backup og meta

ကလေးများကို နို့ဖြတ်ချိန်တွင် မိခင်များသည် မည်သည့်အရာများကို စဉ်းစားချင့်ချိန်ရပါသလဲ


Dr. K Zin Thwe မှ ရေးသားသည်။ · 03/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးများကို နို့ဖြတ်ချိန်တွင် မိခင်များသည် မည်သည့်အရာများကို စဉ်းစားချင့်ချိန်ရပါသလဲ

    ကလေးများကို နို့ဖြတ်ရန် ဆုံးဖြတ်ချက်သည် မိခင်အချို့အဖို့ ဆုံးဖြတ်ရန် လွယ်ကူသော်လည်း အများစုသည် ခက်ခဲကြပါသည်။ နို့ဖြတ်ခြင်းသည် အချိန်ကာလတစ်ခု၏ အဆုံးသတ်ဖြစ်သကဲ့သို့ နောက်ထပ် အချိန်ကာလတစ်ခု၏ အစလည်းဖြစ်ပါသည်။ နို့ဖြတ်ချိန်တွင် င့်ကလေးသည် မိခင်နို့အပြင် အခြားသော အစားအစာများမဇှ အာဟာရများကို စတင်မှီဝဲရချိန်လည်းဖြစ်သောကြောင့် ထိုအချိန်တွင် မိခင်များအနေနှင့် စိုးရိမ်ပူပန်မှုများရှိနေနိုင်ပါသည်။ ယခုဆောင်းပါးသည် မိခင်များအတွက် ကလေးအားနို့ဖြတ်ချိန်တွင် ဆုံးဖြတ်ချက်များကို မှန်ကန်စွာ ချနိုင်စေရန် ကူညီပေးပါလိမ့်မည်။

    ဘယ်အချိန်မှာ စပြီး နို့ဖြတ်သင့်သလဲ။

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် အမေရိကန်ရှိ ကလေးကျန်းမာရေးအဖွဲ့များ၏ ထုတ်ပြန်ချက်အရ ကလေးများသည် အသက် ၁ နှစ်အထိ မိခင်နို့သောက်သုံးသင့်ပါသည်ဟု ဆိုပါသည်။ သို့သော် ကလေးများသည် အရွယ်အမျိုးမျိုးတွင် နို့ဖြတ်ဖို့ အချိန်ကျရောက်တတ်ကြကြောင်း တွေ့ရပါသည်။ အချို့ကလေးများသည် ၁၈ လတွင် နို့ဖြတ်ပြီး အချို့သည် ၂ နှစ်မှ ၄ နှစ်အတွင်း နို့ပြတ်ကြကြောင်း တွေ့ရပါသည်။ နို့ဖြတ်ခြင်းသည် မိခင်နှင့်ကလေး၏ ဆက်သွယ်မှုကို ဖြတ်လိုက်ခြင်းမျိုးမဟုတ်ဘဲ ဆက်သွယ်မှုပုံစံပြောင်းသွားခြင်းမျိုးသာဖြစ်ပါသည်။

    အမေရိကန်ရှိ ကလေးကျန်းမာရေးအဖွဲ့သည် ကလေးများကို အနည်းဆုံးအသက် ၁ နှစ်အထိ မိခင်နို့်တိုက်ရန်နှင့် ကလေးက စို့ချင်သေးပါက ဆက်တိုက်ရန် အားပေးထားပါသည်။ သင့်မိတ်ဆွေများ၊ ဆွေမျိုးများက မည်သို့ပင် အကြံပေးစေကာမူ သင်ကိုယ်တိုင်ကလျှင် ကလေးကို နို့ဖြတ်ရန် ဆုံးဖြတ်ချက်ချရမည်ဖြစ်ပါသည်။ သင့်အနေဖြင့် သင်ကိုယ်တိုင်က နို့စဖြတ်ခြင်း သို့မဟုတ် သင့်ကလေးက နို့ပြတ်သွားသည့်အချိန်ကို စောင့်ခြင်း စသည့်ရွေးချယ်မှုကို ပြုလုပ်နိုင်ပါသည်။

    သင့်ကလေးသည် အသက် ၄ လမှ ၆ လခန့်တွင် နို့တိုက်ခြင်းကို စိတ်မဝင်စားတော့သည်လည်း ဖြစ်နိုင်ပါသည်။ အချို့ကလေးများသည် အစာမာများကို အသက် ၁၂လ ခန့်တွင် စပြီး စိတ်ဝင်စားလာကြပါသည်။ ခြေစမ်းပြီး သွားတတ်ကာစအရွယ်ကလေးများသည် ကြရှည်စွာထိုင်ပြီး နို့မစို့ချင်ကြတော့သည့်အတွက် သူ့အလိုလို နို့ပြတ်သွားပါသည်။ သင့်ကလေးသည် နို့မစို့ချင်တော့ကြောင်း အချို့သော လက္ခဏာများကို ကြည့်ခြင်းဖြင့် သိနိုင်ပါသည်။ ဥပမာ- နို့တိုက်ချိန်တွင် ဂျီကျခြင်း၊ စိတ်မရှည်ခြင်းတိုဖြစ်လာလျှင် သူသည် နို့ပြတ်ချင်နေပြီဖြစ်ပါသည်။

    အချို့သော အခြေအနေများတွင် မိခင်က အလုပ်ပြန်လုပ်ရမည်ဖြစ်စေ၊ မိခင်အနေဖြင့် နို့ဖြတ်သင့်ပြီဟု ယူဆသောကြောင့် ဖြစ်စေ ကလေးများကို နို့စဖြတ်ရပါသည်။ သင့်ကလေးသည် နို့ပြတ်မည့်အချိန်ရောက်သော်လည်း နို့ပြတ်မည့်လက္ခဏာ တစိုးတစိမျှ မရှိသေးလျှင်လည်း မိခင်ကပင် ကလေးအား နို့ပြတ်ရန် ကြိုးစားရသည်များရှိပါသည်။ သင့်ကလေးအား သင်ကိုယ်တိုင်နို့ဖြတ်ရသော အနေအထားတွင် သင့်ကလေး၏ နို့စို့နှုန်းအပေါ်မူတည်ပြီး စိတ်ရှည်ဖို့ လိုအပ်ပါသည်။

    ကလေးများကို နို့ဖြတ်ချိန်တွင် မိခင်များသည် မည်သည့်အရာများကို စဉ်းစားချင့်ချိန်ရပါသလဲ။

    သင့်အနေနှင့် သတိထားရမည့် အချက်မှာနို့ဖြတ်ခြင်းသည် သင့်ကလေးကို အသားကျစေရန် ရက်ပေါင်း၊ အပတ်ပေါင်း၊ လပေါင်းများစွာအထိကြာမြင့်နိုင်ပါသည်။ သင့်ကလေးကို နို့စဖြတ်သည့် အချိန်တွင် စားစရာများကို ကျွေးနိုင်ပါသည်။ သင့်ကလေး၏ အခြေအနေအပေါ်မူတည်ပြီး နို့ဖြတ်ခြင်းသည် မြန်နိုင်သလို ကြာနိုင်ပါသည်။ သို့သော် သင့်အနေနှင့် ရုတ်တရက် နို့ဖြတ်လိုက်လျှင် ရင်သားများတင်းလာခြင်း၊ ပိုးဝင်ခြင်း၊ ရင်သားတွင် အကြိတ်များဖြစ်ခြင်းတို့ဖြစ်နိုင်ပါသည်။ ထို့ပြင် ဟော်မုန်းဓါတ်များ ရုတ်တရက်ပြောင်းလဲမှုကြောင့် စိတ်ဓါတ်ကျရောဂါများလည်းဖြစ်နိုင်ပါသည်။

    ထိုသို့ ရုတ်တရက် နို့ဖြတ်လိုက်ခြင်းသည် မိခင်ကိုသာမက ကလေးကိုလည်း စိတ်ဒဏ်ရာရစေနိုင်ပါသည်။ ထို့ကြောင့် သင့်ကလေးကို အခြားသောအစာအစာများ လက်ခံနိုင်လာချိန်၊ အမေနှင့် အနီးကပ်နေပြီး နိစို့ခြင်းကို တဖြေးဖြေးပျောက်သွားချိန်အထိ တဖြေးဖြေးသား အချိန်ယူပြီး နို့ဖြတ်သင့်ပါသည်။

    နောက်ထပ်သိထားရမည့် အချက်မှာ နို့ဖြတ်မည်ဟူသော ဆုံးဖြတ်ချက်ကို ရွေးချယ်ခြင်းဖြင့် သင်သည် ကလေး၏ လိုအပ်ချက်များကို အာရုံထားရန် လိုအပ်လာချိန်လည်းဖြစ်ပါသည်။ နို့ပြတ်သွားသော အချိန်တွင် သင့်ကလေးသည် နို့အစား ဘာတွေကို စားဖိုပလိုမလဲ သင်စဉ်းစားရပေမည်။ သင်သည် နို့တိုက်ရပင်ပန်းခြင်း အကြောင်းတစ်ခုတည်းကြောင့် အလွယ်တကူ နို့ဖြတ်ရန် ဆုံးဖြတ်ခြင်းမျိုး မပြုလုပ်သင့်ပါ။

    ယင်းသို့ပြုလုပ်ခြင်းသည် သင့်ကလေးကို စိတ်ဒဏ်ရာ ရစေသလို အစားအသောက်ပုံစံများလည်း ကလေးနှင့် အဆင်မပြေဖြစ်ခြင်းများ ဖြစ်နိုင်ပါသည်။ ထိုအခြေအနေမျိုးတွင် သင်ကိုယ်တိုင်ကလည်း ထိုသို့ပြုလုပ်လိုက်ခြင်း အပေါ် မိမိကိုယ်ကို အပြစ်ရှိသလို ရှုပ်ထွေးသော အတွေးများဝင်လာခြင်းများဖြစ်လာနိုင်ပါသည်။ သင့်ကလေးကို နို့ဖြတ်ရန် ခက်ခဲသော အချိန်များတွင် သင့်မိခင် သို့မဟုတ် အမျိုးသား၏ အကူအညီကိုလည်းရယူနိုင်ပါသည်။

    အချုပ်ဆိုရသော် ကလေးကို နို့ဖြတ်ခြင်းသည် မိခင်ရောကလေးပါ ကြုံတွေ့ရင်ဆိုင်ရမည့် သဘာဝဖြစ်စဉ် တစ်ခုဖြစ်ပါသည်။ ထို့ကြောင့် သေချာစွာ စဉ်းစားချင့်ချိန်ပါ။ ဖြေးဖြေးနှင့် စိတ်ရှည်ရှည် ဆောင်ရွက်ပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. K Zin Thwe မှ ရေးသားသည်။ · 03/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement