအတွက်တော့ အနည်းငယ် ကွဲပြားနိုင်ပါသည်။ ထိုကလေးများသည် သူတို့ဖွံ့ဖြိုးနှုန်းနှင့် သူတို့သွားနေသော ကလေးများဖြစ်သည်။ ထို့ကြောင့် သူတို့လေးတွေ အဆင်သင့်မဖြစ်သေးခင် အိမ်သာအိုးထိုင်နည်း လေ့ကျင့်ပေးဖို့ အတင်းအကျပ် မကြိုးစားပါနဲ့။ ထိုအစား သူတို့ပြသော လက္ခဏာများကို စောင့်ကြည့်ပါ။ ၎င်းတို့မှာ

    • နှစ်ဆင့် လမ်းညွှန်ချက်များကို သူတို့ လိုက်နာနိုင်သည်။
    • အိမ်သာသွားဖို့ လိုအပ်ကြောင်း သင့်ကို ပြောနိုင်သည်။
    • သင့် လှုပ်ရှားမှုတွေကို အတုယူ လိုက်လုပ်တတ်နေပြီ။
    • သူတို့လေးတွေ ပူးပေါင်းလုပ်ဆောင်ဖို့ စိတ်လိုလိုလားလားရှိကြသည်။
    • သူတို့သည် အကူအညီမလိုဘဲ အိမ်သာ အဝင်အထွက် ပြုလုပ်နိုင်သည်။
    • သူတို့လေးတွေရဲ့သေးခံ စိုစွတ်နေလား၊ အီးအီးပေနေလား သူတို့သိသည်။
    • သူတို့ကိုယ်တိုင် ဘောင်းဘီချွတ်တတ်သည်။
    • အကူအညီမလိုဘဲ အိမ်သာအိုးတွင် ထိုင်နိုင်သည်။

    ဘယ်လိုစတင်မလဲ။

    ကလေးတိုင်းသည် အောက်ပါနည်းလမ်းအားလုံးကို မလုပ်နိုင်သေးပါ။ သို့သော် သင့်ကလေး အိမ်သာအိုးထိုင်တတ်ဖို့ ကောင်းကောင်းဖွံ့ဖြိုးနေပြီလားဆိုတာကို သိရှိဖို့ အောက်ပါစာရင်းများကို ကြည့်ရှုလေ့လာရန် လိုအပ်ပါသည်။ သူတို့လေးတွေ အဆင်သင့်ဖြစ်ပြီဆိုသည်နှင့် သင်ကြားမှုကို ချက်ခြင်း စတင်လို့ ရပါပြီ။

  • သင့်ကလေး သေးခံညစ်ပေမှု အကြိမ်ရေကို မှတ်သားထားပါ။ ထိုနည်းသည် သင့်ကလေး ဘယ်အချိန်တွေနှင့် ဘယ်နှစ်ကြိမ် အိမ်သာသွားဖို့ လိုအပ်သလဲဆိုတာကို သိနိုင်ဖို့ ကူညီပေးပါသည်။
  • သင့်ကလေးကို အိမ်သာအိုးထိုင်နည်း အကြောင်းပြောပြပြီး နည်းလမ်းတွေကို ရှင်းပြပေးပါ။
  • သင့်ကလေးအိမ်သာအပေါ်တွင် စိတ်ဝင်စားမှုရှိလာအောင် အိမ်သာပတ်ဝန်းကျင်ကို လှည့်ပတ်ပြသပြီး လက်ဘယ်လိုဆေးရမယ်ဆိုတာကို သင်ကြားပေးပါ။ အချို့ကလေးများသည် ရေဆော့ရသည်ကို အလွန်နှစ်သက်ကြသည်။
  • စသင်သောနေ့တွင် သင့်ကလေးကို အရည်များများတိုက်ပါ။
  • သင့်ကလေးအိမ်သာအိုး အသုံးပြုပြီးတိုင်း တစ်နာရီအကြာတွင် အချက်ပေးသံမြည်အောင် နှိုးစက်ပေးထားပါ။ ထိုနည်းက သင်ရော သင့်ကလေးကိုပါ အိမ်သာအိုးကို သတိပြုမိစေပါသည်။
  • အိမ်သာအိုးထိုင်နည်း လေ့ကျင့်ချိန်တွင် သူတို့လေးတွေရဲ့ သေးခံကို ချွတ်ပေးထားပါ။
  • တတ်နိုင်သမျှ မြန်မြန် သူတို့လေးတွေကို အိမ်သာအစစ်နှင့် လေ့ကျင့်ပေးပါ။
  • အိမ်သာအိုးအကြီးနှင့် လေ့ကျင့်ပေးစဉ်တွင် ကလေးကို ထိန်းပေးပါ။ အဘယ်ကြောင့်ဆိုသော် သူတို့အတွက် အိမ်သာအိုးပေါ်တွင် ဟန်ချက်ထိန်းဖို့ ခက်ခဲသောကြောင့် ဖြစ်သည်။
  • သူတို့၏ စွမ်းဆောင်ချက်နှင့် အောင်မြင်မှုကို ချီးကျူးပေးပါ။
  • သင့်ကလေး အိမ်သာသွားချင်နေသလား ဘယ်လိုသိရှိနိုင်သလဲ။

    သင့်ကလေးသည် အိမ်သာသွားဖို့ လိုအပ်နေသော်လည်း နှုတ်မှ မပြောနိုင်လျှင် သင်ဘယ်လိုသိနိုင်မလဲ။ သင့်ကို ကူညီဖြေရှင်းပေးမည့် နည်းလမ်းအချို့ကို အောက်တွင် ဖော်ပြလိုက်ပါသည်။

    • လက်ဟန် ခြေဟန် အသုံးပြုပါ။ သင့်ကလေးကို ရိုးရှင်းသော လက်ဟန်ခြေဟန် အချို့ကို သင်ကြားပေးနိုင်သည်။ ထို့ကြောင့် သူတို့လေးတွေ အိမ်သာသွားဖို့ လိုအပ်ကြောင်း မပြောပြနိုင်လျှင် (သို့) အိမ်သာအိုးဆီသို့ ကိုယ်တိုင်လမ်းလျှောက်မသွားနိုင်လျှင် သူတို့ခြေဟန်လက်ဟန်ကို ကြည့်ပြီး သူတို့လိုအပ်ချက်ကို သိနိုင်ပါသည်။
    • ထိတွေ့ကိုင်တွယ်၍ ရသော သင်္ကေတ တစ်ခုခု အသုံးပြုပါ။ အကယ်၍ သင့်ကလေးသည် လက်ဟန်ခြေဟန်မသုံးတတ်လျှင် ကိုင်တွယ်၍ ရသော သင်္ကေတ ပစ္စည်း တစ်ခုခုကို အသုံးပြုကြည့်ပါ။ သူတို့လေးတွေ အိမ်သာတက်ချင်သော ဆန္ဒဖြစ်လျှင် ထိုသင်္ကေတလေးကို ကိုင်ပြဖို့ သင်ပေးထားပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. K Zin Thwe မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement