backup og meta

ကမ္ဘာအဝှမ်းသတ်မှတ်ထားသည့် ထူးခြားလိင်စိတ်မျိုးကွဲ (၄၆) မျိုး


Ye Myo Myat မှ ရေးသားသည်။ · 08/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကမ္ဘာအဝှမ်းသတ်မှတ်ထားသည့် ထူးခြားလိင်စိတ်မျိုးကွဲ (၄၆) မျိုး

    ထူးခြားလိင်စိတ် (Sexual Fetish) တွေဆိုတာ လူတစ်ယောက်မှာရှိတဲ့ လိင်စိတ်ဆန္ဒကို ဖြစ်စေတဲ့ သို့မဟုတ် နှိုးဆွပေးနိုင်တဲ့ စိတ်ဆန္ဒကို ဆိုလိုပါတယ်။ လိင်အင်္ဂါ သို့မဟုတ် လိင်အင်္ဂါမဟုတ်တဲ့ အခြားသော ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကို နှစ်ခြိုက်ပြီး လိင်စိတ်ဖြစ်ပေါ်တာ သို့မဟုတ် ရုပ်ဝတ္ထု၊ အရာဝတ္ထု၊ အတွေးပုံရိပ်တစ်ခုခုပေါ် အခြေခံ၍ လိင်စိတ်ဆန္ဒဖြစ်ပေါ်လာခြင်း စတာတွေသည် ထူးခြားလိင်စိတ်မျိုးပဲ ဖြစ်ပါတယ်။

    ဒီဆောင်းပါးမှာတော့ ခေတ်လူငယ်တွေရော၊ လူကြီးတွေပါ ဗဟုသုတအနေနဲ့ မှတ်ထားသင့်တဲ့ ထူးခြားလိင်စိတ်မျိုးကွဲ (Fetish) ၄၆ မျိုးကို ဆိုလိုရင်းနဲ့တကွ ဖော်ပြပေးလိုက်ပါတယ်။ ထူးခြားလိင်စိတ်များနှင့် ပတ်သက်ပြီး လက်ရှိအချိန်ထိ လူမှုပတ်ဝန်းကျင်အသိုင်းအဝိုင်းက ရှက်ရွံ့စရာကောင်းတယ်၊ စိတ်ဖောက်လွဲဖောက်ပြန် ဖြစ်နေတာဆိုပြီး သတ်မှတ်ထားကြဆဲပါ။

    အထူးသဖြင့် အခုပြောပြမယ့် ထူးခြားလိင်စိတ်များထဲတွင် ပုံမှန်တွေ့နေကျဖြစ်သော လိင်စိတ်များ၊ လူပျို၊ အပျိုဖြစ်စဉ်က စပ်စုလိုစိတ်ဖြစ်ခဲ့မိသည်များ၊ လူမှုပတ်ဝန်းကျင်က ရှုံ့ချထားသည်များ၊ တရားဥပဒေအရ မညီညွတ်သည်များ၊ ရွံစရာကောင်းသည်၊ ထူးဆန်းစရာကောင်းသည် အစရှိသဖြင့် ပါဝင်ပါတယ်။

    • Acrotomophilia = ခြေလက်ဖြတ်ထားသူအပေါ် လိင်စိတ်ဖြစ်ခြင်း
    • Actirasty = နေရောင်ခြည်ထွက်လာတဲ့အခါ လိင်စိတ်ဖြစ်ခြင်း
    • Agalmatophilia = ရုပ်ထုများအပေါ် လိင်စိတ်ဖြစ်ခြင်း
    • Anasteemaphilia = အရပ်အမောင်း ကွာခြားလွန်းသူ (ဥပမာ – ကိုယ့်အရပ်ထက် ရှည်လွန်းသူ၊ ပူလွန်းသူ၊ လူကောင်းကြီးလွန်းသူ၊ လူကောင်းသေးလွန်းသူ) အပေါ် လိင်စိတ်ဖြစ်ခြင်း
    • Apotemnophilia = မိမိကိုယ်ကို ခြေလက်ဖြတ်ခံထားရသည်ဟု မြင်ယောင်ပြီး လိင်စိတ်ဖြစ်ခြင်း
    • Autogynephilia = အမျိုးသားတစ်ဦးက မိမိကိုယ်ကို ဆန့်ကျင်ဘက်လိင် အမျိုးသမီးအဖြစ် မြင်ယောင်ပြီး လိင်စိတ်ဖြစ်ခြင်း
    • Autoplushophilia = မိမိကိုယ်ကို ကာတွန်းရုပ် တိရစ္ဆာန်များကဲ့သို့ အဝတ်အစားများ ဝင်ဆင်ပြီး လိင်စိတ်ဖြစ်ခြင်း
    • Chasmohphilia = လိုဏ်ဂူ၊ တောင်ကြားကဲ့သို့ မြေနေရာများအပေါ် လိင်စိတ်ဖြစ်ခြင်း
    • Climacophilia = လှေကားအောက်သို့ ပြုတ်ကျသည့်အခါ နာကျင်ရမည့်အစား လိင်စိတ်ဖြစ်ခြင်း
    • Coprophilia = မစင်များနှင့် ပတ်သက်ပြီး လိင်စိတ်ဖြစ်ခြင်း
    • Ephebophilia = အသက်မပြည့်သေးသော ဆယ်ကျော်သက်အရွယ်များ (၁၅ နှစ်မှ ၁၉ နှစ်အတွင်း) အပေါ် လိင်စိတ်ဖြစ်ခြင်း
    • Exhibitionism = လူမြင်ကွင်းတွင် မိမိ၏ လိင်အင်္ဂါများကို ပြသလိုသည့် လိင်စိတ်ဖြစ်ခြင်း
    • Fetishism = မိမိသဘောကျသူနှင့် ထိတွေ့ခဲ့သော ပစ္စည်းများအပေါ် လိင်စိတ်ဖြစ်ခြင်း
    • Formicophilia = အင်းဆက်ပိုးကောင်းများကို လိင်စိတ်ဖြစ်ခြင်း
    • Frotteurism = လူထူထပ်သော နေရာများတွင် သူစိမ်းတစ်ယောက်၏ လိင်အင်္ဂါဟာ မသိမသာ ထိကိုင်ခြင်း
    • Gerontophilia = ဘိုးဘွားအရွယ် အသက်ကြီးပိုင်းများကို လိင်စိတ်ဖြစ်ခြင်း
    • Hebephilia = လူပျို၊ အပျိုဖြစ်ကာစ အသက် ၁၁ နှစ်မှ ၁၄ နှစ်အတွင်း ကလေးများအပေါ် လိင်စိတ်ဖြစ်ခြင်း
    • Katoptronophilia = မှန်ရှေ့တွင် လိင်ဆက်ဆံရခြင်းကို သဘောကျခြင်း
    • Knismolagnia = ယားယံခြင်းနှင့် ပတ်သက်ပြီး လိင်စိတ်ဖြစ်ခြင်း
    • Lithophilia = ကျောက်တုံး၊ ကျောက်စရစ်ခဲများအပေါ် လိင်စိတ်ဖြစ်ခြင်း
    • Masochism = တစ်စုံတစ်ယောက်က မိမိအား ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နာကျင်စေခြင်း၊ စော်ကားခြင်းကို လိင်စိတ်ဖြစ်ခြင်း
    • Melissaphilia = ပျားပိတုန်းများကို လိင်စိတ်ဖြစ်ခြင်း
    • Nasolingus = လူတစ်ယောက်၏ နှာခေါင်းကို ပါးစပ်ဖြင့်စုပ်ယူခြင်းကို သဘောကျခြင်း
    • Nebulophilia = မြူနှင်းများကို လိင်စိတ်ဖြစ်ခြင်း
    • Necrophilia = လူသေအလောင်းများကို လိင်စိတ်ဖြစ်ခြင်း
    • Objectophilia = Fetishism နှင့် ကွဲပြားခြားနားသည့် သတ်မှတ်ပစ္စည်းတစ်ခုအပေါ် လိင်စိတ်ဖြစ်ခြင်း
    • Partialism = လိင်အင်္ဂါမဟုတ်သည့် လူတစ်ယောက်ခန္ဓာကိုယ်အစိတ်အပိုင်းများကို သဘောကျခြင်း
    • Pedophilia = အသက်ငယ်သေးသည့် ကလေးများကို လိင်စိတ်ဖြစ်ခြင်း
    • Podophilia = ခြေထောက်နှင့် ပတ်သက်ပြီး လိင်စိတ်ဖြစ်ခြင်း
    • Psellismophilia = စကားထစ်ခြင်းနှင့် ပတ်သက်ပြီး လိင်စိတ်ဖြစ်ခြင်း
    • Psychrophilia = မိမိကိုယ်ကို အေးစိမ့်နေခြင်း သို့မဟုတ် ချမ်းနေသည့်အခြားသူများကို ကြည့်ပြီး လိင်စိတ်ဖြစ်ခြင်း
    • Pteronphilia = ငှက်မွေးများဖြင့် ကလိထိုးခံရပြီး ယားယံခြင်းအပေါ် လိင်စိတ်ဖြစ်ခြင်း
    • Pubephilia = ဆီးခုံမွေးများကို လိင်စိတ်ဖြစ်ခြင်း
    • Pygophilia = တင်ပါးကို လိင်စိတ်ဖြစ်ခြင်း
    • Sadism = မိမိက ဆက်ဆံဖော်အား ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နာကျင်စေခြင်း၊ စော်ကားခြင်းကို ကြိုက်နှစ်သက်ခြင်း
    • Savantophilia = ဦးနှောက်ဉာဏ်ရည် ဖောက်ပြန်သူ သို့မဟုတ် ဖွံ့ဖြိုးမှုနှေးကွေးသူများအား ကြိုက်နှစ်သက်ခြင်း
    • Stygiophilia = ငရဲပြည် သို့မဟုတ် ငရဲမီးများအကြောင်း မြင်ယောင်တွေးကြည့်ပြီး လိင်စိတ်ဖြစ်ပေါ်ခြင်း
    • Teleiophilia = ရင့်ကျက်ပြီး လူရွယ်များကိုသာ လိင်စိတ်ဖြစ်ခြင်း
    • Teratophilia = ကိုယ်လက်အင်္ဂါ၊ ရုပ်ဆင်းသဏ္ဍာန် ပုံပျက်နေသူများ၊ မကောင်းဆိုးဝါးများကို လိင်စိတ်ဖြစ်ခြင်း
    • Titillagnia = အခြားသူများကို ယားယံအောင်လုပ်ပြီး လိင်စိတ်ဖြစ်ခြင်း
    • Transvestic Fetishism = အမျိုးသားတစ်ဦးအနေဖြင့် အမျိုးသမီး၏ အဝတ်အစားများ၊ အတွင်းခံများကို ဝတ်ဆင်ပြီး လိင်စိတ်ဖြစ်ခြင်း
    • Urophilia = ဆီးသွားခြင်း၊ အခြားသူအပေါ် ဆီးသွားခြင်းနှင့် ဆီးနဲ့ ပတ်သက်ပြီး လိင်စိတ်ဖြစ်ခြင်း
    • Vorarephilia = အခြားသူတစ်ဦး၏ ကိုယ်လက်အစိတ်အပိုင်းများကို စားသုံးပြီး လိင်စိတ်ဖြစ်ခြင်း
    • Voyeurism = အခြားသူများ အဝတ်မဲ့နေစဉ်၊ ရေချိုးနေစဉ်၊ လိင်ဆက်ဆံနေစဉ် ချောင်းကြည့်ပြီး လိင်စိတ်ဖြစ်ခြင်း
    • Xylophilia = သစ်သားများကို လိင်စိတ်ဖြစ်ခြင်း
    • Zoophilia = တိရစ္ဆာန်များနှင့် လိင်ဆက်ဆံလိုသည့် စိတ်ဖြစ်ခြင်း

    များသောအားဖြင့် လိင်စိတ်နဲ့ ပတ်သက်ပြီး ကိုယ့်မှာရှိတယ်လို့ ကိုယ်တိုင်သိထားတဲ့သူတွေရော၊ လုံးဝမရှိတဲ့သူတွေရော၊ ရှိတယ်လို့ လက်မခံထားတာရော ဖြစ်နိုင်ပါတယ်။ ထူးခြားလိင်စိတ်အများစုဟာလည်း ပုံမှန်လိင်ဆက်ဆံသလိုပါပဲ၊ နှစ်ဦးသဘောတူ လက်ခံထားခြင်းရှိမှ ထိုလိင်စိတ်များအတိုင်း လုပ်တာ ပိုအဆင်ပြေပြီး တစ်ဖက်သား၏ လက်ခံသဘောတူမှု မပါဝင်ဘဲ မိမိသဘောဖြင့် တဇွတ်ထိုးလုပ်တာကတော့ မုဒိန်းမှုမြောက်နိုင်တယ်ဆိုတာ သိထားဖို့ လိုပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 08/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement