backup og meta

ကလေးကြီးထွားမှုနှေးခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 29/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးကြီးထွားမှုနှေးခြင်း

    ကလေးကြီးထွားမှုနှေးခြင်း ဆိုတာက ကလေးက အသက်တူ၊ လူမျိုးတူ၊ လိင်တူကလေးများရဲ့ ပျမ်းမျှအရပ်ကို မရောက်နိုင်ခြင်း ဖြစ်ပါတယ်။ ဒီအခြေအနေက ကျန်းမာရေး မကောင်းခြင်း၊ အာဟာရချို့တဲ့ခြင်းတို့နဲ့ ဆက်စပ်နေပါတယ်။

    ကြီးထွားမှုနှေးခြင်းက ကလေးများအပေါ်  ဘယ်လိုသက်ရောက်နိုင်သလဲ။

    ကလေးတွေက မွေးစကနေ ပထမ အသက်၅နှစ်အတွင်းမှာ အလွန်ညှက်ခြင်းက နောင်အခါမှာ ကျန်းမာရေးချို့တဲ့ပြီး သေဆုံးနိုင်ခြေကို မြင့်စေပါတယ်။ ပထမ ရက် ၁၀၀၀မှာ  အာဟာရ ချို့တဲ့ခြင်းက ကလေးရဲ့ ပညာရေးကို ထိခိုက်နိုင်ပြီး ကိုယ်အလေးချိန်ကျခြင်း၊ ညဏ်ရည်မကောင်းခြင်း၊ အရွယ်ရလာတဲ့အခါ အလုပ်ရနိုင်ချေ နည်းခြင်း၊ ဝင်ငွေနည်းခြင်း စတာတွေအထိ သက်ရောက်မှု ဖြစ်စေပါတယ်။ တွေ့ရှိချက်များအရ ကြီးထွားမှုနှေးတဲ့ ကလေးများက အသက်ငယ်ရွယ်စဉ်မှာပဲ သေဆုံးတတ်ကြပါတယ်။

    ဘယ်အရာတွေက ကလေးကြီးထွားမှုနှေးခြင်း ကို ဖြစ်စေပါသလဲ။ 

    လေ့လာမှုများအရ ကလေးကြီးထွားမှုနှေးခြင်း ကို ဖြစ်စေတဲ့ အဓိကအချက်တွေကတော့-

    • အမေ့ဗိုက်ထဲမှာတည်းက ကလေးက ညှက်နေခြင်း
    • လမစေ့မီ မွေးဖွားခြင်း
    • မိခင် အာဟာရချို့တဲ့ခြင်း
    • မိခင်မှာ ရောဂါပိုးကူးစက်ခြင်း
    • ကလေးငယ် အာဟာရချို့တဲ့ခြင်း
    • ကလေးမှာ ရောဂါပိုးကူးစက်ခြင်း ( အဆုတ်ရောင်ရောဂါ၊ အသည်းရောင််ရောဂါ၊ တုပ်ကွေး)
    • ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ်ဝန်ဆောင်ခြင်း
    • ကိုယ်ဝန်တစ်ခုနဲ့ တစ်ခု နီးကပ်ခြင်း
    • မိခင် သို့မဟုတ် ကလေးငယ်မှာ အာဟာရချို့တဲ့ခြင်းကို ဖြစ်စေတဲ့ နာတာရှည် ရောဂါများရှိခြင်း တို့ ဖြစ်ပါတယ်။

    ကလေးကြီးထွားမှုနှေးခြင်း ကို ဘယ်လိုကာကွယ်မလဲ။

    အောက်ဖော်ပြပါ အချက်အချို့ကို လိုက်နာခြင်းဖြင့် သင့်ကလေးရဲ့ ကြီးထွားမှုနှေးခြင်း ဖြစ်နိုင်ခြေကို လျော့ချနိုင် ပါသည်။

    • ရောဂါတစ်ခုခုကြောင့် ကလေးက အာဟာရချို့တဲ့တယ်ဆိုရင် ရောဂါအခံကို မြန်မြန်ဆန်ဆန် ကုသဖို့ လိုပါတယ်။
    • သင့်ကလေးကို ပထမ ၆လမှာ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးပါ။ ၆လကျော်တဲ့အခါ တဖြည်းဖြည်း ဖြည့်စွက်စာ ပြောင်းကျွေးပြီး နောက်ဆုံးမှာ အစာမာများ ကျွေးနိုင်ပါတယ်။ သင့်ကလေးကို အစာအုပ်စု စုံလင်အောင် ကျွေးပါ။ မျှတတဲ့ အစားအစာနဲ့ ပုံမှန်လေ့ကျင့် ခန်းလုပ်ခြင်းက သင့်ကလေး ကျန်းမာရေးအတွက် သော့ချက်ဖြစ်ပါတယ်။
    • အမျှင်ဓာတ်ကိုလည်း မမေ့ပါနဲ့။ အမျှင်ဓာတ်က အစာခြေစနစ်ကို ကျန်းမာစေပြီး အူရှိ ဘက်တီးရီးယားများကို ကျန်းမာစေပါတယ်။
    • သင့်ကလေးကို ဖော်မြူလာနို့ တိုက်ကျွေးပါက အညွှန်းအတိုင်း ဖျော်ပါ။ နို့မှုန့်ပိုထည့်ခြင်း၊ ရေပိုရောခြင်းက အာဟာရဓာတ်ကို ပျက်စေနိုင်ပါတယ်။
    • ဆရာဝန်ညွှန်ကြားချက်မရှိဘဲ ပိုးသတ်ဆေးများ မတိုက်ပါနဲ့။ ပိုးသတ်ဆေးတွေကအူထဲက ကောင်းတဲ့ ဘတ်တီးရီးယားတွေကိုရော ရောဂါဖြစ်စေတဲ့ ဘတ်တီးရီးယားများကိုပါ ရှင်းပစ်တာကြောင့် ကလေးရဲ့ အူလမ်းကြောင်း ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ကလေးကြီးထွားဖို့ဆို ကျန်းမာတဲ့ အစာခြေစနစ်ရှိဖို့ လိုတယ်မလား။
    • သင့်ကလေးရဲ့ ကိုယ်အလေးချိန်၊ အရပ် သို့မဟုတ် အထွေထွေ ကျန်းမာရေးနဲ့ ပတ်သက်ပြီး တစ်ခုခုမှားနေတယ်လို့ ထင်ပါက ဆရာဝန်နဲ့ သွားရောက်ပြသပါ။ ဆရာဝန်က သင့်ကလေးရဲ့ ဖွံဖြိုးမှုကို စောင့်ကြည့်ပြီး လိုအပ်တဲ့ ကုသမှုတွေ ပေးပါလိမ့်မယ်။

    ကလေးတွေမှာ ကြီးထွားမှု နှေးတာက အဖြစ်များတဲ့ ပြဿနာပါ။ အများစုက အာဟာရချို့တဲ့လို့ ဆိုပေမဲ့ တချို့တွေမှာတော့ ရောဂါအခံကြောင့်လည်း ဖြစ်နေနိုင်ပါတယ်။ ကြီးထွားမှု ‌‌နှေးခြင်းက ကလေးတွေမှာ ကျန်းမာရေးပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဘယ်လိုအကြောင်းကြောင့်ပဲ ကလေးက ညှက်နေပါစေ။ အကြောင်းရင်းကို ရှာဖွေပြီး ကုသဖို့၊ ကလေးကို ပုံမှန်အတိုင်း ကြီးထွားအောင် ကူညီပေးဖို့လိုပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 29/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement