backup og meta

နို့တိုက်ခြင်းက ရာသီစက်ဝန်းအပေါ် ဘယ်လိုသက်ရောက်မှုရှိလဲ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 04/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နို့တိုက်ခြင်းက ရာသီစက်ဝန်းအပေါ် ဘယ်လိုသက်ရောက်မှုရှိလဲ။ ။

    ကြားဖူးကြတာ ရှိမှာပါ။ ကလေးမွေးပြီး နို့တိုက်လို့ရင် တားဆေးတွေ သောက်စရာမလိုဘူး။ ကိုယ်ဝန်တားပြီးသား ဖြစ်တယ်ဆိုတဲ့ စကားလေးတွေ။ ဒါအမှန်ပဲလား။ နို့တိုက်ခြင်းက ဘာ့ကြောင့် ကိုယ်ဝန်ကို တားပေးတာလဲ။ ရာသီစက်ဝန်း နဲ့ သန္ဓေအောင်နိုင်စွမ်းအပေါ် သက်ရောက်မှု ရှိလို့လား။ ဒီတစ်ခေါက်တော့ နို့တိုက်မိခင်တိုင်း သိချင်နေလောက်မယ့် နို့တိုက်ခြင်းက ရာသီစက်ဝန်းအပေါ် ဘယ်လိုသက်ရောက်မှုရှိလဲ။ ။ ဆိုတာလေးကို ဆွေးနွေးပေးသွားပါမယ်။

    နို့တိုက်ခြင်းက ရာသီစက်ဝန်းအပေါ် ဘယ်လိုသက်ရောက်မှုရှိလဲ။ ။

    နို့တိုက်ခြင်းက ရာသီစက်ဝန်းကို နောက်ကျစေနိုင်တဲ့ အာနိသင် ရှိပါတယ်။ ကလေးမွေးပြီး နို့တိုက်တဲ့အခါ ရာသီစက်ဝန်း ၉ လအထိတောင် နောက်ကျတတ်ပါတယ်။ တစ်ချို့ဆို ကလေး တစ်နှစ်ပြည့်ပြီးတဲ့အထိတောင် ရာသီပြန်မလာတတ်တာမျိုး ရှိသလို တချို့ကကျတော့လည်း ရာသီ မမှန်တာမျိုးတွေ ရှိတတ်ပါတယ်။ ဘာ့ကြောင့်လဲ ။

    နို့တိုက်ခြင်းက ရာသီစက်ဝန်းကို ဘာကြောင့်နောက်ကျစေတာလဲ။

    ဒါတွေအားလုံးရဲ့ တရားခံဆိုရင်တော့ ဟော်မုန်းအပြောင်းအလဲတွေကို အပြစ်တင်ရမှာပါပဲ။

    မီးဖွားပြီးနောက်ပိုင်း ပြောင်းလဲလာတဲ့ ဟော်မုန်းနဲ့ နို့တိုက်ခြင်း

    ကိုယ်ဝန်ဆောင်တည်းက ပြောင်းလဲခဲ့တဲ့ ဟော်မုန်း တွေဟာ မီးဖွားပြီးနောက်ပိုင်း နို့တိုက်တဲ့အချိန်အထိပါ ဆက်ရှိနေမှာ ဖြစ်ပါတယ်။ အထူးသဖြင့် နို့များများထွက်အောင် လှုံ့ဆော်ပေးတဲ့ Prolactin ဟော်မုန်းက ရာသီစက်ဝန်း အပြောင်အလဲကို အဓိက ဖြစ်စေတယ်လို့ ဆိုရမှာပါပဲ။

    • Prolactin ဟော်မုန်းဟာ ရာသီစက်ဝန်းကို ရပ်တန့်စေတတ်သလို
    • နို့တိုက်နေသရွေ့ ဒီ Prolactinis ဟော်မုန်းများနေမှာ ဖြစ်တာကြောင့် နို့တိုက်နေတဲ့ ကာလပတ်လုံး ရာသီလုံးဝမလာတာ၊ ရာသီသွေး နည်းနည်းလေးပဲ ဆင်းတာမျိုးတွေ ကြုံရပါလိမ့်မယ်။
    • နောက်ပိုင်း ဖြည့်စွက်စာစစားတဲ့ အရွယ်ရောက်တဲ့အချိန် နို့တဖြည်းဖြည်းချင်းဖြတ်တော့မှ Prolactinis ဟော်မုန်းလျော့ကျသွားပြီး နောက်ပိုင်း ရာသီပြန်လာပါလိမ့်မယ်။

    နို့တိုက်တဲ့အချိန်မှာ ရာသီလာနေရင်ရော

    အများစုက နို့တိုက်တဲ့အချိန် ရာသီမလာတတ်တဲ့သူတွေ ဖြစ်တယ်ဆိုပေမယ့် တချို့ လာတဲ့သူတွေလည်း ရှိပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက်က မတူဘူးမလား။ ဒီလို နို့တိုက်နေတဲ့အချိန် ရာသီလာတဲ့အခါ

    • ကလေးက နို့သိပ်မသောက်တော့တာကို တွေ့ရပါလိမ့်မယ်။ ဒါက ရာသီလာတဲ့အရှိန်ကြောင့် ထွက်နေတဲ့နို့ အရသာပြောင်းသွားတာကြောင့်ပါ။
    • နောက်ပြီး ရာသီလာတယ်ဆိုတည်းက Prolactinis ဟော်မုန်းနည်းနေတာကို ပြနေတာပါ။ ဒီလို နို့ထွက်များအောင်လုပ်ပေးတဲ့ Prolactinis ဟော်မုန်းနည်းသွားပြီဆိုတည်းက နို့ထွက်လည်း နည်းသွားပါလိမ့်မယ်။

    ဘယ်အချိန်ရာသီစက်ဝန်းက ပုံမှန် ပြန်ဖြစ်မှာလဲ။

    မီးဖွားပြီးချိန် နို့တိုက်ပြီးချိန် ဘယ်တော့လောက်မှ ရာသီစက်ဝန်း ပုံမှန် ပြန်ဖြစ်မလဲဆိုတာ လူတစ်ယောက်နဲ့ တစ်ယောက် မတူပါဘူး။ အနည်းဆုံး ၆လကနေ အများဆုံး ၂နှစ်လောက်မထိ ကြာသွားတတ်ပါတယ်။

    တစ်ခုမှတ်ထားရမှာက ရာသီ မလာတိုင်း သားဥမကြွေဘူးဆိုတာတော့မဟုတ်ပါဘူး။ တချို့အမှတ်မှားနေကြတာက နို့တိုက်နေတဲအချိန် ရာသီမလာတဲ့အတွက် သားဥမကြွေဘူး ကိုယ်ဝန် လုံးဝ မရနိုင်ဘူးလို့ ထင်နေတတ်ကြပါတယ်။ ကိုယ်ဝန် မရနိုင်ဖို့ အလားအလာများပေမယ့် ထတစ်ချကြီး အာမခံလို့တော့ မရပါဘူး။

    နောက်ဆုံးပြောချင်တာကတော့ နို့တိုက်နေတဲ့ကာလတော်တော်များများမှာ ရာသီစက်ဝန်း မမှန်တာရှိတတ်ပြီး နို့မတိုက်ခဲ့ရင်တော့ မီးဖွားပြီး ၁ လလောက်ကြာတာနဲ့ ရာသီပြန်ပေါ်မှာ ဖြစ်ပါတယ်။ နို့လည်း မတိုက်ဘူး နောက်ထပ်ကိုယ်ဝန်လည်း မရသေးဘဲနဲ့ ရာသီ မမှန်ဘူးဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 04/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement